News

POST TYPE

LATEST NEWS POST

တရားမဝင်အလုပ်သမား ခေါ်ယူသည့် အလုပ်ရှင်ကို အရေးယူမည့် ဥပဒေအသစ် ထိုင်းအစိုးရ ပြဋ္ဌာန်း
ရန်ကုန်၊ ဇွန် ၂၄

ထိုင်းနိုင်ငံသို့ တရားမဝင်ရောက် လာသည့် ရွှေ့ပြောင်း အလုပ်သမားများ သာမက တရားမဝင် အလုပ်ခန့်ထားသည့် အလုပ်ရှင်များကို ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အက်ဥပဒေအရ အရေးယူတော့မည်ဟု ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ အရာရှိ ဦးမိုးအောင်ခိုင်က ပြောကြား သည်။

အဆိုပါဥပဒေကို ထိုင်းအစိုးရက ဇွန် ၂၀ ရက်နေ့က တရားဝင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယင်းဥပဒေအသစ်ကြောင့် မြန်မာနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းလုပ်သား ခေါ်ယူမှုဈေးကွက်အတွင်း ရိုက်ခတ်လာဖွယ်ရှိသည်။ 

“သူတို့ဆီမှာ ၂၀ ရက်နေ့က တရားဝင် ထုတ်တယ်၊ ကျွန်တော်တို့ သံရုံးကို ၂၃ ရက က အကြောင်းကြားတယ်။ အခု ဒီဥပဒေကို မြန်မာလို အင်္ဂလိပ်လို ဘာသာပြန်ပြီး မြန်မာ အလုပ်သမားတွေကို အသိပေးဖို့ ဆောင်ရွက်နေပါတယ်၊ အခုပြဋ္ဌာန်းဥပဒေမှာက တရားမဝင်ခေါ်တဲ့ အလုပ်ရှင်တွေလည်း ထောင်ဒဏ်ငွေဒဏ်တွေပါလာတယ်”ဟု ၎င်းက ဆိုသည်။

ယင်းဥပဒေအသစ်တွင် တရားမဝင် အလုပ် လုပ်ကိုင်နေသည့် ရွှေပြောင်း လုပ်ကိုင်နေသည့် အလုပ်သမားနှင့် အလုပ်ခန့်သည့် အလုပ်ရှင်ကိုပါ ထိုင်းအစိုးရမှ ရွှေ့ပြောင်း အလုပ်သမားဆိုင်ရာ အက်ဥပအရ ထောင်ဒဏ်နှင့်ငွေဒဏ် ချမှတ်မည်ဟု ထိုင်းနိုင်ငံဆိုင်ရာ ဦးမိုးအောင်ခိုင်က ဆိုသည်။ 

အသစ်ပြဋ္ဌာန်းလိုက်သည့် ဥပဒေတွင် အလုပ်လုပ်ခွင့်မရှိသည့် နိုင်ငံခြားသားများ အလုပ် လုပ်ကိုင်နေပါက  ဒဏ်ကြေး ဘတ်ငွေ ၄ သိန်းမှ ၈ သိန်းအထိ ပြစ်ဒဏ် ချမှတ်သွားမည် ဖြစ်သည်။

ထို့ပြင် နိုင်ငံခြားသား အလုပ်သမား အလုပ်လုပ်ခွင့် လက်မှတ်တွင်ပါရှိသော အချက်များတွင် လုပ်ငန်း အမျိုးအစားနှင့် မတူညီသော အလုပ်ကို လုပ်ကိုင်နေပါက  ဘတ်လေးသိန်းထက် မပိုသော ဒဏ်ကြေး ငွေနှင့်ညီသည့် ပြစ်ဒဏ်ချမှတ်မည်ဖြစ်သည်။

အလုပ်လုပ်ခွင့်မရှိဘဲ အလုပ်လုပ် ခြင်းနှင့် နိုင်ငံခြားသားများကို တားမြစ်ထားသည့် အလုပ်လုပ်ကိုင်ပါက ထောင်ဒဏ် ၅ နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ဘတ် နှစ်ထောင်မှ  ဘတ်တစ်သိန်းထိရှိသည့် ဒဏ်ကြေးငွေ သို့မဟုတ် ထောင်ဒဏ်နှင့် ဒဏ်ကြေး နှစ်မျိုးလုံး  အပြစ်ဒဏ်ရှိသည်။ 
နိုင်ငံခြားသား အလုပ်သမားများကို ခေါ်ဆောင်လာကာ နိုင်ငံတွင်မှ အလုပ်ရှင်နှင့် အလုပ်လုပ်ရန် ရှာပေးနိုင်သည်ဟု လိမ်ညာလှည့်ဖြားသူများကို ထောင်ဒဏ် ၃ နှစ်မှ ၁၀ နှစ်  သို့မဟုတ် ဒဏ်ကြေးအဖြစ် ဘတ် ၆ ထောင်မှ ဘတ် ၁၀ သိန်းအထိ ထောင်ဒဏ်ငွေဒဏ် နှစ်ရပ်လုံး ကျခံရမည် ဖြစ်သည်။

အလုပ်လုပ်ခွင့်မရဘဲ အလုပ်လုပ်ခြင်း သို့မဟုတ် နိုင်ငံခြားသား အလုပ်သမားတွေကို တားမြစ်ထားတဲ့အလုပ်တွေမှာ အလုပ်လုပ်ခြင်းကို ပြုလုပ်တဲ့ နိုင်ငံခြားသားဟာ ၅ နှစ်ထက်မပိုတဲ့ ထောင်ဒဏ် သို့မဟုတ် ဘတ်ငွေ ၂၀ဝ၀ ကနေ ၁ သိန်းအထိ ဒဏ်ငွေ ရှိကြောင်း သို့မဟုတ် ထောင်ဒဏ်နဲ့ ငွေဒဏ် နှစ်မျိုး လုံး အပြစ်ဒဏ်ရှိပါတယ်။

ထို့အပြင်  အလုပ်ရှင်မှ အလုပ်သမား များ၏ အရေးကြီးစာရွက်စာတမ်းတွေကို သိမ်းယူခဲ့လျှင် ထောင်ဒဏ် ၆ လ သို့မဟုတ် ဒဏ်ကြေး ၁ သိန်း သို့မဟုတ် ထောင်ဒဏ် ငွေဒဏ် နှစ်မျိုးလုံး  ချမှတ်နိုင်သည်။

လုပ်ငန်းရှာဖွေရေး ဦးစီးဌာနညွန် ကြားရေးမှူး၏ ခွင့်ပြုမိန့်မရဘဲ နိုင်ငံခြားသား အလုပ်သမားတွေကို အလုပ်ခန့်၍ လုပ်ငန်း တည်ထောင်ပါက ထောင်ဒဏ် ၁ နှစ်မှ ၃ နှစ်အထိ သို့မဟုတ် ဘတ်ငွေ ၂ သိန်းမှ ၆ သိန်းအထိ သို့မဟုတ် ပြစ်ဒဏ် နှစ်မျိုးလုံး ချမှတ်ခံရနိုင်သည်ဟုလည်း ထိုင်းအစိုးရ၏ ယင်းဥပဒေတွင် ပြဋ္ဌာန်းထားသည်။

J -18