News

POST SECTION

LATEST NEWS POST

08-Jul-2019
ထိုင်းနိုင်ငံ Media Councial For Buddhism အဖွဲ့က ချီးမြှင့်သည့် Caja Jakra Award ကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့မှ တောင်တန်း သာသနာပြုဆရာတော် အရှင်သုခမိန္ဒနှင့် ၎င်း၏အစ်မဖြစ်သူ ဒေါ်နန်းကြည်သိန်းတို့က ရရှိခဲ့သည်။
07-Jul-2019
ဆရာ၊ ဆရာမများအနေဖြင့် ညွှန်ကြားထားသည့်အတိုင်း လက်ဆောင်ပစ္စည်းပေးခြင်း၊ ယူခြင်းလုံးဝမပြုလုပ်ရန်နှင့် အဂတိလိုက်စားမှုတိုက်ဖျက်နေ၍ ဆရာ၊ ဆရာမများက စံပြနေထိုင်ကြရန် ပညာရေးဝန်ကြီးက သတိပေးပြောဆိုသည်။
07-Jul-2019
ဂရိနိုင်ငံမှာ ပါလီမန်အသစ်တစ်ရပ်အတွက် ရွေးကောက်ပွဲ မဲပေးလျက်ရှိရာ ဗဟိုလက်ယာအတိုက်အခံများက အင်အားကောင်းစွာနဲ့ လက်ဝဲဝါဒီအစိုးရကို စိမ်ခေါ်မှုများ ပြုလုပ်နေနိုင်လျက်ရှိကြောင်း သတင်းများက ဖော်ပြရေးသားလျက်ရှိသည်။
07-Jul-2019
တပ်မတော်မှ တရားစွဲဆိုဖမ်းဆီးခံထားသည့် ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဝင်များနှင့် မန္တလေးတိုင်း အောင်သပြေကျေးရွာရှိ ကိုးတန်းကျောင်းသာ မောင်တူးဝေယံကို အမြန်ဆုံးပြန်လွှတ်ပေးရန် ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂအဖွဲ့ချုပ် (ဗကသ) က ကြေညာချက်ထုတ် တောင်းဆိုလိုက်သည်။
07-Jul-2019
တာချီလိတ်မြို့ ဆန်ဆိုင်း (ခ) ရပ်ကွက် ပုန်းညက်လမ်းပေါ်တွင် ဇူလိုင်လ ၆ ရက် မွန်းတည့် ၁၂ နာရီခန့်က အမျိုးသားနှစ်ဦး စီးလာသည့် အိမ်စီးယာဉ်ကို စစ်ဆေးရှာဖွေရာမှ ကျပ်သိန်း ၈၀၀ ခန့်တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းမိခဲ့ကြောင်း တာချီလိတ်မြို့ မူးယစ်တပ်ဖွဲ့စု (၃၀) ထံမှ သိရသည်။
07-Jul-2019
သင်္ဃန်းကျွန်းမြို့နယ်၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနရုံးရှေ့ လေးထောင့်ကန်လမ်းပေါ်တွင် အငှားယာဉ်ပေါ်ပါ ခရီးသည်အမျိုးသားတစ်ဦးကို ဓားဖြင့်ထောက်၍ လုယက်မှုကျူးလွန်ခဲ့သည့် အမျိုးသားလေးဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
07-Jul-2019
ကိုကိုးကျွန်းမြို့၏ အရှေ့မြောက်ဘက် ၈၂ မိုင်ခန့်အကွာ မြန်မာ့ပင်လယ်ပြင်အတွင်းကို ဗဟိုပြု၍ ယနေ့ (ဇူလိုင် ၇) မွန်းလွဲ ၁ နာရီခွဲခန့်က အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက သတင်းထုတ်ပြန်သည်။
07-Jul-2019
ဗစ်တိုးရီးယားအမှု အမှုမှန်ပေါ်ရေး ပြည်မြို့တွင် လူထု ၃၀၀ ခန့်က ဇူလိုင် ၆ ရက်၊ ညနေပိုင်းက ဆန္ဒပြခဲ့ကြောင်း ဦးဆောင်ဆန္ဒပြသူများထံမှ သိရှိရသည်။
07-Jul-2019
ကျိုင်းတုံမြို့ အဝေးပြေးကားကြီးကွင်းရှိ ရွှေထီးအဆင့်မြင့် အမြန်ယာဉ်ငယ်အသင်းဂိတ်တွင် ပထမဆုံး အခမဲ့ Food Box ကို ဇူလိုင်လ ၄ ရက်က အစားအစာများထားရှိခဲ့ရာ ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းသုံးစာရေးကိရိယာများ ထပ်မံထားရှိမည်ဖြစ်ကြောင်း ယင်းဂိတ်ပိုင်ရှင် ဒေါ်စောသိင်္ဂီမြင့်က ပြောကြားသည်။
07-Jul-2019
အမေရိကန် အစိုးရရှေ့နေများက မက္ကဆီကိုမူးယစ်ရာဇာအယ်လ်ချာပိုထံမှ မူးယစ်ဆေးဝါးရောင်းရငွေ ဒေါ်လာ ၁၂ ဒသမ ၇ ဘီလီယံကို သိမ်းဆည်းနိုင်ရန် တရားရုံးအမိန့်ရရှိဖို့ ကြိုးစားနေသည်ဟု သောကြာနေ့က ပြောကြားကြောင်း DW သတင်းတွင် ဖော်ပြထားသည်။
07-Jul-2019
တောင်-မြောက်နယ်စပ်ဒေသတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်တို့ ခဏတာတွေ့ဆုံခဲ့မှုနှင့်ပတ်သက်သည့် အကျဉ်းချုံး သတင်းပေးပို့ချက်ကို ကောင်းစွာလက်ခံရရှိခဲ့ပါသည်ဟု တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်ဖော်ပြောကြားကြောင်း Reuters သတင်းဌာနက ရေးသားဖော်ပြသည်။
07-Jul-2019
မြန်မာ့ရှေးဟောင်း ယဉ်ကျေးမှုနယ်မြေပုဂံကို ကမ္ဘာ့အမွေအနှစ်နေရာဒေသအဖြစ် ယူနက်စကိုကသတ်မှတ်ကြောင်း ကမ္ဘာ့အမွေအနှစ်ကော်မတီ အစည်းအဝေးသို့ရောက်ရှိနေသည့် မြန်မာကိုယ်စားလှယ်အဖွဲ့ထံမှ သိရှိရသည်။
06-Jul-2019
အာဇာနည်နေ့တွင် တွံတေးမြို့နယ်၊ မငေးအလယ်ရွာမှ ဗိုလ်ချုပ်အောင်ဆန်းဆုံးပါးခဲ့စဉ်က ဗိုလ်ချုပ်ရုပ်ကလာပ် ပြင်ဆင်ခဲ့သည့် ခုတင်နှင့် ခေါင်းတလားကို ဖျက်ထားသည့် မှန်ချပ်များအပြင် ရှေးဟောင်းပစ္စည်း အများအပြားရှိသည့် သာသနာ့ဝေပုလ္လ ကျောင်းတော်ကြီးကှို အများပြည်သူများ ကြည့်ရှုနိုင်ရန် နံနက်မှ ညအထိ ဖွင့်လှစ်ထားမည်ဖြစ်ကြောင်း တွံတေးမြို့နယ် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ထံမှ သိရသည်။
06-Jul-2019
ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ် စိန်တုံးကျေးရွာအုပ်စု၊ ကျောက်ရဲကျွန်း၊ ကွင်း အမှတ် ၃၅ တွင် မြစ်ကျောက်ထုတ်ယူနေသည့်လုပ်ငန်းရှင်နှင့် ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၊ ရွှေကူကျွန်းရှိ ဒေသခံတောင်သူများက ဇူလိုင်လ ၄ ရက်နေ့နှင့် ၅ ရက်နေ့တို့က အပြန်အလှန် အမှုဖွင့်ခဲ့ကြောင်း နှစ်ဖက်ကာယကံရှင်များထံမှ သိရသည်။
06-Jul-2019
မန္တလေး၊ အမရပူရမြို့နယ်၊ ထုံးဘိုတောင်ကျေးရွာတွင် ဆရာဖြစ်သူ၏နေအိမ်သို့ လာရောက်ကန်တော့သည့် အမျိုးသားက ငွေကျပ်သိန်း ရှစ်ဆယ်ကျော်ကို လုယူထွက်ပြေးမှု ဇူလိုင်လ ၅ ရက်နေ့က ဖြစ်ပွားခဲ့ကြောင်း တိုင်းရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။