POST TYPE
LATEST NEWS POST
အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် တရုတ်သို့ သွားရောက်
ရန်ကုန်၊ ဧပြီ ၂၁

သမ္မတ ဦးထင်ကျော်နှင့် ပြန်ထောင်စုဝန်ကြီး သုံးဦးပါ မြန်မာချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံသို့ ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက သွားရောက်ခဲ့သေးပြီး ယခု ပြည်ထောင်စုဝန်ကြီးအဆင့် ပုဂ္ဂိုလ်တစ်ဦး တရုတ်သို့ ထပ်မံသွားရောက်ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်၊ ၂၁ ရာစု ပင်လုံညီလာခံနှင့် တရုတ်-မြန်မာ နယ်စပ်တည်ငြိမ်ရေး ကိစ္စများကို ဦးသောင်းထွန်းနှင့် တွေ့ဆုံစဉ် မစ္စတာ ဝမ်ရီက ဆွေးနွေးခဲ့ကြောင်း တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဦးသောင်းထွန်းနှင့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်နိုင်ငံမြို့တော် ဘေဂျင်းမှအပြန်တွင် မြန်မာနိုင်ငံနှင့်ကပ်လျက် အိမ်နီးချင်းပြည်နယ် ဖြစ်သော ယူနန်ပြည်နယ်သို့ ဝင်ရောက်၍ ယူနန်တက္ကသိုလ် Institute Of Myanmar Studies တွင် တရုတ်-မြန်မာ နှစ်နိုင်ငံ ဆက်ဆံရေး အခြေအနေကို ဆွေးနွေးခဲ့ကြောင်း ဆွေးနွေးပွဲ တက်ရောက်သူအချို့ထံမှ သိရသည်။
မြန်မာနိုင်ငံ၏ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်တာဝန်ကို စတင်ထမ်းဆောင်ပြီးနောက် ဦးသောင်းထွန်းသည် အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် တရားဝင်ခရီး သွားရောက်ခဲ့ပြီး အိန္ဒိယနိုင်ငံ အမျိုးသားလုံခြုံရေး အကြံပေး အပါအဝင် ဝန်ကြီးအများအပြားနှင့် တွေ့ဆုံခဲ့သော်လည်း တွေ့ဆုံဆွေးနွေးသည့် အကြောင်းအရာကို နှစ်ဖက်လုံးက ထုတ်ပြန်ခဲ့ခြင်း မရှိပေ။
-
20-Apr-2018
-
20-Apr-2018
-
20-Apr-2018
-
20-Apr-2018
-
20-Apr-2018
-
20-Apr-2018
-
02-Apr-2018