News

POST TYPE

LATEST NEWS POST

အမျိုးသမီးများ အကြမ်းဖက်ခံရမှု တိုင်ကြားမှုအဆင့်တွင် အခက်အခဲရှိ
မိတ္ထီလာ၊ ဧပြီ ၂၆

အမျိုးသမီးများ အကြမ်းဖက်ခံရမှုတွင် ဥပဒေအရ ရင်ဆိုင်ရန် တရားရုံးသို့ မရောက်မီတိုင်ကြားမှု အဆင့်မှာပင် အခက်အခဲများစွာ ရှိနေကြောင်း Legal Clinic Myanmar (ဥပဒေရေးရာ ကုစားရေးအဖွဲ့- မြန်မာ)တွင် ဒါရိုက်တာအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသော တရားလွှတ်တော် ရှေ့နေ ဒေါ်လှလှရီက ပြောကြားသည်။

အမျိုးသမီးများ အကြမ်းဖက်ခံရသော ကိစ္စများတွင် အမျိုးသမီး ရဲအရာရှိ ထံတွင်သာ တိုင်ကြားနိုင်ခွင့်၊ ကာယကံရှင် အမျိုးသမီးအတွက် အဆင်ပြေမည့်နေရာတွင်သာ တိုင်ကြားနိုင်ရေးအတွက် တောင်းဆိုနိုင်ရန် အခွင့်အရေးများ မရှိသေးကြောင်း၊ အမျိုးသမီး အများစုသည် တရားရုံး၊ ရဲစခန်း စသော နေရာများသို့ သွားရောက်ရမည်ကို ကြောက်ရွံ့ကြသဖြင့် ကျူးလွန်သူကို တရားစွဲဆိုရန် နောက်ဆုတ်သွားလေ့ရှိကာ သက်ငယ် မုဒိမ်းမှု ကဲ့သို့သော အမှုများတွင် ခရိုင် တရားရုံးအဆင့်တွင် ကြားနာ စစ်ဆေးသဖြင့် သွားလာရေး၊ အချိန်နှင့် ငွေကြေး အခက်အခဲများ ရှိနေကြောင်း ၎င်းက ပြောဆိုသည်။ 

“အမျိုးသမီးတစ်ယောက် မုဒိမ်းကျင့် ခံရပြီဆိုရင် သေချာတယ်။ အဲဒီအမျိုးသမီးဟာ အမျိုးသား ရဲအရာရှိရှေ့မှာပြောရဲမှာ မဟုတ်ဘူး။ သူ့မှာ အကန့်အသတ် ရှိတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်လှလှရီက ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ကဲ့သို့သော အခြား ဆက်စပ် ဝန်ကြီးဌာနများနှင့် ယင်းကိစ္စကို ညှိနှိုင်းရာတွင် အမျိုးသမီးဝန်ထမ်းဦးရေကို အချိန်တိုအတွင်း ထပ်မံတိုးချဲ့ရန် မဖြစ်နိုင်သေးကြောင်း လူမှုဝန်ထမ်းဦးစီးဌာန (နေပြည်တော်) အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဖြိုးသုန္ဒာက ရှင်းပြသည်။

ပြီးခဲ့သည့် ၂၀၁၆ ခုနှစ်အတွင်းက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားခဲ့သော မုဒိမ်းမှု တစ်ထောင်ကျော်အနက် အရွယ်မရောက်သေးသောသူကို ကျူးလွန်သည့် သက်ငယ် မုဒိမ်းမှု အရေအတွက်မှာ ၆၇၁ မှု ရှိခဲ့ ကြောင်း အစိုးရ၏ ထုတ်ပြန်ချက်အရ သိရသည်။   

R-01