News

POST SECTION

LATEST NEWS POST

24-Oct-2017
ရန်ကုန်မြို့တော် ဘုရင်နောင် ဘဏ်ခွဲနှင့် မြိတ် KBZ ဘဏ်ခွဲတို့တွင် ယနေ့ (အောက်တိုဘာ ၂၄ ရက်) နေလယ်ပိုင်းက ငွေထုတ်၊ ငွေသွင်းလာရောက်လုပ်သူ နှစ်ဦးထံမှ ငွေများလုယက်ခံရမှုဖြစ်ပေါ်ခဲ့ကြောင်း ယင်းဘဏ် တာဝန်ရှိသူ ဦးစိုးတင်မောင်ဇော် က The Voice သို့ ပြောကြားသည်။
24-Oct-2017
ပီအက်စ်ဂျီတိုက်စစ်မှူးနေမာသည် ၎င်းနှင့် ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူအကြားတွင် ယခင်ကကဲ့သို့ပင် အခေါ်အပြောမပျက် ပုံမှန်ဆက်ဆံရေးတစ်ရပ် ရှိနေဆဲပင်ဖြစ်ကြောင်း ထုတ်ဖော်အသိပေးသွားခဲ့ပြီး ၎င်းအနေနှင့် ဘလွန်းဒီအော်ဆု၊ ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆု(The Best ဆု)တို့ကို ဆွတ်ခူးရယူနိုင်ရေးမှာ ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ်ပြိုင်ပွဲတွင် ချန်ပီယံဖြစ်၊ မဖြစ်နှင့် တိုက်ရိုက်ဆက်စပ်နေကြောင်းလည်း နေမာက ရှင်းပြသွားခဲ့သေးကြောင်း Daily Star က ဖော်ပြထားသည်။
24-Oct-2017
ငါန်းဇွန်မြို့နယ် ပညာရေးမှူးရုံး ဒုတိယပညာရေးမှူး၏လက်မှတ်ဖြင့် နိုင်ငံတော်ပိုင်ငွေ ကျပ် ၃၆၈ သိန်းကျော် ထုတ်ယူထွက်ပြေးနေသော ငွေစာရင်း ဝန်ထမ်းကို အောက်တိုဘာလ ၂၁ ရက် နေ့က ဖမ်းဆီးရထားကြောင်း ငါန်းဇွန်မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးဝင်းဇော်မြင့်က ပြောကြားသည်။
24-Oct-2017
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)သည် ၂၀၁၆-၁၇ ဘောလုံးရာသီ စွမ်းဆောင်ရည်များအပေါ်တွင်မူတည်၍ တစ်နှစ်တာအကောင်းဆုံးအသင်းကို ရွေးချယ်လိုက်ပြီဖြစ်ရာ ယင်းအသင်းတွင် ရီးရဲလ်မက်ဒရစ် ကစားသမားငါးဦးဖြင့် အရေအတွက် အများဆုံး ပါဝင်ခဲ့ကြောင်း FIFA က ဖော်ပြထားသည်။
24-Oct-2017
မွန်ပြည်နယ်အတွင်း ရောင်းချလျက်ရှိသည့် အရက်ရောင်းဆိုင်များအနက်မှ လိုင်စင်စည်းမျဉ်းစည်းကမ်း ဖောက်ဖျက်သည့် ဆိုင် ၅၄ ဆိုင်ကို အရေးယူထားသည်ဟု မွန်ပြည်နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနထံမှ သိရသည်။
24-Oct-2017
မြန်မာ့လက်ရွေးစင်အသင်းနည်းပြ ဂတ်ဆီဇီနှင့် မြန်မာ့လက်ရွေးစင်အသင်းခေါင်းဆောင် ရန်အောင်ကျော်တို့သည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ကြီးမှူးပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု(The Best ဆု)အတွက် ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုကို မဲပေးခဲ့ကြောင်း FIFA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
24-Oct-2017
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ သီရိမင်္ဂလာတိုက်သစ် ဓမ္မစကူးလ်ဖောင်ဒေးရှင်းကျောင်းတွင် တန်ဆောင်မုန်းလပြည့်နေ့ နိဗ္ဗာန်ဈေးပွဲတော်ကို မြန်မာရိုးရာ လက်လုပ်မုန့်များဖြင့် တည်ခင်းကာ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း ကျင်းပရေး ကော်မတီထံမှ သိရသည်။
24-Oct-2017
ထိုင်း- မြန်မာနယ်စပ် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ မယ်ခေါင်ရပ်ကွက်ရှိ နေအိမ်တစ်လုံးတွင် အောက်တိုဘာလ ၂၃ ရက် မွန်းလွဲ ၁ နာရီခန့်က အိမ်ရှင်မြန်မာနိုင်ငံသားတစ်ဦးနှင့် ထိုင်းနိုင်ငံသား လေးဦးတို့ထံမှ လက်နက်နှင့် ခဲယမ်းများကို ဖမ်းဆီးရမိခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။
24-Oct-2017
ရီးရဲလ်မက်တိုက်စစ်မှူး စီရော်နယ်ဒိုသည် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ပေးအပ်ချီးမြှင့်သည့် တစ်နှစ်တာအကောင်းဆုံး ကစားသမားဆု(The Best ဆု)ကို ၂ နှစ်ဆက် ဆွတ်ခူးရရှိသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။
23-Oct-2017
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအပေါ် ဆန္ဒထုတ်ဖော်ရန်ရှိသည့် မိုက်ကျော်မြင့်ကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဆီးခံရကြောင်း မိသားစုအသိုင်းအဝိုင်းထံမှ သိရသည်။
23-Oct-2017
ဧရာဝတီလင်းပိုင်များ ကျက်စားရာ နယ်မြေဖြစ်သော မန္တလေးတိုင်း မင်းကွန်းဒေသမှ ကချင်ပြည်နယ် ဗန်းမော်မြို့ထိ ဧရာဝတီမြစ်ကြောင်း တစ်လျှောက်တွင် လင်းပိုင်သားပေါက် နှစ်ကောင် ထပ်မံ တွေ့ရှိ မှတ်တမ်းတင်နိုင်ခဲ့ကြောင်း ဧရာဝတီ လင်းပိုင်ထိန်းသိမ်းရေးအဖွဲ့ထံမှ သိရသည်။
23-Oct-2017
ခွင့်ပြုချက်ရယူပြီးမှသာ နေထိုင်လုပ်ကိုင်ရမည့် ရွှေသတ္တုတူးဖော်ရေးကုမ္ပဏီနှင့် လုပ်ကွက်များတွင် ခွင့်ပြုချက် တင်ပြထားခြင်း မရှိသည့် နိုင်ငံခြားသားများကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးမည်ဖြစ်ကြောင်း ယင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်မိုးဦးက ပြောသည်။
23-Oct-2017
မန္တလေးမြို့တော်တွင် နေထိုင်သူများနှင့် အခြားဒေသများမှ လာရောက်သူများ သွားလာမှုလွယ်ကူ အဆင်ပြေစေရန် စီးလုံးငှားသုံးဘီးကား ဆိုင်ကယ် ဝန်ဆောင်မှုပေးရန် ပြင်ဆင်နေကြောင်း OWAY RIDE ကုမ္ပဏီ တာဝန်ရှိသူများထံမှ သိရသည်။
23-Oct-2017
မွန်ပြည်နယ်၊ ဘီလူးကျွန်း (ချောင်းဆုံ) မုဒွန်းကျေးရွာက ကျောက်သင်ပုန်းလုပ်ငန်းများ ယခုနှစ်အတွင်း ပြန်လည် ဦးမော့လာသည်ဟု ကျောက်သင်ပုန်း ကျောက်တံလုပ်ငန်းရှင်တို့က ပြောသည်။
23-Oct-2017
အနည်းဆုံးအခကြေးငွေ နှုန်းထားသစ် ပြောင်းလဲသတ်မှတ်မည့် အလုပ်ရုံ ဆွေးနွေးပွဲကို ဒီဇင်ဘာလအစား နိုဝင်ဘာလအတွင်း ပြောင်းလဲကျင်းပမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ပြောကြားသည်။