News

POST SECTION

LATEST NEWS POST

25-Oct-2017
ပြီးခဲ့သည့်ရက်ပိုင်းက ACE ကုမ္ပဏီမှ ဦးဖြိုးကိုကိုတင့်ဆန်းနှင့်အတူ သိမ်းဆည်းရမိသည့်လက်နက်များတွင် အသုံးပြုသော ကျည်ဆန်များသည် စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုဖြစ်စဉ်တွင် လူသတ်သမား အသုံးပြုခဲ့သည့် ကျည်ဆန်များနှင့် တူညီသည်ဟု လူမှုကွန်ရက်ပေါ်တွင် ဝေဖန် ရေးသားခဲ့သည့် ပန်းတောင်းမြို့နယ် ထုံးဘိုနယ်မြေရဲစခန်းမှ ရဲအရာရှိကို ပြည်မြို့ အမှတ် ၃ နယ်မြေ ရဲစခန်းအတွင်း ယာယီ ချုပ်ထားစဉ် အရပ်ဘက် အဖွဲ့အစည်းများက သွားရောက် တွေ့ဆုံခဲ့သော်လည်း တွေ့ခွင့်မရခဲ့ကြောင်း ပြည်အရပ်ဘက် အဖွဲ့အစည်းများထံမှ စုံစမ်းသိရှိရသည်။
25-Oct-2017
နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယခုလကုန် (အောက်တိုဘာလ) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။
25-Oct-2017
ရန်ကုန်တိုင်းဒေသကြီး မြို့တွင်းမြို့နယ်များရှိ စည်ပင်ပိုင်မြေပေါ်တွင် ကားရပ်နားရန် ကျူးကျော် နေရာချထားသူများကို တရားစွဲမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီထံမှ သိရှိရသည်။
25-Oct-2017
တရုတ်- မြန်မာ နယ်စပ် ကုန်သွယ်ရေးတွင် အဓိက အရေးပါသော ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့တွင် လေယာဉ်ကွင်း ဖောက်လုပ်သွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားလိုက်သည်။
25-Oct-2017
ရခိုင်ပြည်နယ်အတွင်း အကြမ်းဖက်ဖြစ်စဉ်များကြောင့် ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးတိမ်းရှောင်နေသူများ လက်ခံရာတွင် တစ်ရက်လျှင် ဒုက္ခသည် ၁၅၀ ကို စိစစ် လက်ခံမည်ဖြစ်ကြောင်း လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။
25-Oct-2017
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် မိလ္လာနှင့် အမှိုက်သိမ်းဆည်းရေးလုပ်ငန်းကို ၂၀၁၄ ခုနှစ်က စတင်ပြီး လုပ်ကိုင်ခဲ့ရာ အမှိုက်ခွန် ပေးသွင်းရန် နှစ်စဉ် ၆၀ ရာခိုင်နှုန်းခန့် ကျန်ရှိနေ၍ လုပ်ငန်းများ လည်ပတ်ရန် အခက်အခဲများ ရှိနေကြောင်း စိန်ရေကန် ကုမ္ပဏီလီမိတက် မန်နေဂျင်း ဒါရိုက်တာ ဦးစိုင်းဝန်းကျောက်က ပြောကြားသည်။
25-Oct-2017
ခရီးသည်တင် ဘတ်စ်ကားမှတ်တိုင်တွင် အငှားတက္ကစီယာဉ်များ ရပ်နားထားခြင်းကို အရေးယူရာတွင် အထောက်အထား ခိုင်လုံစေရန် (ဓာတ်ပုံရိုက်ယူခြင်း) မှတ်သား ဖမ်းဆီးနည်းဖြင့် အရေးယူကြောင်း အမှတ် ၂ ယာဉ်ထိန်းရဲတပ်ဖွဲ့ ခွဲမှူးရုံးထံမှ သိရသည်။
25-Oct-2017
ကမ္ဘာ့နိုင်ငံ အနှံ့အပြား၌ စက်သုံးဆီဆိုင်များ ဖွင့်လှစ်ထားသော နိုင်ငံတကာ ထိပ်တန်း ရေနံကုမ္ပဏီ Shell က ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ပြည်တွင်း၌ စက်သုံးဆီဆိုင်များ စတင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ယင်းကုမ္ပဏီနှင့် ပူးပေါင်းထားသည့် Max Energy မှ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
25-Oct-2017
ဆီးရီးယားနိုင်ငံ အခြေစိုက် ISIS အဖွဲ့က စေလွှတ်ထားသော အကြမ်းဖက်သမား ၂၀ ဦးခန့် စက်တင်ဘာလကုန်ပိုင်းက ပါကစ္စတန်နိုင်ငံမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ ဝင်ရောက်လာပြီးနောက် အိန္ဒိယ- မြန်မာ နှစ်နိုင်ငံ နယ်စပ်အနီးရှိ မြို့တစ်မြို့တွင် ခိုအောင်းနေကြောင်း ရဲတပ်ဖွဲ့က သတင်းရရှိထားကြောင်း ရဲအသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။
25-Oct-2017
ပြည်ရိပ်မွန်အိမ်ရာတွင် မောင်နှမ နှစ်ဦးပိုင်ဆိုင်သည့် တိုက်ခန်းကို ရောင်းချရန်ပြောဆိုရာက ငြင်းဆိုသည့်အစ်မကို အသက် ၂၇ နှစ်အရွယ် မောင်ဖြစ်သူက ဓားနဲ့ဆင့်ထိုးမှု အောက်တိုဘာလ ၂၃ ရက်နေ့ ညနေပိုင်းက ဖြစ်ပွားခဲ့ကြောင်း ရန်ကုန် တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ သိရသည်။
25-Oct-2017
ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်းရှိ အာနန္ဒာဘုရားပွဲတော် စီမံချက်ရေးဆွဲနေပြီဖြစ်ရာ ယင်းစီမံချက်တွင် လုံခြုံရေး တိုးမြှင့်ချထားမည့် အစီအစဉ် ထည့်သွင်းထားကြောင်း အာနန္ဒာ ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။
25-Oct-2017
မန္တလေးမြို့တော်မှတစ်ဆင့် မြန်မာပြည် အထက်ပိုင်းသို့ သွားလာနေသည့် ခရီးသွားများထံမှ အုပ်စုဖွဲ့ ငွေညှစ်နေသော ဆိုင်ကယ် ကယ်ရီသမားများကို ဖမ်းဆီး အရေးယူရန် ခက်ခဲကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ရဲတပ်ဖွဲ့ ရဲမှူးငြိမ်းချမ်းအောင်က ပြောကြားသည်။
25-Oct-2017
လာဇီယိုအသင်းဥက္ကဋ္ဌ လော့တီတိုသည် ဂျူးလူမျိုးများကို အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် နာဇီတို့၏ The Holocaust လူမျိုးတုံးရှင်းလင်းရေးလုပ်ငန်းစဉ်တွင် အသက်ဆုံးရှုံးခဲ့ရသော အသက် ၁၅ နှစ်အရွယ် မိန်းမငယ်လေး အန်နီဖရန့်ခ်ကို လာဇီယိုပရိသတ်များက စော်ကားခဲ့မိသည့်လုပ်ရပ်မျိုး နောက်နောင်တွင် မဖြစ်ပေါ်လာစေရေးအတွက် တစ်နှစ်လျှင် လာဇီယိုပရိသတ် ၂၀၀ ခန့်ကို အော့ဝစ်ဇ်အကျဉ်းထောင်သို့ လေ့လာရေးခရီးပို့ဆောင်ပေးသွားမည်ဟု ကတိပြုပြောကြားလိုက်ကြောင်း Telegraph က ဖော်ပြထားသည်။
25-Oct-2017
“သွေးလွန်တုပ်ကွေးခြင်နဲ့ မတူဘူး။ သွေးလွန်တုပ်ကွေးခြင်က အိမ်တွင်းမှာ ပိုကိုက်တယ်။ ဒီခြင်က အဝေးကြီးပျံနိုင်တယ်”
25-Oct-2017
အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးသည် အာဆင်နယ်က နောဝစ်ချ်ကို အချိန်ပိုသွင်းဂိုးနှင့်အတူ နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ခရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်တွင် အသင်းအတွက် ဂိုးနှစ်ဂိုးလုံး သွင်းယူပေးခဲ့သည့် လူငယ်တိုက်စစ်မှူး ကီတီယားကို ချယ်လ်ဆီးအသင်းက မည်သည့်အတွက် လက်လွှတ်လိုက်သည်ကို နားမလည်နိုင်ဖြစ်ရကြောင်း မှတ်ချက်ပေးပြောကြားသွားခဲ့သည်ဟု Mail Online က ဖော်ပြထားသည်။