News

POST SECTION

LATEST NEWS POST

06-Jul-2020
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ မှတ်တမ်းများအရ ပြည်ပသို့ဆန်တင်ပို့သည့် နှုန်းထားများသည် ယခင် ၂၀၁၉ ခုနှစ်ထက် ဈေးနှုန်းပိုမိုရရှိကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။
06-Jul-2020
ဧရာဝတီတိုင်းပုသိမ်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဌာန (မြေစာရင်း) ဦးစီးမှူး ဦးကိုကိုနိုင်ကို ရဲတပ်ဖွဲ့က အဂတိလိုက်စားမှုဖြင့် ဇူလိုင် လ ၃ ရက်နေ့က ဖမ်းဆီးခဲ့ကြောင်း ပုသိမ်မြို့မရဲစခန်းထံမှသိရသည်။
06-Jul-2020
တိုင်းပြည်တွင်းဆန္ဒပြမှုများပျံ့နှံ့နေစဉ် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က လက်ဝဲစွန်းဝါဒီများကို ချေမှုန်းပစ်မည်ဟု ဇူလိုင် ၄ ရက် လွတ်လပ်ရေးနေ့မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့သည်။
06-Jul-2020
ဂျပန်နိုင်ငံအနောက်ပိုင်း ကျူရှူးကျွန်းတွင် မထင်မှတ်ဘဲ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ သက်ကြီးရွယ်အိုများကို စောင့်ရှောက်ထားသည့် ဘိုးဘွားရိပ်သာတစ်ခု ရေနစ်မြုပ်မှုကြောင့် လူ ၁၄ ဦးသေဆုံး သွားကြောင်း BBC သတင်းဌာနက ရေးသားဖော်ပြသည်။
06-Jul-2020
နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ဘိုကိုဟာရမ်စစ်သွေးြွကနှိမ်နင်းရေး ထိုးစစ်များစစ်တပ်ကဆောင်ရွက်နေရာတွင် အစ္စလာမ္မစ်သူပုန် ၇၅ ဦးကို အသေရမိခဲ့သည်ဟု အစိုးရကထုတ်ပြန်ထားသည်။
06-Jul-2020
MMA (One Championship) ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်သည် တစ်နှစ်တာအကောင်းဆုံး နိုင်ငံတကာ ဖိုက်တာဆုပဏာမစာရင်းတွင်ပါဝင်နေပြီး ဆုထပ်မံရရှိရန် မဲပေးကြရန် အောင်လအန်ဆန်က တိုက်တွန်းထားသည်။
06-Jul-2020
COVID-19 ကြောင့် သုံးလကျော်ကြာ ပြေးဆွဲမှုရပ်နားထားသော ပဲခူး - ရန်ကုန် RBE ရထားနှင့် ရန်ကုန်- ရေး ရထားကို ဇူလိုင် ၆ ရက်နေ့မှ စတင်ကာ ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း မြန်မာ့မီးရထားထံမှသိရသည်။
06-Jul-2020
ပဲခူးတိုင်း သဲကုန်းမြို့နယ်၌ လာအိုနိုင်ငံမှ ပြန်လာသူတစ်ဦးနှင့် ထိတွေ့ဆက်စပ်ခဲ့သူ ငါးဦးအနက် ဇူလိုင်လ ၂ ရက်နေ့က ရုတ်တရက်သေဆုံးသွားခဲ့သူ အမျိုးသားတွင် ကိုဗစ်-၁၉ ပိုးမတွေ့ အဖြေထွက်ခဲ့ကြောင်း ပဲခူးတိုင်း ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအေးငြိမ်းက ပြောကြားသည်။
06-Jul-2020
အစိုးရသစ်လက်ထက် လေးနှစ်တာသက်တမ်းအတွင်း ဧရာဝတီတိုင်းအတွင်း၌ သိမ်းဆည်းခံမြေဧက တစ်သောင်းနှစ်ထောင်ခန့် ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း ဧရာဝတီတိုင်းဝန်ကြီးချုပ်ဦးလှမိုးအောင်က ပြောကြားသည်။
06-Jul-2020
Covid-19 ကြောင့် ထိခိုက်နစ်နာမှုရှိနေသည့် လုပ်ငန်းများကို ဘဏ္ဍာရေးဆိုင်ရာအကူအညီ ဆက်လက်ပေးနိုင်ရေးအတွက် အစိုးရက Covid-19 Fund သို့ ကျပ် ၁၀ဝ ဘီလီယံ ထပ်မံဖြည့်တင်းပေးမည်ဖြစ်ကြောင်း စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနထံမှ သိရသည်။
06-Jul-2020
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လုံခြုံရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် နည်းပညာကုမ္ပဏီများဖြစ်သည့် Huawei နှင့် FISCA ကုမ္ပဏီတို့ကိုခွင့်ပြုပေးထားပြီး ဆာဗေးလုပ်ငန်းများလုပ်ဆောင်ရန် ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း ညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံမှ သိရသည်။
05-Jul-2020
ရန်ကုန်မြစ်အတွင်း ရေကြောင်းသွားလာမှုဆိုင်ရာ အချက်ပြလုပ်ငန်းများ အဆင့်မြှင့်တင်ရန် ဂျပန်ယန်း ၁ ဒသမ ၃ ဘီလီယံကျော် ထောက်ပံ့ရန် သဘောတူညီထားကြောင်း ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) က ထုတ်ပြန်သည်။
05-Jul-2020
အခြေခံပညာဦးစီးဌာနလက်အောက်တွင်ရှိသော အလယ်တန်းအဆင့်၊ မူလတန်းအဆင့်ကျောင်းများကို သြဂုတ်လအတွင်းဖွင့်လှစ်နိုင်ရန် ခန့်မှန်းထားကြောင်း အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက The Voice Daily သို့ ပြောကြားသည်။
05-Jul-2020
တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ရှိရန် လက်ရှိတွင်စစ်ဆေးပြီးသည့် အဖြေလွှာများကို အမှတ်စာရင်း ပြုစုနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာစစ်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောကြားသည်။
05-Jul-2020
ဖားကန့်ရတနာနယ်မြေ ဝှေခါမြေပြိုမှုဖြစ်စဉ်တွင် သေဆုံးခဲ့သူ ၁၇၄ ဦးနှင့် ဒဏ်ရာရသူ ၅၄ ဦး တို့အတွက် နိုင်ငံတော်အစိုးရက ကျပ် ၉၇၈ သိန်း ထောက်ပံ့ပေးခဲ့ကြောင်း လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၎င်း၏လူမှုကွန်ယက်စာမျက်နှာမှတဆင့် အသိပေးပြောကြားသည်။