POST TYPE
LATEST NEWS POST
တရားမဝင် ရွှေတူးဖော်သည့် တရုတ်နိုင်ငံသားများကိုဖမ်းမိ
11-Jan-2017
tagged as
ကျိုင်းတုံ၊ ဇန်နဝါရီ ၁၁
မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့နယ် မိုင်းကိုးကျေးရွာအုပ်စု ဟွေလန်းရွာအနီးရှိ တောင်ပေါ်တွင် တရားမဝင် ရွှေတူးဖော်နေသည့် တရုတ်နိုင်ငံသားများ ပါဝင်သည့်အဖွဲ့ကို ဆက်စပ် စက်ပစ္စည်းများနှင့်အတူ ဇန်နဝါရီလ ၉ ရက်နေ့က ဖမ်းဆီးရမိကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
“တရုတ်နိုင်ငံသား ရှစ်ဦးနဲ့ မြန်မာနိုင်ငံသား မန်နေဂျာ တစ်ဦး အပါအဝင် မြန်မာ၂၁ ဦးကို ဖမ်းဆီး အရေးယူထားတယ်။ အခြား ရွှေတွင်းတွေကလည်း တရားမဝင် တူးဖော်နေတာ ဟုတ် မဟုတ် စစ်ဆေးနေတယ်”ဟု ကျိုင်းတုံမြို့ ပြည်နယ်ဒုတိယ ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူး(ဦးစီး)မျိုးသိန်းက ပြောကြားသည်။
တရားမဝင် ရွှေတူးဖော်နေသူများနှင့်အတူ ဘူဒိုဇာယာဉ် တစ်စီး၊ ဘက်ဟိုးယာဉ် သုံးစီး၊ မြေသယ်ယာဉ် သုံးစီး၊ တရုတ်မီးစက် လေးလုံးနှင့် ဒီဇယ်ပီပါ ၁၀ လုံးတို့ကို ဖမ်းဆီးရမိကြောင်း မှုခင်းမှတ်တမ်းများအရ သိရသည်။
R-16



-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
25-Apr-2018
-
22-Apr-2018
-
02-Apr-2018