News

POST TYPE

LATEST NEWS POST

သဘာဝအရင်းအမြစ်များ ရေရှည်တည်တံ့ရေး သုတေသနစာတမ်းများဖိတ်ခေါ်
22-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၂၁

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာနကဦးဆောင်၍ သဘာဝအရင်းအမြစ်များ ရေရှည်တည်စေချင်၊ ရှုထောင့်စုံလင်ဆန်းသစ်တီထွင် (Innovative,Inclusive and Sustainable Natural Resource Management) ခေါင်းစဉ် ဖြင့် သုတေသနစာတမ်းများဖိတ်ခေါ်ထားကြောင်း ယင်းဌာနထံမှ သိရသည်။

တတိယအကြိမ်မြောက် သုတေသနစာတမ်းဖတ်ပွဲကို သဘာဝအရင်းအမြစ်များ ရေရှည်တည်စေချင်၊ ရှုထောင့်စုံလင်ဆန်းသစ်တီထွင် (Innovative,Inclusive and Sustainable Natural Resource Management) ခေါင်းစဉ် ဖြင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း၌ ၂၀၂၁ ခုနှစ်၊ မတ်လ ၄ ရက်နှင့် ၅ ရက်နေ့များတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှထုတ်ပြန်ကြေညာသည့် လမ်းညွှန်ချက်များနှင့်အညီ ပြုလုပ်မည်ဖြစ်သည်။ 

သို့ဖြစ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ရေအရင်းအမြစ်ဆိုင်ရာ သုတေသနဆောင်ရွက်နေသူများအားလုံးကို စာတမ်းများနှင့် ပိုစတာများတင်သွင်းဖတ်ကြား ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ထားခြင်းဖြစ်သည်။ 

တင်သွင်းမည့် စာတမ်းအကျဉ်းနှင့် အကျယ်ကို Line spacing 1.15 ၊ Pages 10 - 15 ကို အင်္ဂလိပ်ဘာသာ (Time New Roman ၊ Font size 12) ဖြင့်ဖြစ်စေ၊ မြန်မာဘာသာ(Pyidaungsu ၊ Font size 13) ဖြင့်ဖြစ်စေ၊ ပိုစတာ (အလျား ၃ ပေ၊ အနံ ၄ ပေ) ဖြစ်စေ ပြင်ဆင်၍ Hard copy ၊ Soft copy နှင့်တကွ စာတမ်းရှင်၏ အမည်နှင့် ဆက်သွယ်ရန်လိပ်စာအပြည့်အစုံဖော်ပြပြီး ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ နောက်ဆုံးထား၍ ပေးပို့နိုင်ကြောင်း စိုက်ပျိုးရေးသုတေသနဦးစီးဌာနထံမှ သိရသည်။

အဆိုပါသုတေသနစာတမ်းများ ဆက်သွယ်ပေးပို့ရမည့် အီးမေးလ်လိပ်စာများမှာ ဒေါက်တာသက်ရည်ခိုင် [email protected] ၊ ဒေါက်တာသီသီအောင် [email protected] ၊ ဦးနေအောင်[email protected] ၊ ဒေါက်တာစုစုဝင်း ညွှန်ကြားရေးမှူး၊ မြေဆီလွှာ၊ ရေအသုံးချရေးနှင့် စိုက်ပျိုးရေးအင်ဂျင်နီယာဌာနခွဲ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း-နေပြည်တော် [email protected] ၊ ဖုန်း ဝ၉၂၀၂၄၀၅၂ နှင့် ဒေါက်တာထွန်းရွှေ ညွှန်ကြားရေးမှူး၊ ဆီထွက်နှင့် ပဲမျိုးစုံသီးနှံသုတေသနဌာနခွဲ၊ စိုက်ပျိုးရေးသုတေသနဦးစီးဌာန၊ ရေဆင်း- နေပြည်တော် [email protected] ၊ ဖုန်း ဝ၉၄၃၁၂၉၄၂၆ တို့ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။         

S-07