News

POST TYPE

LATEST NEWS POST

ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ(၂)တပ်ရင်းမှူး ကွယ်လွန်
24-Apr-2017 tagged as ကရင် KNU

တောင်ငူ၊ ဧပြီ၂၄

ကရင်အမျိုးသား အစည်းအရုံးလက်အောက်ရှိ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အခြေစိုက် KNU တပ်မဟာ (၂) စစ်ရေးတာဝန်ခံ ဗိုလ်မှူးချုပ် အဆင့်ရှိသူ ဖဒိုစောဂျော့စ်မေသည် ၉၆ ပါးသော ရောဂါဖြင့် ယနေ့ (ဧပြီ ၂၄ ရက်) ကွယ်လွန်သွားကြောင်း ကရင်အမျိုးသား အစည်းအရုံးထံမှ သိရှိရသည်။

“ယနေ့ (ဧပြီ ၂၄ ရက်) မနက် ၅ နာရီလောက်က ဆုံးပါးသွားတာပါ။ လက်ရှိမှာတော့ ဘယ်နေ့ သင်္ဂြိုဟ်မယ်ဆိုတာနဲ့ အချိန် အတိအကျ ပြောလို့မရသေးဘူး။ အကုန် ညှိနှိုင်းတိုင်ပင်ရဦးမယ်”ဟု KNU တပ်မဟာ(၂) ဗိုလ်မှူးကြီး စောဒဲလ်ဖိုးက ပြောကြားသည်။

ကရင်အမျိုးသား အစည်းအရုံး KNU တပ်မဟာ (၂) စစ်ရေးတာဝန်ခံ၊ တပ်ရင်းမှူးလည်းဖြစ်သည့် ဖဒိုစောဂျော့စ်မေ သည် ကွယ်လွန်ချိန်တွင် အသက် ၇၈ ခန့် ရှိပြီဖြစ်ပြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ် ရှားစေးဖို ကျေးရွာအုပ်စု တောကုန်းကျေးရွာ စခန်းဌာနချုပ်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

R-15