POST SECTION

LATEST NEWS POST

13-Feb-2019
ပုသိမ်မြို့ အမှတ် (၇) ရပ်ကွက်တွင် ကျင်းပသော ၁၀၄ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ ပျော်ပွဲရွှင်ပွဲနှင့် အားကစားပြိုင်ပွဲ၌ အမျိုးသမီး ချောတိုင်တက်ပွဲနှင့် ခေါင်းအုန်းရိုက် (အုန်းသီးရိုက်) ပြိုင်ပွဲကို ထည့်သွင်းကျင်းပခဲ့သည်။
13-Feb-2019
လေထုညစ်ညမ်းစေသည့် လောင်စာဆီသုံးကားများ လျှော့ချနိုင်ရန် ထုတ်လုပ်ထားသော လျှပ်စစ်ကားများ ပြည်တွင်း၌ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်ရန် ယင်းကားများအတွက် ဓာတ်အားသွင်းရုံများ (EV Charging Station) ရန်ကုန်-မန္တလေး အမြန်လမ်းတစ်လျှောက်တွင် တည်ဆောက်မည်ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုက ပြောကြားသည်။
13-Feb-2019
ကယားပြည်​နယ်​ လွိုင်​​ကော်​မြို့တွင်​ ​ဖေ​ဖော်​ဝါရီ ၁၃ ရက်​ ​နံနက်​ပိုင်းကကျင်းပသည့် ဗိုလ်​ချုပ်​​အောင်​ဆန်း ၁၀၄ နှစ်​ပြည့် မွေး​နေ့အခမ်းအနားတွင်​ လှူဒါန်း​ကျွေး​မွေးသည့် အစား​အသောက်​များ စား​သောက်​ရာမှ အမျိုးသား၊ အမျိုးသမီး ၈၅ ဦး​ခန့်​ အစာဆိပ်​သင့်ခဲ့သည်​ဟု ​လွိုင်​​ကော်​မြို့မရဲစခန်းထံမှ သိရှိရသည်
13-Feb-2019
ရန်ကုန်မြို့တော်ရှိ ဟိုတည်နှင့် တည်းခိုခန်းအချို့သည် ဖေဖော်ဝါရီ ၁၄ ရက် ချစ်သူများနေ့ အထိမ်းအမှတ်အဖြစ် လာရောက်တည်းခိုသည့်စုံတွဲများကို လက်ဆောင်နှင့် ကံစမ်းမဲဖောက်ပေးမည်ဟုဆိုကာ ဆွဲဆောင်နေကြောင်း ဟိုတယ်နှင့် တည်းခိုခန်းများထံမှ စုံစမ်းသိရှိရသည်။
13-Feb-2019
ရှမ်းပြည်နယ် ပင်လုံမြို့ရှိ ပင်လုံကျောက်တိုင်နေရာတွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်ထောင်စုနေ့ အခမ်းအနား၌ ရန်ကုန်တိုင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီလူငယ်အဖွဲ့က ပြသထားသည့် ပြည်ထောင်စုနေ့ပြခန်း ဖျက်ဆီးခံလိုက်ရသည်။
13-Feb-2019
ရတနာပုံတက္ကသိုလ် လုံခြုံရေးနှင့် သန့်ရှင်းရေးတို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြသည့် ယင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ဗကသ)ကျောင်းသား ခုနစ်ဦးကို မီးရှို့မှုနှင့် ငြိမ်းစုစီပုဒ်မနှစ်ခုတို့ပေါင်း၍ အမရပူရမြို့နယ်တရားရုံးက ဖေဖော်ဝါရီ ၁၃ ရက်နေ့က အလုပ်နှင့် ထောင်ဒဏ်များအသီးသီးချမှတ်ခဲ့သည်။
13-Feb-2019
တာချီလိတ်မြို့ ဝိန်းကျောက်ရပ်ကွက်တွင် ဖေဖော်ဝါရီ ၁၂ ရက်မွန်းလွဲပိုင်းက အွန်လိုင်းအသုံးပြု၍ လောင်းကစားလုပ်နေသည့် မိန်းကလေးတစ်ဦးပါဝင်သော ထိုင်းနိုင်ငံသား ၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း တာချီလိတ်မြို့မရဲစခန်းထံမှ သိရသည်။
13-Feb-2019
အေးခဲအသား (အစို)၊ အေးခဲရေထွက်ကုန် ပစ္စည်းများ၊ အသားအမျိုးမျိုးနှင့် ရေထွက်ကုန်ပစ္စည်းများကို အခြေခံအသုံးပြု ထုတ်လုပ်ထားသည့် စားသောက်ကုန်ပစ္စည်းများ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တင်သွင်းမှုကို မတ်လ ၁ ရက်နေ့မှစတင်၍ ပိတ်ပင်မည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရသည်။
13-Feb-2019
မိတ္ထီလာမြို့တွင် ဖေဖော်ဝါရီ ၁၂ ရက်နေ့ညပိုင်းက ယာဉ်တိုက်မှုနှစ်ခုဖြစ်ပွားခဲ့ရာ လူနှစ်ဦးသေဆုံးပြီး ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ယင်းမြို့ဒေသခံ လူမှုကူညီရေးအသင်းများထံမှ သိရသည်။
13-Feb-2019
မြန်မာနိုင်ငံအတွင်း အသုံးပြုသည့် မွေးမြူရေးလုပ်ငန်းသုံး တိရစ္ဆာန်အစာဝယ်လိုအားသည် လာမည့် ၂ နှစ်အတွင်း မက်ထရစ်တန်ချိန် ၄ သန်းခန့်အထိ မြင့်တက်နိုင်ကြောင်း မြန်မာနိုင်ငံ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်ထံမှ သိရသည်။
13-Feb-2019
မန္တလေးတိုင်း မိတ္ထီလာမြို့နယ် အင်းပက်လက်ကျေးရွာတွင်တွေ့ရှိသည့် ဂျပန်စစ်သည်တစ်ဦး၏ အရိုးစုများကို မတ်လအတွင်း ဂျပန်နိုင်ငံထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်မည်ဖြစ်ကြောင်း ယင်းမြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်နီလာဝင်းက ပြောကြားသည်။
13-Feb-2019
ကျပ်ငါးထောင်ဖြင့် ရောင်းချသည့် လူထုအခြေပြုကျန်းမာရေးစောင့်ရှောက်မှုအာမခံ အမျိုးအစားကို ရောင်းချရာတွင် အာမခံဝယ်ယူသူများက ယခင်ကထက် စိတ်ဝင်စားမှုရှိလာကြောင်း ပုဂ္ဂလိကအာမခံကုမ္ပဏီများထံမှ သိရသည်။
13-Feb-2019
မန္တလေးတိုင်းအတွင်း ဧရာဝတီမြစ်ဘေးရှိ ကျေးရွာ ၁၅ ရွာတွင် ကမ်းပြိုခြင်းအန္တရာယ်ကာကွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေကြောင်း ယင်းတိုင်းရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနထံမှ သိရသည်။
13-Feb-2019
ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့အထိမ်းအမှတ်အဖြစ် ယနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ကျောက်က္ကာလမ်းတွင် ပဲပြုတ်နှင့် နံပြားအဖွဲ့က အများပြည်သူကို ပဲပြုတ်နံပြားဝေခဲ့သည်။
13-Feb-2019
အမေရိကန်လွှတ်တော် ညှိနှိုင်းရေး တာဝန်ခံများက ၎င်းတို့သည် စနေနေ့တွင် စတင်ဖွယ်ရှိနေသည့် နောက်ထပ်အစိုးရ ရပ်ဆိုင်းမှုကို ရှောင်ရှားရန်အတွက် နယ်စပ်လုံခြုံရေးဆိုင်ရာ သဘောတူညီမှုတစ်ရပ်ကို ခက်ခက်ခဲခဲ ရယူခဲ့ကြသည်ဟု တနင်္လာနေ့က ပြောကြားလိုက်ကြောင်း Reuters သတင်းတွင် ဖော်ပြထားသည်။