News

POST SECTION

LATEST NEWS POST

29-Oct-2017
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၏ အများပြည်သူ အနားယူ အပန်းဖြေရာ နေရာဖြစ်သည့် ကန်သာယာ ပန်းဥယျာဉ် (ကန်သုံးဆင့်)မှ အပိတ် ကာရန်ထားသော အုတ်တံတိုင်းများကို အပြင်မှအတွင်းသို့ မြင်နိုင်သည့် အုတ်တံတိုင်းများအဖြစ် ပြန်လည် ကာရံကာ အဆင့်မြှင့်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးကျော်မြင့်က ပြောကြားသည်။
29-Oct-2017
မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက စပါးကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ရုပ်သံရိုက်ကူးရေးကင်မရာများဘက်သို့ မျက်နှာမူ၍ နှုတ်ခမ်းကို လက်ဖြင့်တေ့ကာ သရုပ်ပြ၍ တိတ်တိတ်နေလိုက်ကြတော့ဟူသည့် ဟန်ပန်မျိုးကို ပြုမူပြသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
29-Oct-2017
ကျွန်းသစ်ခွဲသားများ သယ်ဆောင်လာသည့် ကန်တာခြောက်ဘီးယာဉ် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့ စစ်ဆေးမေးမြန်းနေစဉ် ထွက်ပြေးသွားကြောင်း ကညွတ်ကွင်းနယ်မြေ ရဲစခန်းထံမှ သိရှိရသည်။
29-Oct-2017
နျူကလီးယား ပိုင်ဆိုင်သော မြောက်ကိုရီးယားနိုင်ငံအဖြစ် အမေရိကန် ပြည်ထောင်စုက လက်သင့်ခံလိမ့်မည်ဟု မည်သည့်အခါကမျှ စိတ်ပင်မကူးမိခဲ့ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင်မက်တစ်စ်က ထုတ်ဖော်ပြောကြားလိုက်သည်။
29-Oct-2017
ဗြိတိန် ဟဲဗီးဝိတ်လက်ဝှေ့ကစားသမား ဂျိုရွှာသည် ၎င်းဆွတ်ခူးရရှိထားသည့် ဟဲဗီးဝိတ်တန်း ချန်ပီယံရွှေခါးပတ်များအတွက် သရဖူကာကွယ်ပွဲအဖြစ် ပြင်သစ်ဟဲဗီးဝိတ်လက်ဝှေ့ကစားသမား ကားလို့စ်တာကမ်းနှင့်ယှဉ်ပြိုင်ထိုးသတ်ခဲ့ရာတွင် ဒိုင်ပွဲရပ်ရလဒ်ဖြင့် အနိုင်ရရှိသွားခဲ့ကြောင်း BBC က ဖော်ပြထားသည်။
29-Oct-2017
ကက်တလန် လွှတ်တော်ကိုယ်စားလှယ်များက လွတ်လပ်ရေးကြေညာရန် မဲခွဲဆုံးဖြတ်ပြီးချိန်တွင် စပိန်ဝန်ကြီးချုပ် မာရီယာနိုရာဟွိုင်းက ကက်တလန် ပါလီမန်ကို ဖျက်သိမ်းပြီး ပြည်နယ်ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဟု ထုတ်ဖော်ပြောဆိုကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
29-Oct-2017
အဲဗာတန်အသင်းပိုင်ရှင် ဖာဟက်ဒ် မိုရှီရီသည် အာဆင်နယ်တိုက်စစ်မှူး ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် စောင့်ကြည့်အကဲခတ်နေပြီဖြစ်ပြီး ကာယကံရှင် ကစားသမားဖြစ်သူနှင့် သဘောတူညီမှု ရယူနိုင်ခဲ့မည်ဆိုပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဆန်းချက်ဇ်ကိုခေါ်ယူရန်အတွက် အဲဗာတန်က ကမ်းလှမ်းမှုများ ဆောင်ရွက်သွားဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
29-Oct-2017
စပိန်ဝန်ကြီးချုပ် မာရီယာနို ရာဂျွိုင်းသည် ပြည်ပနိုင်ငံများတွင် ဖွင့်လှစ်ထားသည့် ကတ်တလန်သံရုံးများကို ပိတ်သိမ်းရန် စီစဉ်လိုက်ပြီဖြစ်ပြီး ယင်းသံရုံးများတွင် တာဝန်ထမ်းဆောင်နေသော သံအမတ်ကြီးများကို စပိန်အစိုးရက နေရပ်သို့ပြန်လာရန် ညွှန်ကြားထုတ်ပြန် ဆင့်ခေါ်ထားပြီဖြစ်ကြောင်း Reuters က ဖော်ပြထားသည်။
28-Oct-2017
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အသင်းအားပေးသူပရိသတ်များမှာ အာဆင်နယ်အတွက် ၎င်းရယူပေးခဲ့သော အောင်မြင်မှုများကို အလွယ်တကူ မေ့ပစ်နေကြသည်ဟု ဖွင့်ဟပြောကြားလိုက်ပြီး လက်ရှိအချိန်အတွင် ၎င်းခံစားနေရသည်မှာ ဥရောပသမဂ္ဂလက်အောက်မှနေ၍ ဗြိတိန်ခွဲထွက်ရန် မဲပေးပွဲကျင်းပစဉ်က ဥရောပကော်မရှင် ခံစားခဲ့ရသည့် ခံစားချက်နှင့် အလားသဏ္ဌာန်တူနေကြောင်း အာစင်ဝင်းဂါးက ဆက်လက်အသိပေးသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။
28-Oct-2017
ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ မင်းနန္ဒာလမ်းရှိ တည်းခိုခန်းတစ်ခုတွင် တပ်မတော်မှ တပ်ကြပ်ကြီးတစ်ဦးနှင့် ဖောက်ပြန်နေသော အသက် ၄၆ နှစ်အရွယ် ဇနီးသည်ကို ၎င်း၏ခင်ပွန်းက အသိသက်သေများ ခေါ်ဆောင်၍ လက်ရဖမ်းဆီးခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။
28-Oct-2017
ပဉ္စမအကြိမ်မြောက် MEMORY နိုင်ငံတကာ ရုပ်ရှင်ပွဲတော်ကို “ကမ္ဘာတစ်ဝန်းမှ ပြသခွင့်ပိတ်ပင်ခံရသည့် ရုပ်ရှင်ဇာတ်ကားများ”ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ ဝိဇယရုပ်ရှင်ရုံနှင့် မဟာဗန္ဓုလ ပန်းခြံတွင် နိုဝင်ဘာလ ၃ ရက်မှ ၁၂ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းပွဲတော်ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရှိရသည်။
28-Oct-2017
ပဋိပက္ခ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်၊ မောင်တောဒေသများသို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) ၏ ကူညီထောက်ပံ့မှုကို မြန်မာအစိုးရက ပြန်လည် ခွင့်ပြုပေးခဲ့ကြောင့် WFP က သတင်းထုတ်ပြန်ခဲ့သည်။
28-Oct-2017
ရန်ကုန်မြို့တော်တွင် အလုပ်လုပ်ရန် အနယ်နယ် အရပ်ရပ်မှ တက်လာသည့် မိသားစုများအတွက် လှိုင်သာယာနှင့် ရွှေပြည်သာတွင် တိုက်ခန်းပေါင်း တစ်သိန်း တည်ဆောက်သွားမည်ဖြစ်ကြောင်း ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
28-Oct-2017
ရခိုင်အမျိုးသားပါတီ (ANP)၏ စစ်တွေမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။
28-Oct-2017
ပေါင်းတည်မြို့တွင် အောက်တိုဘာလ ၂၆ ရက်နေ့က ခွေးတစ်ကောင် လိုက်လံကိုက်ခဲ့မှုကြောင့် လူ ၁၇ ဦး ဆေးရုံရောက်ခဲ့ရပြီး ကာကွယ်ဆေးထိုးပေးခဲ့ရကြောင်း ပေါင်းတည်မြို့နယ်ဆေးရုံမှ တာဝန်ရှိသူ တစ်ဦးက ပြောကြားသည်။