News

POST SECTION

LATEST NEWS POST

26-Oct-2017
ရီးရဲလ်မက်ဒရစ်အသင်းသည် ဂျီရိုနာအသင်းနှင့်ယှဉ်ပြိုင်ရမည့် လာလီဂါအဝေးကွင်းပွဲစဉ်အတွက် ဂျီရိုနာအသင်းအခြေစိုက်ရာ ကတ်တလန်ဒေသသို့ အထူးလုံခြုံရေးအစီအစဉ်များဖြင့် သွားရောက်လိမ့်မည်ဖြစ်ကြောင်း Marca က ဖော်ပြထားသည်။
26-Oct-2017
တရုတ်ကွန်မြူနစ်ပါတီ ပြည်သူ့ကွန်ဂရက်တွင် ဩဇာအကြီးဆုံး တိုင်းပြည်ကို ဦးဆောင်မည့် ပေါ်လစ်ဗျူရို အမြဲတမ်း ကော်မတီဝင် စာရင်းကို ထုတ်ပြန်ခဲ့ရာတွင် သမ္မတ ရှီကျင့်ဖျင်နေရာ ဆက်ခံရန် လျာထားသူ မပါဝင်ခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
26-Oct-2017
မရမ်းကုန်းမြို့နယ် ကိုးမိုင်အနီးရှိ KBZ ဘဏ်ခွဲတွင် အောက်တိုဘာလ ၂၅ ရက်က တစ်သောင်းကျပ်၊ ငါးထောင်ကျပ်နှင့် တစ်ထောင်ကျပ်တန် ငွေစက္ကူအတုများ ရောထွေးပါရှိသည့် ကျပ် ၃၅ သိန်း လာရောက်အပ်နှံခဲ့သည့် အမျိုးသားတစ်ဦးကို ယင်းနေ့ ည ၈ နာရီက ဖမ်းဆီးအရေးယူခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
26-Oct-2017
ဗြိတိန်ရှိ လုပ်ငန်းခွင်တွင်း လိင်ပိုင်းဆိုင်ရာ ထိကပါး ရိကပါး လုပ်မှုများကို စစ်တမ်းထုတ် မေးမြန်းခဲ့ရာတွင် အမျိုးသမီးလုပ်သား ထက်ဝက်ခန့်က အဆိုပါ လက်ဆော့မှု၊ ပါးစပ်ဆော့မှုဒဏ်ကို ခံရဖူးသည်ဟု ဖြေကြားထားကြောင်း BBC သတင်းတစ်ရပ်က ဖော်ပြထားသည်။
26-Oct-2017
လှိုင်သာယာမြို့နယ်၊ အလယ်ကျေးရွာ၊ မြေတိုင်း (၂၂)၊ ဦးဖိုးလှိုင်လမ်းနှင့် ရေတံခါးလမ်းထောင့်ရှိ မြေကွက်တစ်ခုတွင် စည်ပင်သာယာဌာန၏ ခွင့်ပြုချက်မရှိဘဲ နေအိမ်တိုက်ခန်း ဆောက်လုပ်သူကို စည်ပင်ဥပဒေဖြင့် အမှုဖွင့် တိုင်ကြားထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။
26-Oct-2017
ချင်းပြည်နယ်အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင် အပါအဝင် ၂ နှစ်အောက် ကလေးငယ် စုစုပေါင်းဦးရေ ရှစ်ထောင်ကျော်အတွက် တစ်ရက်လျှင် ငါးရာကျပ်စီဖြင့် ငွေကြေး ထောက်ပံ့လျက်ရှိကြောင်း ချင်းပြည်နယ်၊ လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ပြောကြားသည်။
26-Oct-2017
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြောင့် သိမ်းဆည်းထားခံရသည့် မြေဧက ၁၉၀ဝ ကို ပြန်လည်ပေးနိုင်ရန်အတွက် မြေလွတ်မြေရိုင်း ရှာဖွေမည်ဖြစ်ကြောင်း ဆားလင်းကြီးမြို့နယ်၊ အမှတ် (၁) မဲဆန္ဒနယ်၊ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာသိန်းနိုင်က ပြောကြားသည်။
26-Oct-2017
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်၊ ပိတောက်ကုန်းကျေးရွာအနီးတွင် အောက်တိုဘာလ ၁၂ ရက်နေ့ ည ၇ နာရီက ဖြစ်ပွားခဲ့သည့် ယာဉ်တိုက်မှုတွင် ဆိုင်ကယ်စီးလာသူနှစ်ဦး သေဆုံးခဲ့ပြီး အဆိုပါအမှုတွင် ဆိုင်ကယ်မောင်းနှင်သူကိုသာ အမှုဖွင့်ထားခြင်းကြောင့် စခန်းမှူး က အမှုထိမ်ချန်သည်ဟုဆိုကာ သက်ဆိုင် ရာနှင့် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန စသုံးလုံးထံသို့ အောက်တိုဘာလ ၂၄ ရက် နေ့က တိုင်ကြားထားကြောင်း ကာယကံ ရှင်များက ပြောကြားသည်။
26-Oct-2017
ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူး စီရော်နယ်ဒိုသည် မက္ကဆီကိုနိုင်ငံတွင် လှုပ်ခတ်သွားခဲ့သည့် ပြင်းအားပမာဏ ၇ ဒသမ ၁ ရှိသော ငလျင်သဘာဝဘေးဒဏ်ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအနက်တွင် တစ်ဦးအပါအဝင်ဖြစ်ခဲ့သော ၎င်း၏ပရိသတ် ကလေးငယ်လေး ဆန်တီယာဂို ဖလိုရက်စ် မိုရာ၏မိဘများကို စပိန်နိုင်ငံသို့ခေါ်ယူကာ လက်ခံတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။
26-Oct-2017
ဂါနာလက်ရွေးစင်တိုက်စစ်မှူးဟာင်း အဆာမိုဂျန်သည် ၎င်း၏အမည်ပြောင်ဖြစ်သော ဘေဘီဂျက်(Baby Jet)အမည်ဖြင့် ကိုယ်ပိုင်လေကြောင်းလိုင်းတစ်ခု တည်ထောင်လိုက်ပြီဖြစ်ပြီး များမကြာမီအချိန်အတွင်း ခရီးစဉ်ပြေးဆွဲမှုများကို ၎င်း၏လေကြောင်းလိုင်းက စတင်နိုင်တော့မည်ဖြစ်ကြောင်းကို အဆာမိုဂျန်ကလည်း အတည်ပြုပြောကြားထားပြီဖြစ်သည်ဟု Daily Star က ဖော်ပြထားသည်။
26-Oct-2017
ဘောလုံးလိဂ်အစည်းအရုံးတာဝန်ရှိသူများသည် ခရာဘောင်းဖလား စတုတ္ထအဆင့်ပွဲစဉ်များတွင် အာဆင်နယ်နှင့် မန်စီးတီးတို့က အချိန်ပို မိနစ် ၃၀ ယှဉ်ပြိုင်ရာ၌ ကစားသမားနှစ်ဦး လူစားလဲလှယ် ထည့်သွင်းခဲ့ကြသည့်အတွက် ဥပဒေကို ပြင်ဆင်ရန် စီစဉ်နေကြပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။
26-Oct-2017
လိုက်ပ်ဇစ်ဂျ်အသင်းအားကစားဒါရိုက်တာ ရန်ဂနစ်ခ်သည် ဘိုင်ယန်မြူးနစ်က လိုက်ပ်ဇစ်ဂျ်ကို ပင်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ရသွားခဲ့သည့် ဂျာမန်ပိုကယ်လ်ဖလား ဒုတိယအဆင့်ပွဲစဉ်တွင် ပွဲကစားချိန် ပထမပိုင်းအပြီး၌ ဘောလုံးကွင်းအတွင်းသို့ ဝင်ရောက်လာခဲ့ကာ ဒိုင်လူကြီးဖြစ်သူ၏ဆုံးဖြတ်ချက်အမှားတစ်ခုကို ဖုန်းအတွင်းရှိ ဗီဒီယိုဖိုင်အား ဖွင့်လှစ်ပြသ၍ ၎င်းက စောဒကတက်သွားခဲ့ကြောင်း The Bild က ဖော်ပြထားသည်။
26-Oct-2017
လက်စတာအသင်းသည် ဆောက်သမ်တန်နည်းပြဟောင်း ကလော်ဒီပူအယ်လ်ကို ၂ နှစ်ခွဲသက်တမ်း စာချုပ်တစ်ရပ်ဖြင့် အသင်းနည်းပြအဖြစ် ခေါ်ယူခန့်အပ်လိုက်ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။
25-Oct-2017
စပိန်နိုင်ငံအနောက်မြောက်ပိုင်းရှိ ကြွယ်ဝသောဒေသ ကတ်တလိုးနီးယား၏ ခွဲထွက်ရေး ကြိုးပမ်းမှုကြောင့် နောက်ထပ် စီးပွားရေးအရ ထိခိုက်လာနိုင်မှုကို ရှောင်လွှဲနိုင်ရန် ဗဟိုအစိုးရက တိုက်ရိုက် အုပ်ချုပ်မှုကို ကျင့်သုံးရေး စီစဉ်ရခြင်းဖြစ်ကြောင်း ဝန်ကြီးချုပ် မာရီယာနိုရာ ဟွိုင်းက လွှတ်တော်သို့ အောက်တိုဘာလ ၂၅ ရက်နေ့တွင် ပြောကြားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
25-Oct-2017
ထိုင်းနိုင်ငံတွင် ယခင်နှစ် အောက်တိုဘာလက အသက် ၈၈ နှစ်အရွယ်တွင် ကွယ်လွန်သွားသူ ဘုရင်ဘူမိဘောအတွက် ငါးရက်ကြာ ဈာပန အခမ်းအနားကျင်းပရန် လူအမြောက်အမြား စုဝေးပြင်ဆင်နေကြသည်ဟု BBC သတင်းတွင် ဖော်ပြထားသည်။