News

POST SECTION

LATEST NEWS POST

14-Sep-2019
ရွှေရောင်နှင်းဆီ ကင်ဆာဖောင်ဒေးရှင်း၏ စမ်းသပ်ကြည့်ရှု ရင်သားကင်ဆာဂရုပြုစီမံကိန်းတွင် မိမိရင်သား မိမိကိုယ်တိုင် စမ်းသပ်နည်း နည်းပြသင်တန်းကို အောက်တိုဘာလ ၅ ရက်နေ့ နံနက် ၈ နာရီမှ မွန်းလွဲ ၁ နာရီအထိ ရန်ကုန်မြို့ရှိ သူနာပြုတက္ကသိုလ်ခန်းမတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ယင်းဖောင်ဒေးရှင်းထံမှ သိရသည်။
14-Sep-2019
ဆော်ဒီအာရေးဗီးယား အစိုးရပိုင် ကုမ္ပဏီ Aramco က ပိုင်ဆိုင်သည့် ရေနံချက်စက်ရုံကြီးနှစ်ခုကို မောင်းသူမဲ့ယာဉ်များဖြင့် တိုက်ခိုက်သွားခြင်းကြောင်း မီးများလောင်ကျွမ်းလျက်ရှိကြောင်း သတင်းများက ဖော်ပြထားသည်။
14-Sep-2019
ဒေါပုံမြို့နယ်၊ ဇေယျာသီရိရပ်ကွက်၊ ၅ လမ်းထိပ်တွင် စက်တင်ဘာ ၁၃ ရက် ညပိုင်းက ကွမ်းယာ အကြွေးမရောင်းသူကို ဓားရှည်ဖြင့်ခုတ်သည့် အမျိုးသားအား ဖမ်းဆီးအရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
14-Sep-2019
ပဲခူးမြစ်ရေ စိုးရိမ်ရေအမှတ်အထက်သို့ ရောက်ရှိနေပြီး အနိမ့်ပိုင်းရပ်ကွက်များနှင့် ကျေးရွာအချို့ ရေကြီးနစ်မြုပ်နေသဖြင့် အခြေခံပညာစာသင်ကျောင်းပေါင်း ၂၄ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးမှ သိရသည်။
14-Sep-2019
သာကေတမြို့နယ်၊ ၃/မာန်ပြေရပ်ကွက်၊ မာန်ပြေ ၁၁ လမ်းတွင် စက်တင်ဘာ ၁၃ ရက် မွန်းလွဲပိုင်းက ဈေးရောင်းနေသည့် အမျိုးသမီး၏ လည်ပင်းတွင် ဝတ်ဆင်ထားသော ရွှေဆွဲကြိုးအား ဆွဲဖြုတ်လုယူထွက်ပြေးသည့် အမျိုးသားကို ရပ်ကွက်နေသူများက ပိတ်ဆို့ဖမ်းဆီးခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းမှ သိရသည်။
14-Sep-2019
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ် ပန်မတ်ကျေးရွာ ရင်ကွဲတောင်လမ်းတွင် ယနေ့ (စက်တင်ဘာ ၁၄ ရက်) နံနက် ၅ နာရီခန့်က ကျပ်သိန်းပေါင်း ၃၇၅၀၀ တန်ဖိုးရှိ ICE မူးယစ်ဆေးဝါးများ ပိုင်ရှင်မဲ့ဖမ်းဆီးရမိကြောင်း ကျိုင်းတုံမြို့ အမှတ် (၂၈) မူးယစ်တပ်ဖွဲ့စုမှူး ဒုရဲမှူးမျိုးညွန့်လွင်က ပြောကြားသည်။
14-Sep-2019
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ မီးရထားရပ်ကွက် မုံရွာတေဇောတာရုံကျောင်းတိုက်တွင် ရဟန်းအချင်းချင်း ဓါးထိုးမှုဖြစ်ပွားခဲ့ပြီး ရဟန်းတစ်ပါးဒဏ်ရာရရှိကာ ဆေးကုသမှု ခံယူနေရကြောင်း စစ်ကိုင်းမြို့မရဲစခန်းမှ သိရသည်။
14-Sep-2019
ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှိုင်သာယာမြို့နယ်၊ (၂၀) ရပ်ကွက်ရှိ နေအိမ်တစ်အိမ်တွင် အိမ်အကူအလုပ် လုပ်ကိုင်နေသော အသက် ၁၇ နှစ်အရွယ် အမျိုးသမီးတစ်ဦးကို အိမ်ရှင်အမျိုးသားက အဓမ္မပြုကျင့်ခဲ့ကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Sep-2019
ပြင်သစ်သမ္မတ မက်ခရွန်၏ ပင်စင်အငြိမ်းစားပြုပြင်ပြောင်းလဲရေး အစီအစဉ်ကို မကျေနပ်သဖြင့် ပို့ဆောင်ရေး လုပ်သားများ သပိတ်မှောက်ကြရာ မြေအောက်ရထားလိုင်းအချို့ ရပ်ဆိုင်းပြီး လူပေါင်းများစွာ သွားလာရေးများ ကျပ်တည်းနေကြောင်း သတင်းများက ဆိုသည်။
13-Sep-2019
လှိုင်သာယာမြို့နယ်၊ ထီးလှိုင်ရှင်အိမ်ယာအနီးတွင် စက်တင်ဘာ ၁၃ ရက် နံနက်အစောပိုင်းက အဝတ်ဗလာ ကိုယ်လုံးတီး ခန္ဓာကိုယ်တွင် ပေါက်ပြဲဒဏ်ရာများဖြင့် လမ်းပေါ် လဲကျနေသော အမျိုးသမီးတစ်ဦးအမှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြာင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။
13-Sep-2019
တပ်မတော်က ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသော ဦးနေမျိုးဇင်အမှုအတွက် တရားခံပြ သက်သေ ၃ ဦးကို ယနေ့ (စက်တင်ဘာ ၁၃ ရက်) ရုံးချိန်းတွင် စစ်ဆေးခဲ့သည်။
13-Sep-2019
ငွေကြေးအလွဲသုံးမှု ပုဒ်မ ၄၀၉ ဖြင့် အမှုဖွင့် တရားစွဲဆိုခံထားရသော ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုဥက္ကဋ္ဌဟောင်း ဦးစံမင်းအောင်၏ အမှုအတွက် ကျန်းမာရေးအာမခံလျှောက်ထားမှုကို ပုသိမ်မြို့နယ်တရားရုံးကယနေ့ (စက်တင်ဘာ ၁၃ ရက်) အာမခံပေးလိုက်ပြီးဖြစ်သည်။
13-Sep-2019
ပဲခူးတိုင်းဒေသကြီးပဲခူးမြို့နယ် ဘုရားကြီးမြို့ ရပ်ကွက်ကြီး အမှတ် ၃ မင်းလမ်းပေါ်ရှိ KTV တစ်ခုတွင် အလုပ်လုပ်ကိုင်နေသော အသက်မပြည့်သေးသူအမျိုးသမီးကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁ နာရီခန့်က ဆိုင်အလုပ်သမားက အလိုမတူ အဓမ္မပြုကျင့်ခဲ့ကြောင်း ယင်းမြို့နယ်ရဲစခန်းမှ သိရသည်။
13-Sep-2019
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ ဈေးတန်း (ကွက်သစ်) ရပ်ကွက်တွင် ယနေ့ (စက်တင်ဘာ ၁၃ ရက်) နံနက် ၈ နာရီခန့်က အဆိပ်သောက်ခဲ့သည့် မိသားစုဝင်ခြောက်ဦးအနက် လေးဦးသေဆုံးခဲ့ကြောင်း ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။
13-Sep-2019
အမေရိကန်ပြည်ထောင်စုသည် တရုတ်ကုန်စည် ဒေါ်လာ ၂၅၀ ဘီလီယံဖိုးအပေါ် အခွန်များတိုးမြှင့်မည့်အစီအစဉ်ကို စိတ်ရင်းကောင်း ပြသသည့်အနေနှင့် အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ဆိုင်းငံ့ပေးထားရန် သဘောတူခဲ့သည်ဟု သမ္မတထရမ့်က ဗုဒ္ဓဟူးနေ့တွင် ပြောကြားလိုက်ကြောင်း CNA သတင်းတွင် ဖော်ပြထားသည်။