News

POST SECTION

LATEST NEWS POST

18-Sep-2019
ကျောက်ဆည်ခရိုင် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်အုန်းကြည်က လူ့အခွင့်အရေးလှုပ်ရှားသူ အမျိုးသားတစ်ဦးကို ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် အမှုဖွင့်တရားစွဲထားမှု ယနေ့ (စက်တင်ဘာလ ၁၉ ရက်နေ့) တွင် မြစ်သားမြို့နယ်တရားရုံးက အပြီးသတ် အမိန့်ချမည်ဖြစ်သည်။
18-Sep-2019
ရွှေတောင်မြို့နယ်အတွင်းရှိ တောင်ယာမြေ ၈၀၀၀ ကျော်တွင် နေထိုင်သူများ စက်တင်ဘာလကုန် အပြီးဖယ်ရှားရမည့် သတိပေးမှုကို တရားဥပဒေနှင့်အညီ ပြန်လည်ညှိနှိုင်းမှုများ ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ပြည်ထောင်စုတိုင်းရင်းသား တောင်သူလယ်သမားများသမဂ္ဂအဖွဲ့ထံမှ သိရသည်။
18-Sep-2019
မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄၃ ဒသမ ၇၇၁ သန်းရင်းနှီးမြှုပ်နှံမည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်းလုပ်ငန်း ၁၀ ခုကို စက်တင်ဘာလ ဒုတိယအပတ်အတွင်း ခွင့်ပြုပေးလိုက်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
18-Sep-2019
ဒေသအခေါ် ဘုတ်ဖတ်ဟုခေါ်သည့် ကွမ်းသီးပင်ဖက်ကို အသုံးပြုထုတ်လုပ်ထားသည့် ထမင်းဘူး၊ ပန်းကန် အစရှိသည့် အစားအသောက်ဆိုင်ရာပစ္စည်းများကို တစ်နိုင်ငံလုံးအနှံ့ ဖြန့်ချိမည်ဖြစ်ကြောင်း ယင်းပစ္စည်းများကို ထုတ်လုပ်နေသူ ဦးသန်းဇော်ဦးက ပြောသည်။
18-Sep-2019
လူမှုကွန်ရက် စာမျက်နှာပေါ်တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဒုရဲချုပ်အောင်နိုင်သူ ရာထူးတာဝန်မှ အနားယူသွားပြီဖြစ်ကြောင်း သတင်းများထွက်ပေါ်လာမှုနှင့်ပတ်သက်၍ ကောလာဟလသတင်းများသာဖြစ်ကြောင်း ရဲတပ်ဖွဲ့၏ပြောဆိုဆိုခွင့်ရှိသူ ရဲမှူးကြီးမျိုးသူစိုးက The Voice သို့ ပြောကြားသည်။
18-Sep-2019
အင်ဒိုနီးရှားနိုင်ငံက တောမီးများကြောင့် ဒေသတွင်းနိုင်ငံများ မီးခိုးဒဏ် နှစ်စဉ် ခံရလျက်ရှိရာ မလေးရှားနိုင်ငံတွင် ကျောင်းတစ်ထောင်ကျော် ပိတ်ထားရပြီး စင်္ကာပူတွင်လည်း ဖော်မြူလာဝမ်း ကားပြိုင်ပွဲ အနေအထား မရေရာဖြစ်နေကြောင်း သတင်းများက ဆိုသည်။
18-Sep-2019
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် NLD ပါတီ၏ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်၏ ဓာတ်ပုံများပေါ်တွင် လှောင်ပြောင်သရော်သည့်စာများရေးကာ We Love Dauk Zaw ဟူသော လူမှုကွန်ရက် ဖေ့စ်ဘွတ်တွင် တင်နေကြသူများအနက်မှ အကောင့်နှစ်ခုကို NLD ပါတီ မန္တလေးတိုင်း ပြန်ကြားရေးကော်မတီ အဖွဲ့ဝင်က တရားလိုပြုလုပ်တိုင်တန်းထားကြောင်း တရားလိုထံမှ သိရသည်။
18-Sep-2019
နိုင်ငံသား စိစစ်ရေးကတ်ပြား ပျောက်ဆုံးလဲလှယ်ခြင်း၊ အသစ်ပြုလုပ်ခြင်း လုပ်ငန်းများအတွက် အဂတိတရား ကင်းရှင်းစေရန် ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောကြားသည်။
18-Sep-2019
မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် နိုင်ငံတစ်ခုတည်းမဟုတ်ဘဲ နိုင်ငံတကာ ပါဝင်မှုကို ချဲ့ထွင်နိုင်ရန် လိုအပ်ကြောင်း မြန်မာနိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ပြောသည်။
18-Sep-2019
ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့နယ် အမှတ် ၂၀ ရပ်ကွက် ဒယ်စုလမ်း ခြေတုလက်တု ပြုပြင်ရေး (မသန်စွမ်းရုံး) တွင် ခြေတုလက်တုလာရောက်ပြုပြင်သည့် ဇနီးမောင်နှံသည် ကျပ် သိန်း ၈၀ ကျော် တန်ဖိုးရှိသည့် ရွှေငွေလက်ဝတ်ရတနာများကို စက်တင်ဘာ ၁၇ ရက်နေ့ နံနက် ၃ နာရီကျော်ခန့်က ပျောက်ဆုံးခဲ့ကြောင်း တောင်ငူမြို့မရဲစခန်းမှ စုံစမ်းသိရှိရသည်။
18-Sep-2019
ယခု ၂၀၁၉ ခုနှစ်အတွက် အခြေခံစပါးဈေးနှုန်းကို အစိုးရအဖွဲ့ဖြစ်သည့် တောင်သူလယ်သမားအခွင့်အရေး ကာကွယ်ရေးနှင့် အကျိုးစီးပွားမြှင့်တင်ရေးအဖွဲ့က သတ်မှတ်ကြေညာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
18-Sep-2019
စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့နယ်တွင် ကျောင်းဆရာမတစ်ဦး၏ ဆွဲကြိုးကို ဖြတ်ယူထွက်ပြေးသည့် လူငယ်ကို စက်တင်ဘာလ ၁၇ ရက်နေ့ ကဖမ်းဆီးရမိခဲ့ကြောင်း ခန္တီးမြို့မရဲစခန်းမှ သိရသည်။
18-Sep-2019
စစ်ကိုင်းတိုင်းဒေသကြီး ၀န်းသိုမြို့နယ် မြောက်လည်ကျေးရွာအနီး ဒေါင်းမြူးချောင်းကမ်းဘေးတွင် မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲသည့် အမျိုးသားတစ်ဦး သေဆုံးသည့်ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့ကြောင်း ၀န်းသိုမြို့မရဲစခန်းမှ သိရသည်။
18-Sep-2019
ပြည်ထောင်စုအဆင့်ဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီးဝန်ကြီးချုပ်များ ခန့်အပ်မည့် နေရာအတွက် ကန့်သတ်ချက်များပါသည့် အခြေခံဥပဒေပါ ပုဒ်မနှစ်ခုကို ဖြည့်စွက်ရန် တပ်မတော်က ပြင်ဆင်ချက်တင်သွင်း လိုက်သည့်အပြင် ဆက်လက်တင်သွင်းမည့် ခြေ/ဥ ပြင်ဆင်ရေးမူကြမ်း ကျန်ရှိနေသေးကြောင်း တပ်မတော်က ပြောကြားလိုက်သည်။
18-Sep-2019
ရန်ကင်းကလေးဆေးရုံကြီး၊ ဆီးနှင့် ကျောက်ကပ်ဌာန၊ စင်္ကြန်လျှောက်လမ်းနှင့် လူနာဆောင်များတွင် ကလေးငယ်များ စိတ်ပျော်ရွှင်မှု ရရှိစေရန် ကျပ်သိန်း ၃၆၀ နီးပါးတန်ဖိုးရှိ Wallpaper နှင့် Sticker များကပ်၍ လှူဒါန်းခဲ့ကြောင်း ယင်းဆေးရုံကြီး၏ ဆေးရုံအုပ်ကြီး ဒေါက်တာမြင့်မြင့်ခိုင်က ပြောကြားသည်။