News

POST TYPE

LATEST NEWS POST

စစ်ကိုင်းတွင် သစ်တင်လာသည့် ပရဟိတကားက ဆိုင်ကယ်ကိုတိုက်ကာ ထွက်ပြေး
24-Jan-2021
စစ်ကိုင်း၊ ဇန်နဝါရီ ၂၄  

စစ်ကိုင်းမြို့မှာ မေတ္တာရှင်အသင်းတံဆိပ်နဲ့ ပရဟိတကားက သစ်တင်လာတယ်လို့သတင်းအရ ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်ပိုင်းက စစ်ကိုင်းမြို့မရဲစခန်းက နယ်ထိန်းတပ်ဖွဲ့ဝင်တွေဟာ စစ်ကိုင်းမြို့ အိုးဘိုးရပ် အသင်္ခယာစောယွန်းရုပ်တု အဝိုင်းပတ်ကနေတားဆီးစဉ် ရပ်တန့်မပေးဘဲ မောင်းနှင်သွားတဲ့အတွက် စစ်ကိုင်းမြို့မရဲစခန်းက တာဝန်ရှိသူတွေ၊ စစ်ကိုင်းမြို့က ပရဟိတအသင်းတွေက အဖွဲ့ဝင်တွေက လိုက်လံဖမ်းဆီးစဉ် ကောင်းမှုတော်ဘုရားဘက် အရောက်တွင်လိုက်မမီ၍ ထွက်ပြေးလွတ်မြောက်သွားခဲ့ပါတယ်။

"အိုးဘို အသင်္ခယာအဝိုင်းပတ်မှာ တားတော့တားတဲ့ရဲပါ ဝင်တိုက်တာ၊ ရဲက ရှောင်တာမြန်သွားလို့။ ကျွန်တော်တို့လည်း စစ်ကိုင်းမြို့အဝင် ဃဥဠှီု ဂိတ်ကို လှမ်းအကြောင်းကြားတော့ အဲကားက COVID ဂိတ် မရောက်ခင်လှည့်ပတ်ပြေးတာ၊ အကုန်လုံးလိုက်ရင်းနဲ့ ကောင်းမှုတော်ဘက်ကျပျောက်သွားတယ်၊ ပြီးတော့အဲဒီကားက ခရိုင်ချင်းဆက်လမ်းကနေ ကျောက်တာကျေးရွာအရှေ့ဘက်ပြန်ဖောက်ထွက်ပြီး မင်းကွန်းလမ်းကြားကနေ ပြန်ထွက်လာတာ သီတဂူနားရောက်နေတယ်သတင်းရလို့ ပိတ်လိုက်တော့ ကိုးပေမှာ မီးနီမိသေးတယ်။ သူတို့ကကားကို မီးတန်းဖွင့်ထားတယ် PPE ဝတ်ထားတယ်၊ သူတို့နောက်လိုက်နေတဲ့ ပရဟိတ ကောင်လေးနှစ်ယောက်က ယာဉ်ထိန်းကို လှမ်းအော်တယ် ယာဉ်ထိန်းက မကြားတာလား၊ မသိတာလားမသိ။ မီးနီစိမ်းတော့ ဖြတ်မောင်းတဲ့အချိန် ယာဉ်ထိန်းထွန်းထွန်းလင်းက ရှေ့ကပိတ်တားတော့ သူကိုပစ်တိုက်တာ။ သူက ရှောင်လိုက်တော့ ဆိုင်ကယ်ချိတ်ပါသွားတာ အဲမှာ ကျွန်တော်တို့လိုက်ကြတော့ သူတို့က လမ်းအတော်ကျွမ်းတယ် နောက်တော့ရွှေကြက်ယက်မှာ COVID ဂိတ်တစ်ဂိတ် ရှိသေးတော့ အဲဂိတ်ကိုရှောင်ပြီး ရွှေကြက်ယက်ကျေးရွာထဲဝင်ပြေးတာ အဲမှာဆက်လိုက်တော့ ရွှေကြက်ယက် သံလမ်းအဆင်းကနေဆင်းပြီ အတွင်းလမ်း တံတားဖြူလမ်းကနေ အစပျောက်သွားတာ၊ မန္တလေးအသင်းတွေကို ချိတ်ဆက်ပြီလိုက်ခိုင်း တော့ မန္တလေးအသင်းကားတွေနဲ့လည်း ညှိသွားတယ်ပြောတယ်၊ စက်မှုထဲမှာတင် ခြေရာပျောက်သွားတယ် လိုက်တော့ရှာနေတယ်"လို့ အိုးဘို ကျန်းမာရေးနှင့် လူမှုကူညီရေးအသင်းမှ ကိုသံမဏိက ပြောပါတယ်။

ကားနဲ့ တိုက်မလိုလုပ်ခံရတဲ့ အမှတ် ၁၀၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စုရုံး (စစ်ကိုင်း) က ယာဉ်ထိန်း ထွန်းထွန်းလင်းက"အဲဒီကားက ကိုးပေမီးပွိုင့်ကိုရောက်နေပြီး မန္တလေးဘက် အတက်လမ်းကနေ တက်လာနေတယ်ဆိုတော့ ကျွန်တော်ကို တားခိုင်းထားတော့ တားပေးတယ်။ အဲဒီမှာ ရပ်မပေးဘူး ကျွန်တော်ရှေ့က ဆိုင်ကယ်တစ်စီးကို ဝင်တိုက်ပြီး မောင်းပြေးသွားတာ"လို့ ပြောပါတယ်။

အဲလိုထွက်ပြေးသွားတဲ့ မေတ္တာရှင်အသင်းတံဆိပ်နဲ့ ပရဟိတကားကို ဖမ်းဆီးရမိဖို့ မန္တလေးရဲတပ်ဖွဲ့နဲ့ပူးပေါင်းပြီး ရှာဖွေနေတယ်လို့ သိရပါတယ်။ 

မောင်တာရာ (VOM)