News

POST SECTION

LATEST NEWS POST

07-Nov-2017
မန္တလေးမြို့တော် အနီးတစ်ဝိုက်ရှိ တောင်သမန်အင်း အပါအဝင် အင်းများ ရေမကျသေး၍ ဆောင်းခိုငှက်များ ဝင်ရောက်မှု နောက်ကျနိုင်ပြီး ကြိုးကြာငှက်များ နိုဝင်ဘာလ ဒုတိယပတ်အတွင်း ဝင်ရောက်လာမည်ဟု ခန့်မှန်းထားကြောင်း မန္တလေးမြို့မှ ငှက်ကြည့်ပညာရှင် ဓာတ်ပုံ ဇေမောင်သိန်းက ပြောကြားသည်။
07-Nov-2017
ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ရန် လုပ်ဆောင်လျက်ရှိရာ ပုဂံဒေသတစ်ခုလုံးကို လွှမ်းခြုံစီမံခန့်ခွဲမည့်မူကြမ်း ဒီဇင်ဘာလအတွင်း ပြီးစီးအောင် ရေးဆွဲမည်ဖြစ်ကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနထံမှ သိရသည်။
07-Nov-2017
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ် (၆၆) ရပ်ကွက်၊ ဧရာဝတီလမ်း သွယ် (၃) လမ်းရှိ စိတ်ရောဂါကုဆေးခန်းတစ်ခုတွင် နိုဝင်ဘာလ ၅ ရက် ၁၁ နာရီခွဲခန့်က အသက် ၂၃ နှစ်အရွယ် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦး ကိုယ့်ကိုယ်ကိုယ် မှန်ကွဲနှင့်ထိုးကာ အဆုံးစီရင်သွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
07-Nov-2017
စပါးအသင်းကစားသမားများဖြစ်ကြသည့် တိုက်စစ်မှူး ဟယ်ရီကိန်းနှင့် ကွင်းလယ်လူ ဟယ်ရီဝင့်ခ်တို့သည် ဂျာမနီ၊ ဘရာဇီးတို့နှင့်ယှဉ်ပြိုင်ရမည့် နိုင်ငံတကာခြေစမ်းပွဲများတွင် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ ပြိုင်ပွဲကစားပေးနိုင်တော့မည် မဟုတ်ကြောင်း Daily Star က ဖော်ပြထားသည်။
07-Nov-2017
၀ကဈှဘရှနှးနညှးပှ တိုနီပူးလဈသညှ နိုငပှှဲပှောကဆှုံးမှု ရှညကှှာလာခဲ့သည့အှတှကှ ရာထူးထုတပှယခှံရရနှ နီးစပနှပှေီဖှဈကာ လာမည့နှိုဝငဘှာလ ၁၈ ရကနှေ့တှငှ လကရှှိခနှပှီယံ ခယှလှဆှီးနှင့ယှှဉပှှိုငရှမည့ှ ခနှပှီယံလိဂပှှဲစဉတှှငှ ဝကဈှဘရှနှးအသငှး ရလဒထှပမှံဆိုးရှားခဲ့မညဆှိုပါက တိုနီပူးလဈကို ရာထူးထုတပှယှ၍ နညှးပှသဈတဈဦး ခန့အှပရှနှ ဝကဈှဘရှနှးအသငှးတာဝနရှှိသူမှားက စီစဉကှှတော့မညဖှှဈကှောငှး Sportmail က ဖောပှှထားသညှ။
07-Nov-2017
မန်ယူအသင်းအမှုဆောင်အရာရှိချုပ်ဟောင်း မာတင်အက်ဒ်ဝပ်သည် လွန်ခဲ့သည့် ၁၉၈၆ ခုနှစ်၌ မန်ယူအတွက် ဖာဂူဆန်ကို ခေါ်ယူနိုင်ရန် ၎င်းအနေနှင့် လ်မ်ညာသည့်နည်းလမ်းတစ်ရပ်ကို အသုံးပြုခဲ့ဖူးကြောင်း ဖွင့်ဟဝန်ခံသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
06-Nov-2017
ထိုင်းနိုင်ငံတောင်ပိုင်းရှိ ကော့တောင်ကျွန်းဟုအမည်ရသော လိပ်ကျွန်းတွင် ဗြိတိန်ခရီးသွားနှစ်ဦး သေဆုံးခဲ့မှုနှင့်ပတ်သက်၍ သေဒဏ်ကျခံရသူ မြန်မာနိုင်ငံသားနှစ်ဦး၏ နောက်ဆုံး အယူခံကို နိုဝင်ဘာလ ၂၂ ရက်တွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း အဆိုပါ လူသတ်မှု အထူးစုံစမ်းစစ်ဆေးရေး ကော်မတီဝင် အကြံပေးရှေ့နေ ဦးမျိုးသန့်က ပြောကြားသည်။
06-Nov-2017
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် လုံခြုံရေးတာဝန် ထမ်းဆောင်နေသည့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရသည့်အတွက် မြန်မာနိုင်ငံနယ်ခြားစောင့် ရဲကွပ်ကဲရေးမှူးအဖွဲ့က ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်အဖွဲ့သို့ နိုဝင်ဘာ ၆ရက်တွင် ကန့်ကွက်စာ ပေးပို့ထားကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက အတည်ပြုပြောကြားသည်။
06-Nov-2017
ငြိမ်းချမ်းရေး ကော်မရှင် အပါအဝင် အစိုးရနှင့် တပ်မတော်တို့မှ ကိုယ်စားလှယ်အဖွဲ့သည် လာမည့်နိုဝင်ဘာလ ဒုတိယပတ်အတွင်း “ဝ” နှင့် “မိုင်းလား” ဒေသများသို့ သွားရောက်မည်ဖြစ်ကြောင်း အဆိုပါ အဖွဲ့များထံမှသိရသည်။
06-Nov-2017
စမ်းချောင်းမြို့နယ်၊ ပြည်လမ်းမပေါ်ရှိ မဟာမြိုင် အထူးကု ဆေးရုံရှေ့တွင် ရဲတပ်သားတစ်ဦး စီးနင်းသည့် ဆိုင်ကယ်ဖြင့်တိုက်ခံရသူ အသက် ၇၃ နှစ်အရွယ် Mr. Tim Leong Chu သည် နိုဝင်ဘာလ ၅ ရက် ည ၈ နာရီခန့်က ရန်ကုန်ပြည်သူ့ ဆေးရုံကြီးတွင် သေဆုံးသွားကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
06-Nov-2017
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နှင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အကြား ဆက်သွယ် သွားလာသည့်လမ်းရှိ ဂန့်ဂေါမြို့နယ်၊ စိုင်ဒူးကျေးရွာအနီး မြစ်သာမြစ်ကူးတံတားကို နိုဝင်ဘာလ ၆ ရက်နေ့မှစ၍ ဖြတ်သန်းခွင့်ပြုကြောင်း တံတားတည်ဆောက်ရေးအဖွဲ့ (၃) ဦးစီး အရာရှိ (မြို့ပြ) ဦးမျိုးသန့်ဦးက ပြောကြားသည်။
06-Nov-2017
ဂျပန်နိုင်ငံအနေနှင့် မြောက်ကိုရီးယားနိုင်ငံက ပစ်လွှတ်လိုက်သော ဒုံးကျည်များကို ဂျပန်ကောင်းကင်ယံမှ ပစ်ချဖယ်ရှားနိုင်သည့် စစ်သုံးပစ္စည်းများကို အမေရိကန် ပြည်ထောင်စုထံမှ ဝယ်ယူထားသည်ဟု ဂျပန်သို့ ရောက်ရှိနေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားသွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
06-Nov-2017
အများပြည်သူနှင့် သက်ဆိုင်သည့် လူစည်ကားရာ ပန်းခြံများ၊ လမ်းဆုံလမ်းခွ များ၊ တံတားများနှင့် လူသွားစြင်္ကံများပေါ်တွင် ဝိုင်းဖွဲ့ အရက်သေစာ သောက်စားမူးယစ်သူများကို လိုက်လံ ဖမ်းဆီးအရေးယူခဲ့ရာ အောက်တိုဘာလ ၃၀ ရက်မှ နိုဝင်ဘာလ ၅ ရက်အထိ ခြောက်ရက်အတွင်း အယောက် ငါးရာကျော်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
06-Nov-2017
ယခုဘဏ္ဍာနှစ်စမှ အောက်တိုဘာ လကုန်ပိုင်းအထိ ပြည်ပနိုင်ငံများသို့ ပို့ကုန်များတင်ပို့မှုသည် အမေရိကန် ဒေါ်လာသန်း ၇၀ဝ၀ ကျော်အထိ ရှိကြောင်း စီးပွားရေးနှင့် ကူသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
06-Nov-2017
မြန်မာ့ရေနံနှင့် ဓာတုဗေဒ လုပ်ငန်းပိုင် မန်းသံပရာကန်မှ ထွက်ရှိသည့် ဒီဇယ်၊ ဓာတ်ဆီနှင့် စီဂျီအို သုံးမျိုးကို ပုဂ္ဂလိက လုပ်ငန်းရှင်များသို့ တင်ဒါစနစ်ဖြင့် ရောင်းချမည်ဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနထံမှ သိရသည်။