News

POST SECTION

LATEST NEWS POST

12-Jun-2017
ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော်မြေများပေါ်တွင် နေရာပြန်လည် ငှားရမ်းနေသူများကို စမတ်ကတ်များ ပြန်သိမ်းမည်ဖြစ်ကြောင်း ဒဂုံမြို့သစ် (တောင်ပိုင်း) မဲဆန္ဒနယ် အမှတ် ၁ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက ဆိုသည်။
12-Jun-2017
ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုပ်ကျေးရွာတွင် ဇွန်လ ၁၂ ရက် နံနက် ၃ နာရီက လေဆင်နှာမောင်း တိုက်ခတ်ခဲ့မှုကြောင့် အမျိုးသမီးနှစ်ဦး သေဆုံးကာ လူခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါမြို့နယ် မဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်နှင့် ရခိုင်ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌလည်းဖြစ်သူ ဦးစံကျော်လှက ပြောကြားသည်။
12-Jun-2017
မြန်မာနိုင်ငံအနှံ့တွင် တောင်းရမ်း စားသောက်နေသော ကလေးငယ်များအား စေခိုင်းသည့်လူများကို ထောင်ဒဏ် တိုးမြှင့်အရေးယူနိုင်ရန် ၁၉၉၃ ခုနှစ် ကလေးသူငယ် အခွင့်အရေးဥပဒေကို ပြင်ဆင်ရေးဆွဲထားပြီးဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနထံမှ သိရသည်။
12-Jun-2017
ကရင်ပြည်နယ် ဘားအံမြို့ရှိ မဲဘောင်ကျောင်းတွင် အမျိုး ဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ)၏ ထပ်ဆင့် အသိပေးရှင်းလင်းပွဲကို ဇွန်လ ၁၁ ရက်က ပြုလုပ်ခဲ့ရာ မန္တလေး မစိုးရိမ်တိုက်သစ်မှ ဘဒ္ဒန္တ ဦးဝိစိတ္တာဘိဝံသ (ဦးဝီရသူ) တက်ရောက် ရှင်းလင်း ပြောဆိုခဲ့သည်။
12-Jun-2017
ဂျာမနီအစိုးရ၏ ထောက်ပံ့ငွေဖြစ်သည့် ယူရိုငွေ ၃ ဒသမ ၃ သန်းကို မြန်မာနိုင်ငံရှိ အသေးစားနှင့် အလတ်စား (SME) လုပ်ငန်းများကို သမဝါယမဘဏ် (CB Bank) မှတစ်ဆင့် ထုတ်ချေးမည်
12-Jun-2017
ရန်ကုန်လိုင်စင်ဖြင့် တင်သွင်းခွင့် ကန့်သတ်လိုက်သည့် ကာလမှစ၍ လျော့ကျလာသော ပြည်ပမှ မော်တော်ယာဉ် တင်သွင်းမှုသည် ယခုနှစ်ငါးလအတွင်း တင်သွင်းမှုမှာ ယခင်နှစ်ကာလတူက ထက် ၃၀ ရာခိုင်နှုန်းခန့် လျော့ကျကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
12-Jun-2017
ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေ အားအလွန်ကောင်းနေသည့်အတွက် နောက်နှစ်ရက်အတွင်း ဒေသအချို့တွင် မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာကျော်မိုးဦးက ပြောကြားသည်။
12-Jun-2017
အီတလီစီးရီးအေကလပ် အေစီမီလန်အသင်းသည် အာဆင်နယ်အသင်း၏ ပစ်မှတ်ကစားသမားများအနက်တွင် တစ်ဦးအပါအဝင်ဖြစ်သည့် အသက် ၂၁ နှစ်အရွယ် ပေါ်တိုတိုက်စစ်မှူး အန်ဒရေးဆေးလ်ဗားကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ ဒသမ ၃ သန်းဖြင့် ခေါ်ယူလိုက်ပြီဖြစ်ကာ လက်ရှိတွင် ဆေးလ်ဗားမှာ အပြောင်းအရွှေ့ ကိစ္စရပ်များကို အဆုံးသတ်ရန်အတွက် အေစီမီလန်အသင်း အခြေစိုက်ရာ မီလန်မြို့သို့ လာရောက်၍ ဆေးစစ်မှုများခံယူနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
12-Jun-2017
မန်ယူအသင်းသည် မိုနာကိုကွင်းလယ်ကစားသမား ဖာဘင်ညိုကို ခေါ်ယူရန်အတွက် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကာ ဖာဘင်ညိုအတွက် မန်ယူဘက်က ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၄၀ ဖြင့် ကမ်းလှမ်းဆက်သွယ်ထားခြင်းဖြစ်ကြောင်း ESPN က ဖော်ပြထားသည်။
12-Jun-2017
နေပြည်တော်ကောင်စီ ဒက္ခိဏသီရိမြို့နယ် မိုးသောက်ပန်းလမ်းဆုံ အနီးတွင် ယနေ့ (ဇွန်လ ၁၂ ရက်) နံနက် ၈ နာရီခွဲခန့်က ခရီးသည်တင်ကားနှင့် ဖောကားတစ်စီး တိုက်မိရာမှ နှစ်ဦး သေဆုံးပြီး ၃၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။
12-Jun-2017
မန်ယူနည်းပြ မော်ရင်ညိုသည် ၎င်း၏ နည်းပြဘဝ ဖြတ်သန်းမှုအတွင်း အခက်အခဲ ကြီးကြီးမားမား ကြုံဆုံရင်ဆိုင်နေရသည့် အသင်းများကို တာဝန်ယူ ကိုင်တွယ်ရန်သာ ဆုံးဖြတ်ဖူးကြောင်း ဖွင့်ဟအသိပေးလိုက်ပြီး အခက်အခဲများကြားမှနေ၍ အောင်မြင်မှုရှိရာဆီသို့ တက်လှမ်းရခြင်းကို ၎င်းအနေနှင့် လွန်စွာခုံမင်နှစ်ခြိုက်ကြောင်းလည်း မော်ရင်ညိုက ပြောကြားသွားခဲ့သေးသည်ဟု ပေါ်တူဂီသတင်းစာ Expresso က ဖော်ပြထားသည်။
12-Jun-2017
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွှန့်မြို့နယ် ရန်ကုန်တိရစ္ဆာန် ဥယျာဉ်အနီးရှိ သစ်တောဦးစီးဌာနပိုင် မြေနေရာတွင် ကျူးကျော်ဖွင့်လှစ်ထားသည့် Morning Star စားသောက်ဆိုင်ကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ ခွင့်ပြုချက်ဖြင့် ဇွန်လ ၁၁ ရက်နေ့ နံနက်ပိုင်းက တာဝန်ရှိ အဖွဲ့အသီးသီးမှ ရှင်းလင်းခဲ့သည်။
12-Jun-2017
ထားဝယ်မြို့အနီး ပင်လယ်ပြင် အတွင်း ဇွန်လ ၇ ရက်က ပျက်ကျခဲ့သော တပ်မတော်လေယာဉ်မှ ရှာဖွေရေး လုပ်ငန်းများ ဆက်လက်လုပ်ကိုင်လျက်ရှိရာ ယနေ့ညနေပိုင်းအထိ ရုပ်အလောင်း ၂၆ လောင်း ထပ်မံတွေ့ရှိခဲ့ပြီး စုစုပေါင်း အလောင်းတွေ့ရှိမှုသည် ယနေ့အထိ ၅၉ လောင်းရှိပြီ ဖြစ်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်သည်။
12-Jun-2017
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းရှိ IS နှင့် အချိတ်အဆက်ရှိ စစ်သွေးကြွများ လက်အောက် ရောက်ရှိနေသော မာရာဝီမြို့ကို ပြန်သိမ်းရန် ဖိလစ်ပိုင်စစ်တပ်ကို အမေရိကန် အထူးတပ်ဖွဲ့များက အကူအညီပေးနေကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
12-Jun-2017
ချမ်းမြသာစည်မြို့နယ် ၇၃ လမ်းရှိ မင်္ဂလာမန္တလေး ဈေးဝယ်စင်တာအတွင်း ဇွန်လ ၁၀ ရက်နေ့ညက ကျင်းပသည့် တေးစီးရီး မိတ်ဆက်ဖျော်ဖြေပွဲ၌ လူငယ်အုပ်စုနှစ်စု ရန်ဖြစ်ရာမှ တစ်ဦး သေဆုံးသွားခဲ့ရာ လူသတ်မှု ကျူးလွန်ရာတွင် ပါဝင်ခဲ့သူ လူငယ်လေးဦးကို ဖမ်းဆီးထားကြောင်း ယင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။