News

POST SECTION

LATEST NEWS POST

27-Oct-2017
မွန်လူမျိုးများကို ကိုယ်စားပြုသည့် မွန်နိုင်ငံရေးပါတီ တစ်ခုဖြစ်သည့် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP) ၏ မော်လမြိုင်မြို့နယ် ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး အပါအဝင် ပါတီဝင် ခုနစ်ဦးတို့က အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပါတီမှ နုတ်ထွက်ရန် ပါတီဗဟိုရုံးသို့ နုတ်ထွက်စာ ပေးပို့ထားကြောင်း ပါတီမှ နုတ်ထွက်မည့် မြို့နယ် အတွင်းရေးမှူး နိုင်အောင်သန်းက ပြောကြားသည်။
27-Oct-2017
ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်၊ ရတနာလမ်းသွယ် (၁) ပေါ်၌ ရပ်တန့်ထားသော Hyundai ယာဉ်သည် အောက်တိုဘာလ ၂၅ ရက် ည ၇ နာရီခန့်က ယာဉ် ထွက်ခွာရန် နောက်ဆုတ်စဉ် ယာဉ်၏နောက်ဘက်တွင် ဖုန်းပြောနေသူ အသက် ၃၅ နှစ်အရွယ် ကျော်ကျော်(ခ) ကျော်စိုးထွန်းကို တိုက်မိကာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် သေဆုံးသွားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Oct-2017
ဘရာဇီးသမ္မတတီမာသည် အဂတိ လိုက်စားမှုဖြင့် စွဲချက်တင် စစ်ဆေးခံရမည့်အရေးမှ ရှောင်ရှားရန် အောက်လွှတ်တော်တွင် လုံလောက်သော မဲရရှိခဲ့သည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။
27-Oct-2017
ကမာရွတ်မြို့နယ်၊ (၃)ရပ်ကွက်၊ မဟာဘောဂလမ်းတွင် အကြွေးပြန်မဆပ်သည့် အသက် ၃၀ နှစ်ဝန်းကျင် အမျိုးသားတစ်ဦးကို ကြွေးရှင်က တုတ်ဖြင့် လိုက်ရိုက်သတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
27-Oct-2017
မြန်မာနိုင်ငံလွှတ်တော်အဖွဲ့ ဥပဒေကြမ်းကို ပြဋ္ဌာန်းပါက အခြေခံဥပဒေနှင့် ဆန့်ကျင်နေသောကြောင့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် အပါအဝင် လွှတ်တော်ကိုယ်စားလှယ် အချို့က ကန့်ကွက် ဆွေးနွေးလိုက်သည်။
27-Oct-2017
ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့၌ အောက်တိုဘာလ ၂၅ ရက်နေ့မှ ၂၇ ရက်နေ့အထိ ကျင်းပသည့် Investment Competitiveness Forum တွင် ကမ္ဘာ့ဘဏ်အုပ်စုက မြန်မာအစိုးရကို Star Reformers Award ဆုချီးမြှင့်ခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ထံမှ သိရသည်။
27-Oct-2017
သရဲပူးသည်ဟု ကောလာဟလ ထွက်သော ပဲခူးမြို့အနီး လိမ္မော်ရောင် အထည်ချုပ်စက်ရုံတွင် အောက်တိုဘာလ ၂၆ ရက်နေ့ မွန်းလွဲပိုင်းက လုပ်သား ၄၀ ခန့် ရုတ်တရက် မူးဝေလာ၍ ပဲခူးဆေးရုံကြီးသို့ ပို့ဆောင် ကုသထားရပြီး စက်ရုံကို ယာယီ ပိတ်ထားကြောင်း ပဲခူးတိုင်းဒေသကြီး သယံဇာတ၊ သစ်တောနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးကျော်မင်းစံက ပြောကြားသည်။
26-Oct-2017
ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် မန်ခေါက်ကျေးရွာ အလယ်တန်းကျောင်းခွဲ ကျောင်းအုပ်ဆရာမကြီးကို တအာင်း ပလောင်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ (TNLA) အဖွဲ့ဝင်နှစ်ဦးက အဓမ္မပြုကျင့်ပြီး နေအိမ်အတွင်းမှ လက်ကိုင်ဖုန်း နှစ်လုံးကို ယူဆောင်သွားကြောင်း ကျောက်မဲခရိုင် ပညာရေးမှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
26-Oct-2017
ကျေးရွာအတွင်း လိုအပ်ချက်များကို ရွာသားများကိုယ်တိုင် စစ်တမ်းကောက်ယူ၍ တင်ပြလာသည်ကို ဖြည့်ဆည်းပေးသွားမည့် ကျေးလက်ဖွံ့ဖြိုးရေး စီမံချက် Village Development Plan (VDP) ဖော်ဆောင်ရာတွင် ဘားအံ၌ ကျေးရွာ ပေါင်း ၄၇၄ ရွာ ရှိသည့်အနက်မှ ကျေးရွာ ၄၄၇ ရွာကို ငါးနှစ်စီမံကိန်းဖြင့် ထောက်ပံ့မည်ဖြစ်ကြောင်း ဘားအံမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ စုံစမ်းသိရှိရသည်။
26-Oct-2017
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့ ကုန်စည်ပို့ဆောင်ရေး ကားဂိတ်များတွင် မိုးတွင်းကာလတစ်လျှောက် ကုန်အဝင် အထွက် ကျဆင်းခဲ့သည် သာမက ပွင့်လင်းရာသီဖြစ်သည့် အောက်တိုဘာလတွင်လည်း ကုန်အဝင်အထွက် ပုံမှန်ထက် ကျဆင်းလျက်ရှိကြောင်း တောင်ငူမြို့ခံ ကုန်စည်ပို့ဆောင်ရေး ကားဂိတ်ကြီးများထံမှ သိရှိရသည်။
26-Oct-2017
ရန်ကုန်မြို့ ကန်တော်ကြီးဥယျာဉ် ကံ့ကော်ပင်ကျွန်းတွင် ရန်ကုန်မြို့၏ရှုခင်း အလှကို ကြည့်ရှုနိုင်မည့် ဟီလီရမ် ဓာတ်ငွေ့သုံးမိုးပျံပူဖောင်း (Mingalarbar Balloon) ကို ဖွင့်လှစ်ခဲ့သည့် သုံးလအတွင်း ပြည်တွင်းနှင့်ပြည်ပမှ စီးနင်းသူ လေးထောင်ကျော်ရှိခဲ့ကြောင်း Mingalarbar Balloon ထံမှ သိရသည်။
26-Oct-2017
ပြင်ဦးလွင်မြို့ ကျောက်တိုင်ကွင်းနေရာတွင် ညဈေးဖွင့်ရန် အစိုးရအဖွဲ့က ခွင့်ပြုထားပြီးဖြစ်ကြောင်း မန္တလေးတိုင်း စည်ပင်သာယာရေး ဝန်ကြီးဌာနထံမှ သိရသည်။
26-Oct-2017
လက်နက်ခဲယမ်းနှင့် မူးယစ်ဆေးဝါးများ ဖမ်းမိခဲ့သည့် ဝန်ကြီးဟောင်းသား ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါ တစ်စုကို နေပြည်တော်တွင် အမှု ၁၀ မှုနှင့် ရန်ကုန်တွင် ၇ မှု စုစုပေါင်း ၁၇ မှု ဖွင့် ထားပြီး သိမ်းဆည်းရမိခဲ့သည့် လက်နက်နှင့် ဆက်စပ်ပစ္စည်းများကို စီအိုင်ဒီသို့ လွှဲပြောင်းထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက ပြောကြားသည်။