News

POST TYPE

LATEST NEWS POST

ခြောက်နှစ်အတွင်း အငှားယာဉ်စလစ်ဈေး လူစီးစလစ်ဈေးအထက်သို့ ပထမဆုံးရောက်
18-Jun-2017 tagged as

ရန်ကုန်၊ ဇွန် ၁၈

နယ်လိုင်စင် မော်တော်ယာဉ်များကိုပါ နံပါတ်အနက်မှအနီသို့ ပြောင်းလဲခွင့် ပိတ်ပင်လိုက်ခြင်းကြောင့် အငှားယာဉ်စလစ်ဈေးနှုန်းများသည် လူစီး စလစ်ဈေးနှုန်း အထက်သို့ စလစ်ဈေးကွက် စတင်ပေါ်ပေါက်ခဲ့သည့် ၂၀၁၂ ခုနှစ် အတွင်းမှစ၍ ယခုကာလအထိ (ခြောက်နှစ်အတွင်း) ပထမဆုံး ရောက်ရှိလာကြောင်း မော်တော်ယာဉ်ဈေးကွက် အတွင်းမှ သိရသည်။

အငှားယာဉ်စလစ်ဈေးသည် လူစီး ယာဉ်စလစ်ဈေးထက် တစ်စောင်လျှင် ၁၀ သိန်းခန့် မြင့်တက်သွားခြင်းဖြစ်ပြီး အငှားယာဉ်စလစ်နှင့် ယာဉ်အိုယာဉ်ဟောင်း ဈေးနှုန်းမှာလည်း မြင့်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ သိရသည်။

အငှားယာဉ်စလစ်ဈေးသည် ယခင်အပတ်ကထက် တစ်စောင်လျှင် ကျပ် ၁၁ သိန်းခန့်နှင့် အငှားယာဉ် ယာဉ်အိုယာဉ်ဟောင်း တစ်စီးလျှင် ကျပ် ကိုးသိန်းခန့်ထိ မြင့်တက်လာခြင်းဖြစ်ပြီး လူစီးစလစ် ဈေးနှုန်းများသည်လည်း ယခင်အပတ်ကထက် နှစ် ၂၀ အမည်ပေါက် စလစ်တစ်စောင်လျှင် ကျပ် နှစ်သိန်းခန့်၊ အမည်မပေါက်သည့် စလစ်တစ်စောင်လျှင်က ကျပ်တစ်သိန်းခန့်နှင့် အပ်နှံခွင့်ကျပြီး ခရီးသည်ယာဉ် တစ်စီးလျှင် ကျပ်နှစ်သိန်းခန့်ထိ မြင့်တက်လာကြောင်း စလစ်ဈေးကွက်အတွင်းမှ သိရသည်။

“အရောင်းအဝယ်က ပုံမှန် ပြန်ဖြစ်လာတယ်။ အရင်က နယ်လိုင်စင်ကားတွေကို အနက်ကနေ အနီပြောင်းလို့ရတယ်။ အခုက မရတော့လို့ အပ်ကားရှားလို့ ဈေးတက်လာတာပါ”ဟု စလစ်ဝယ်ရောင်း ဦးမောင်မောင်ဇော်က ပြောဆိုသည်။

လက်ရှိ နှစ် ၂၀ စလစ်တစ်စောင်လျှင် ကျပ် ၉၄ သိန်းခန့်၊ နှစ် ၂၀ စလစ်တစ်စောင်လျှင် ကျပ် ၈၉ သိန်းခန့်၊ အပ်နှံခွင့်ကျပြီး ခရီးသည်တင်ယာဉ် တစ်စီးလျှင် ၈၃ သိန်းခန့်၊ အငှားယာဉ် စလစ်တစ်စောင်လျှင် ကျပ် ၉၈ သိန်းနှင့် အငှားယာဉ် ယာဉ်အိုယာဉ်ဟောင်း တစ်စီးလျှင် ကျပ် ၉၄ သိန်းခန့် ဈေးရှိကြောင်း စလစ်ဈေးကွက်အတွင်းမှ သိရသည်။

S-04

  • TAGS