News

POST SECTION

LATEST NEWS POST

25-Jan-2017
ပြည်ပသို့တင်ပို့မည့် တရားမဝင် ကျွန်းသစ်များပါရှိသည့် ကုန်သေတ္တာ(ကွန်တိန်နာ) နှစ်လုံးကို ဇန်နဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က ရန်ကုန်ဆိပ်ကမ်းအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ညီညီကျော်က ပြောကြားသည်။
24-Jan-2017
ကမ္ဘာကြီး၏ ဂလိုဘယ်လိုက်ဇေးရှင်း၊ ဒီဂျစ်တယ် ခေတ်ပြောင်းခြင်းတို့၏ စိန်ခေါ်မှုများကို ပေါ်ပြူလာဝါဒ၊ အစွန်းရောက်မှုနှင့် သီးခြားနေခြင်းတို့က ဖြေရှင်းနိုင်မည် မဟုတ်ဘဲ ပွင့်လင်းမှုကသာ ဖြေရှင်းနိုင်လိမ့်မည်ဟု ဂျာမနီ၏ အဓိပတိ အင်ဂလာ မာကယ်လ်က သတိပေးသွားကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။
24-Jan-2017
နိုင်ငံအတွင်း လတ်တလော ရင်ဆိုင်နေရသော လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုများ၊ ပြည်သူလူထု၏ လူမှုစီးပွားဘဝ လုံခြုံမှုနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့်ပတ်သက်၍ ဖွဲ့စည်းပုံအရ ပြဋ္ဌာန်းထားသော အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ)ကသာ ဖြေရှင်းဆောင်ရွက်ရန် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အပါအဝင် နိုင်ငံရေးပါတီ ၁၅ ပါတီက စုပေါင်း တောင်းဆိုလိုက်သည်။
24-Jan-2017
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် ဇုန်နယ်နိမိတ်များကို ပြင်ဆင် သတ်မှတ်မည်ဖြစ်ရာ အများပြည်သူ လက်ခံနိုင်သည့် ဇုန်ဖြစ်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။
24-Jan-2017
ရန်ကုန် တိုင်းဒေသကြီးတွင် အရွယ် မရောက်ဘဲ စွန့်ပစ်ခံရသော ကလေးငယ်များ တစ်လလျှင် နှစ်ဦးနှင့် သုံးဦးကြား ပုံမှန်ရှိပြီး ခေါ်ယူကျွေးမွေး စောင့်ရှောက်နေရကြောင်း လူမှုဝန်ထမ်း ဦးစီးဌာနထံမှ သိရှိရသည်။
24-Jan-2017
အစိုးရနှင့် တွေ့ဆုံညှိနှိုင်းသည့် ဆွေးနွေးပွဲများတွင် တန်းတူညီမျှပြီး တရားမျှတမှု ရှိရေးအတွက် တရုတ်အစိုးရက ဆက်လက် ရပ်တည်ပေးသွားရန် မြောက်ပိုင်းမဟာမိတ်အဖွဲ့က ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။
24-Jan-2017
ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာရှိ စစ်ရှောင်စခန်းများသို့ ထပ်မံ ရောက်ရှိလာသော စစ်ဘေးရှောင် မိသားစုများ နေထိုင်ရန် အဆောက်အအုံ နေရာမလုံလောက်သည့် အခက်အခဲများ ရှိနေကြောင်း ယင်း စစ်ဘေးရှောင်သူများထံမှ သိရသည်။ အ
24-Jan-2017
ယာဉ်အိုယာဉ်ဟောင်း အစားထိုး မော်တော်ယာဉ် တင်သွင်းခွင့်ဖြင့်(စလစ်ကပ်ယာဉ်) တင်သွင်းခွင့်ပြုသည့် မော်တော်ယာဉ်များကို ဝင်ငွေခွန် ကောက်ခံရန် စီစဉ်လျက်ရှိကြောင်း ယင်းမူဝါဒ ရေးဆွဲရာတွင် ပါဝင်သည့် ဌာနဆိုင်ရာများနှင့် နီးစပ်သည့် အသိုင်းအဝိုင်းထံမှ စုံစမ်း သိရှိရသည်။
24-Jan-2017
မန်ယူတိုက်စစ်မှူး ရူနီနှင့် အကျိုးတူပူးပေါင်းရေး စပွန်ဆာစာချုပ် ချုပ်ဆိုထားသည့် အားကစား အသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေး လုပ်ငန်းစု နီကီသည် မန်ယူအသင်း သမိုင်းကြောင်းတစ်လျှောက် ဂိုးအများဆုံးသွင်းယူရရှိသူ ကစားသမားအဖြစ် ရူနီ စံချိန်သစ်တင်ရှိလိုက်နိုင်ခြင်းကို မန်ယူအသင်း ခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ပိုင်ဆိုင်သည့် Hotel Football ရှေ့မျက်နှာစာတွင် စာတမ်းချိတ်ဆွဲ ဂုဏ်ပြုလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။
24-Jan-2017
အားကစားကလောင်ရှင်များ အစည်းအရုံး(FWA)သည် မန်ယူတိုက်စစ်မှူး ရူနီကို ကစားသမားဘ၀ ဖြတ်သန်းမှုအတွင်း ၎င်းစွမ်းဆောင်ခဲ့သော အောင်မြင်မှုများအတွက် အထူးဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်လိုက်ကြောင်း Sky Sports က ဖော်ပြထားသည်။
24-Jan-2017
ဗြိတိန်အစိုးရ၏ ဥရောပသမဂ္ဂမှ ခွဲထွက်ရေး (ဘရိတ်ဇစ်- Brexit) လုပ်ငန်းစဉ် မစတင်မီ ပါလီမန်လွှတ်တော်တွင် မဲခွဲ ဆုံးဖြတ်ရမည်ဟု ဗြိတိန်တရားရုံးချုပ်က စီရင်ချက် ချခဲ့ကြောင်း CNN နှင့် BBC သတင်းများက ဖော်ပြသည်။
24-Jan-2017
မင်္ဂလာတောင်ညွန့်မြို့နယ်နှင့် တောင်ဥက္ကလာပမြို့နယ်တို့တွင် ဇန်နဝါရီလ ၂၃ ရက် ညပိုင်းက တိုက်ခန်းနှင့် ဈေးဆိုင်အတွင်း ပုပ်ပွ သေဆုံးနေသည့် အမျိုးသား အလောင်းတစ်လောင်းနှင့် အမျိုးသမီး အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာ နယ်မြေ ရဲစခန်းများထံမှ သိရသည်။
24-Jan-2017
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က ဘန်လေကို နှစ်ဂိုးတစ်ဂိုးဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ် စတုတ္ထဒိုင်လူကြီး အန်တိုနီတေလာကို တွန်းထိုးခဲ့သည့်အတွက် ပွဲပယ်ပြစ်ဒဏ် ကျခံရဖွယ် ရှိနေပြီ ဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။
24-Jan-2017
ကချင်ပြည်နယ် ဖားကန့်မြို့ နမ္မဖြစ်ကျေးရွာတွင် အသတ်ခံခဲ့ရသည့် ကျောင်းဆရာ၏ ကျန်ရစ်သူ မိသားစုကို ကူညီထောက်ပံ့နိုင်ရန် ကလေးမြို့နယ် အတွင်းရှိ စာသင်ကျောင်းများတွင် စတင်အလှူခံနေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ (ကလေးမြို့) မှ ဥက္ကဋ္ဌ ဦးညီညီထွေးက ပြောကြားသည်။
24-Jan-2017
အမေရိကန်သမ္မတသစ် ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့အတွင်းမှ အဓိကပုဂ္ဂိုလ် အချို့နှင့် မီဒီယာများအကြား စကားလုံးစစ်ပွဲသစ် ဖြစ်ပွားနေသည်ဟု BBC သတင်းက ဖော်ပြသည်။