POST TYPE
LATEST NEWS POST
ချောက်မြို့ရှိ စက်သုံးဆီဆိုင်ဝန်ထမ်းများ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများ သရုပ်ပြလေ့ကျင့်
24-Jan-2021

ချောက်၊ ဇန်နဝါရီ ၂၄
ချောက်မြို့ပေါ်ရှိ စက်သုံးဆီဆိုင်ဝန်ထမ်းများသည် ဇန်နဝါရီ ၂၄ ရက်နေ့နံနက်ပိုင်းက DENKO စက်သုံးဆီဆိုင်ဝင်းအတွင်း၌ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်နည်းများ သရုပ်ပြလေ့ကျင့်ခဲ့သည်။
စက်သုံးဆီဆိုင်လေးဆိုင်မှ ဝန်ထမ်းများ မီးငြှိမ်းသတ်တတ်စေရန် လက်တွေ့လေ့ကျင့်စေခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးသိန်းဝင်းက ပြောဆိုသည်။
စက်သုံးဆီဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းနှင့်အတူ မီးလောင်မှုဖြစ်လာပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်တတ်စေရန် လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ကြောင်း၊ စက်သုံးဆီဆိုင်ဝန်ထမ်းများအနေနှင့် မီးလောင်မှုဖြစ်လာခဲ့ပါက ကြောက်ရွံ့မနေဘဲ မိမိတို့ဆိုင်တွင်ရှိသော မီးသတ်ဆေးဘူးများဖြင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ပါက ပျက်စီးဆုံးရှုံးမှုနည်းမည်ဖြစ် ကြောင်းလည်း ၎င်းက ဆက်လက်ပြောဆိုသည်။
"ဆိုင်ကြီးတွေကတော့ ကုမ္ပဏီဆိုင်ကြီးတွေဖြစ်တဲ့အတွက် တော်တော်လေးပြည့်စုံတယ်။ ပုဂ္ဂလိကဆီဆိုင်လေးတွေအနေနဲ့ကျတော့ လိုအပ်ချက်တွေ ရှိတာပေါ့။ လိုအပ်ချက်တွေ ရှိပေမယ့်လည်း ကျွန်တော်တို့က တဖြည်းဖြည်းနဲ့ဖြည့်ခိုင်းရတာပေါ့"ဟု မီးသတ်ဦးစီး အရာရှိက ရှင်းပြသည်။
မီးသတ်ဦးစီးဌာနက ညွှန်ကြားထားသည့်အတိုင်း မီးသတ်ဆေးဘူးများ၊ မီးသတ်ဆေးဘူးတွန်းလှည်းများနှင့် ရေဂါလန် ၂၅၀ဝ ဆံ့ ရေကန်တို့ထားရှိကြောင်း၊ ရုံးချုပ်မှပို့ချသော Fair Saving သင်တန်းကိုလည်း နှစ်စဉ်ဝန်ထမ်းတစ်ဦး စေလွှတ်သင်ကြားစေခဲ့ ကြောင်း ချောက်မြို့ရှိ DENKO စက်သုံးဆီအရောင်းဆိုင် မန်နေဂျာဦးမြဝင်းအောင်က ပြောဆိုသည်။
အဆိုပါ လက်တွေ့သရုပ်ပြမှုကို မီးသတ်ဦးစီးဌာနက ဦးဆောင်ကာ DENKO၊ သိန်းဇော်၊ ဝင်းမော်၊ FAMOUS စသည့် စက်သုံးဆီဆိုင်များမှ ဝန်ထမ်း ၂၅ ဦးဖြင့် လေ့ကျင့်ခဲ့သည်ဟု မြို့နယ်မီးသတ်ဦးစီးဌာနထံမှသိရသည်။
R-11
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021