POST TYPE
LATEST NEWS POST
အမေရိကန်၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒ ပြောင်းလဲပေးရန်မက္ကဆီကို အစိုးရတောင်းဆို
20-Jan-2021

မက္ကဆီကိုစီးတီး၊ ဇန်နဝါရီ ၁၉
ဟွန်ဒူးရပ်စ်နိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းအခြေချရန် ကြိုးပမ်းသူ လူအုပ်ကြီးလမ်းခုလတ်တွင် ဂွာတီမာလာနိုင်ငံ၌ ရဲများပိတ်ဆို့ထားသောကြောင့် ပိတ်မိနေချိန် အမေရိကန်နိုင်ငံ၏ လူဝင်မှုကြီးကြပ်ရေးမူဝါဒ ပြောင်းလဲပေးရန် မက္ကဆီကို သမ္မတအန်ဒရေမန်နျူရယ်လိုပက်ဇ်အော်ဘရာဒေါ က တိုက်တွန်းခဲ့ကြောင်းဟု BBC သတင်းဌာနတွင်ဖော်ပြသည်။
အမေရိကန်နိုင်ငံ သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဂျိုးဘိုင်ဒင်သည် အဆိုပါရွှေ့ပြောင်းများအရေးကို မက္ကဆီကိုအပါအဝင် အခြားနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မည်ဟု မျှော်လင့်ကြောင်း မက္ကဆီကိုသမ္မတက ပြောကြားခဲ့သည်။
ဟွန်ဒူးရက်စ်နိုင်ငံမှ အများစုပါဝင်သော တရားမဝင်ရွှေ့ပြောင်းအခြေချရန် ကြိုးပမ်းသူ ၇၀ဝ၀ နီးပါးသည် အမေရိကန်သို့ ဦးတည်ထွက်ခွာလာရာ၌ ယခုအခါ အိမ်နီးချင်းနိုင်ငံဖြစ်သော ဂွာတီမာလာတွင် ပိတ်မိနေကြသည်။
အဆိုပါ လူအုပ်ကြီးသည် မက္ကဆီကို နိုင်ငံကိုသွားရောက်ကာ မက္ကဆီကိုမှတစ်ဆင့် အမေရိကန်နယ်စပ်ကို ရောက်အောင်သွားမည့်သူများဖြစ်သည်။
ဖိစီးနှိပ်စက်မှုများ၊ နိုင်ငံရေးမငြိမ်သက်မှု အကြမ်းဖက်ခြင်းများနှင့် ဆင်းရဲနွမ်းနယ်ခြင်းဒဏ်မှ လွတ်မြောက်နိုင်ရန် မိမိတို့နေအိမ်ကိုစွန့်ခွာခဲ့ခြင်းဖြစ်သည်ဟု တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများက ပြောခဲ့ကြသည်။
ယမန်နှစ် နိုဝင်ဘာလတွင် ဗဟိုအမေရိကနိုင်ငံများ၌ ဟာရီကန်းအကြီးစား နှစ်ခုဝင်ရောက် မွှေနှောက်ခဲ့ခြင်းများကြောင့်လည်း ယင်းနိုင်ငံများတွင် နေထိုင်သူများ၏ အခြေအနေပိုမို ဆိုးရွားခဲ့ရသည်။
"လူဝင်မှု မူဝါဒအချို့ကို ပြုပြင်ပေးရမယ့်အချိန်ကို ရောက်ရှိလာပြီလို့ထင်ပါတယ်၊ ဒါကိုပဲ ကျွန်တော်တို့မျှော်လင့်နေရတာပါ" ဟု သမ္မတလိုပက်ဇ်က ပြောခဲ့သည်။
F-05
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021