POST TYPE
LATEST NEWS POST
မူးယစ်ဆေးဝါးမှုဖြင့် အမျိုးသမီးတစ်ဦး ဖမ်းဆီးခံထားရတဲ့ကိစ္စ အမှုမှန်ပေါ်ရေး ဆန္ဒပြ
25-Jan-2021

ရန်ကုန်၊ ဇန်နဝါရီ ၂၅
မူးယစ်ဆေးဝါးအမှုနဲ့ ဖမ်းဆီးအရေးယူထားတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်ရေးအတွက် ရန်ကုန်မြို့၊ မဟာဗန္ဓုလပန်းခြံရှေ့မှာ ဇန်နဝါရီ ၂၅ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီဆန္ဒပြပွဲမှာ ဦးဆောင်သူနဲ့ လူ ၁၁ ဦးဟာ မည်သည့်ေြွကးကြော်သံမှပြုလုပ်ခြင်းမရှိဘဲ မတရားမှုကိုဆန့်ကျင်ကြ၊ ရပ်ကွက်နေ ဆယ်အိမ်မှူး ရာအိမ်မှူးများ မသိဘဲ ဖမ်းဆီးခံခြင်းမှ လွတ်မြောက်ရေး၊ မတရားဖမ်းဆီးခံရမှုမှ လွတ်မြောက်ရေး၊ အရွယ်မရောက်သည့် မိန်းကလေးနှစ်ဦး၏ ဂုဏ်သိက္ခာအား ထောက်ထားပါ စတဲ့ ဆိုင်းဘုတ်တွေကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။
ဆန္ဒပြရခြင်းအကြောင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာ ၂၇ ရက်နေ့က သာကေတမြို့နယ်၊ ၂ တောင်ရပ်ကွက်၊ မာန်ပြေ ၃ လမ်းရှိ နေအိမ်တစ်အိမ်မှာ အမျိုးသမီးတစ်ဦးကို မူးယစ်ဆေးဝါးရောင်းတယ်ဆိုကာ လုပ်ကြံဖမ်းဆီးခံရတဲ့အတွက် ဆန္ဒပြကြတာဖြစ်ပါတယ်။
အဲ့ဒီကိစ္စနဲ့ပတ်သက်လို့ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၀ ရက်နေ့ကလည်း အလွတ်တန်းသတင်းထောက်တစ်ဦးဟာ ဖမ်းဆီးခံထားရတဲ့ ဒေါ်လှလှဌေး(ခ)မမှုံကိစ္စကို အမှုမှန်ပေါ်ပေါက်ဖို့ တစ်ကိုယ်တော်ဆန္ဒပြမှု ပြုလုပ်ခဲ့ပါသေးတယ်။
အေးချမ်းသူ (VOM)
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021