News

POST TYPE

LATEST NEWS POST

တူရကီကလပ် ဘက်ဆစ်တပ်ထံသို့ ပီပီ ပြောင်းရွှေ့
06-Jul-2017 tagged as တူရကီ ဘောလုံး

အစ္စတန်ဘူလ်၊ ဇူလိုင် ၅

ရီးရဲလ်မက်ဒရစ်နှင့် စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီ ဖြစ်သော ပီပီသည် တူရကီကလပ် ဘက်ဆစ်တပ်ထံသို့ ၂ နှစ် သက်တမ်းရှိ စာချုပ်တစ်ရပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိသွားခဲ့ပြီ ဖြစ်ကြောင်း AS က ဖော်ပြထားသည်။

အသက် ၃၄ နှစ် အရွယ် ရှိပြီ ဖြစ်သည့် ပီပီသည် ၂၀၀၇ ခုနှစ် နွေရာသီကာလ ကစားသမား အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်တွင် ပေါ်တူဂီကလပ် ပေါ်တိုမှနေ၍ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ထံတွင် ကစားသမားဘဝ ဖြတ်သန်းခဲ့သည့် ၁၀ နှစ်တာ ကာလအတွင်း ပြိုင်ပွဲအရပ်ရပ်၌ ၎င်းက ပွဲစဉ်ပေါင်း ၃၃၇ ပွဲ ပါဝင်ကစားခွင့် ကို ရရှိခဲ့သည်။

ပီပီသည် ရီးရဲလ်မက်ဒရစ်နှင့်အတူ လာလီဂါအမှတ်ပေးပြိုင်ပွဲနှင့် ချန်ပီယံလိဂ်ပြိုင်ပွဲတို့တွင် သုံးကြိမ်စီ ချန်ပီယံဖြစ်ခွင့် ရခဲ့ကာ ပေါ်တူဂီလက်ရွေးစင် အသင်း၌ ၎င်းင်းမှာ ယခုအချိန်တိုင်သည်အထိ ပွဲထွက်ကစားသမားအဖြစ် နေရာပေးခြင်း ခံနေရဆဲ ဖြစ်သည်။

ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီ အသင်းသည် အစောပိုင်း၌ ပီပီကို ခေါ်ယူရန် စောင့်ကြည့်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၎င်း၏ အသက်အရွယ်နှင့် ၎င်းကို ပေးချေရမည့် လုပ်ခလစာမှာ အချိုးမညီမျှကြောင်း ထောက်ချင့်၍ ယင်းအစီအစဉ်ကို ရုပ်သိမ်းပစ်လိုက်ခြင်း ဖြစ်သည်။

E-11