POST TYPE

LATEST NEWS POST

သမ္မတ အာဒိုဂန်ကို လက်ဖက်ရည် ဖျော်မတိုက်နိုင်ဘူးလို့ ပြောတဲ့ စားသောက်ဆိုင် ပိုင်ရှင် အဖမ်းခံရ
27-Dec-2016 tagged as သမ္မတ တူရကီ

တူရကီ အတိုက်အခံ သတင်းစာက ဝန်ထမ်းသက်သာ စားသောက်ဆိုင် ပိုင်ရှင် တစ်ဦး အဖမ်း ခံရပါတယ်။ သူ့ပြစ်မှုကတော့ သမ္မတ ရီဆပ်တေရစ်အာဒိုဂန် ဆိုင်ကိုလာရင် လက်ဖက်ရည် ဖျော်မတိုက်နိုင်ဘူးလို့ ပြောခဲ့တာကြောင့် ဖြစ်ပါတယ်။ ဆီနော်ဘူရန်လို့ အမည်ရတဲ့ ဆိုင်ပိုင်ရှင်ကို သမ္မတအား အကြည်ညိုပျက်စေမှုနဲ့ စွပ်စွဲထားတာ ဖြစ်ပါတယ်။ 

ခုလိုမျိုး သမ္မတကို လက်ဖက်ရည် မဖျော်ပေးနိုင်ဘူးလို့ ပြောကြားခဲ့မှုဟာ စော်ကားတာ မဟုတ်ဘူးလို့ သူ့ရှေ့နေက ပြောကြားပါတယ်။ ဇူလိုင်လက ဖြစ်ပွားခဲ့တဲ့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှု အပြီးမှာ အတိုက်အခံတွေကို ဖမ်းဆီးမှု ပိုမို ကြမ်းလာပါတယ်။ အာဒိုဂန်ကို ဆန့်ကျင်ရေးသားတဲ့ သတင်းစာ အနည်းငယ်သာ ကျန်ပြီး အဲဒီကန်တင်းရှိတဲ့ သတင်းစာက တစ်စောင် ဖြစ်ပါတယ်။ မစ္စတာအာဒိုဂန် မိန့်ခွန်း ပြောနေတာကြောင့် လမ်းပိတ်နေချိန်မှာ လက်ဖက်ရည်ဆိုင် ပိုင်ရှင်က လုံခြုံရေးရဲတွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

“ဒီလူကို လက်ဖက်ရည် တစ်ခွက်တောင် ဖျော်မတိုက်နိုင်ဘူး”လို့ မစ္စတာဘူရန်က ရဲတွေကို ပြောခဲ့တာပါ။

F-02