News

POST SECTION

LATEST NEWS POST

02-Jul-2020
ကိုဗစ်-၁၉ ကာလအတွင်း မန္တ‌လေး တိုင်းရှိ ကျေးရွာပေါင်း ၂၀၀ ကျော်မှ ဒေသခံများ အလုပ်အကိုင် အခွင့်အလမ်း များရရှိရေးအတွက် စီမံကိန်းချမှတ်ကာ အကောင်အထည်ဖော်ဆောင်‌ပေးသွား မည်ဖြစ်ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနထံမှသိရသည်။
02-Jul-2020
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနက ထုတ်ပေးသည့် ရွှေပြည်ပတင်ပို့သည့်လိုင်စင်အပြောင်းအလဲကြောင့် ပြည်ပသို့ရွှေတင်ပို့မှု ရပ်ဆိုင်းသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ် ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောကြားသည်။
02-Jul-2020
မှတ်ပုံမတင်သည့် ဆင်းမ်ကတ်များကို ဇူလိုင်လ ၁ ရက်နေ့ကစ၍ ပိတ်နေ ပြီဖြစ်ရာ ပိတ်လိုက်သည့်ဆင်းမ်ကတ်များအနေနှင့် ပြန်လည်အသုံးပြုခွင့်မရှိတော့ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေက ပြောကြားသည်။
02-Jul-2020
ကချင်ပြည်နယ်၊ ဖားကန်မြို့၊ ဝှေခါကျေးရွာအနီး စုပေါင်းလုပ်ကွက်ဟောင်းနေရာတွင် ယနေ့(ဇူလိုင် ၂ ရက်) နံနက် ၆ နာရီခွဲခန့်က မြေစာပုံပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူများ နွံလှိုင်းထဲမျောပါသွားခဲ့ပြီး လတ်တလောတွင် သေဆုံးသူ ၅၀ ဦး၏ ရုပ်အလောင်းများကို ရှာတွေ့ခဲ့သည်။
01-Jul-2020
COVID-19 ကာကွယ်ထိန်းချုပ်ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီက ခွင့်ပြုသည့်အချိန်တွင် ဖွင့်လှစ်ခွင့်လျှောက်ထားရန် ကျန်ရှိနေသည့် ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းကျောင်းများ အတွက် တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးများက ကြိုတင်ပြင်ဆင်ထားရန် အခြေခံပညာ ဦးစီးဌာနက ညွှန်ကြားသည်။
01-Jul-2020
မန္တလေးတိုင်းအတွင်း COVID-19 Special Relife Loan (ကိုဗစ်အထူးချေးငွေ) အဖြစ် ကျပ် ၇၁ ဘီလီယံကျော်ထုတ်ချေးပေးရန် လျာထားကြောင်း မန္တလေးတိုင်း မြန်မာလယ်ယာဖွံဖြိုးရေးဘဏ်ထံမှ သိရသည်။
01-Jul-2020
နိုင်ငံတော်အတွင်းရှိ မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများကို မည်သည့်နိုင်ငံသားတိုင်းမဆို သတ်မှတ်ထားသည့် နည်းလမ်းအတိုင်း အခမဲ့လျှောက်ထားရယူနိုင်မည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနထံမှ သိရသည်။
01-Jul-2020
မန်စီးတီးအသင်းသည် အက်စတွန် ဗီလာအသင်း ခေါင်းဆောင်ဂျက်ဂရီလစ်ရှ်အား မြို့ခံပြိုင် မန်ယူနှင့်အပြိုင်ခေါ်ယူရန် ချိန်ရွယ်လာပြီဟု The Telegraph က ဖော်ပြခဲ့သည်။
01-Jul-2020
မန်ယူအသင်း ကွင်းလယ်လူဟောင်း ရွိုင်ကိန်းသည် အဇာဘိုင်ဂျန်အသင်းကိုတာဝန်ယူရန်အတွက် ဆွေးနွေးမှုများပြုလုပ် နေကြောင်း The Sun က ဖော်ပြခဲ့သည်။
01-Jul-2020
ဘီနီဗန်တိုအသင်းသည် စံချိန်တင်ရမှတ်ပိုင်ဆိုင်ပြီး ရာသီသိမ်းရန် ၇ ပွဲအလိုတွင် စီးရီးအေသို့တန်းတက်နိုင်ခဲ့ပြီဟု Football Italia ကဖော်ပြခဲ့သည်။
01-Jul-2020
ဘီနီဗန်တိုအသင်းသည် စံချိန်တင် ရမှတ်ပိုင်ဆိုင်ပြီး ရာသီသိမ်းရန် ၇ ပွဲ အလိုတွင် စီးရီးအေသို့တန်းတက်နိုင်ခဲ့ပြီဟု Football Italia က ဖော်ပြခဲ့သည်။
01-Jul-2020
သြစတြေးလျနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သော မဲလ်ဘုန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုမြင့်တက်လာသောကြောင့် မြို့နယ်ပေါင်း ၃၆ ခုကို Lockdown ချရန် အာဏာပိုင်များက အမိန့်ထုတ်ပြန်လိုက်ကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
01-Jul-2020
ပဲခူးမြို့ပေါ် လူစည်ကားရာ လမ်းဆုံ လမ်းခွများနှင့်အထင်ကရနေရာများတွင် တောင်းရမ်းနေကြသည့် ကလေးငယ်များနှင့်နောက်ကွယ်မှ စေခိုင်းနေသူများကို အရေးယူနိုင်ခြင်း မရှိသေးကြောင်း ပဲခူးမြို့နယ် စည်ပင်သာယာရေးကော် မတီအဖွဲ့ဝင် ဒေါ်မြင့်မြင့်ဝေက ပြောဆိုသည်။
01-Jul-2020
နိုင်ငံတော်ရိက္ခာအရန်ဆန်အဖြစ် အစိုးရထံသို့ ၁၀ ရာခိုင်နှုန်းပေးသွင်းရခြင်းကို ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ပို့ကုန် ပမာဏ၏ ၅ ရာခိုင်နှုန်းသာ ပေးသွင်းရမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ထံမှ သိရသည်။
01-Jul-2020
ဟောင်ကောင်အပေါ် အာဏာပိုပြီးသက်ရောက်ကာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အဆိုပါဒေသ၏ လွတ်လပ်ခွင့်များကို ခြိမ်း ခြောက်နေသည့် အငြင်းပွားဖွယ် တရုတ်လုံခြုံရေးဥပဒေကို တရားဝင်အတည်ပြုလိုက်ပြီဖြစ်ကြောင်း သတင်းများက ဖော် ပြထားသည်။