POST TYPE
LATEST NEWS POST
ချောက်တွင် ဌာနဆိုင်ရာအဖွဲ့ ၁၇ ဖွဲ့ဖြင့် ရပ်/ကျေးအုပ်စု ကြီးကြပ်ရေးအဖွဲ့ဝင်ငါးဦး ရွေးချယ်မည်
19-Jan-2021

ချောက်၊ ဇန်နဝါရီ ၁၉
ချောက်မြို့နယ်အတွင်းရှိ မြို့ပေါ် ရပ်ကွက် ၁၅ ရပ်ကွက်၊ စလေမြို့ရှိ ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၅၁ အုပ်စုတို့တွင် အသစ်ပြန်လည်ရွေးချယ်မည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်းနှင့် ပတ်သက်၍ အစိုးရဌာနဆိုင်ရာ တာဝန်ရှိသူများပါဝင်သော ဌာနဆိုင်ရာ အဖွဲ့ ၁၇ ဖွဲ့ဖြင့် ပြည်သူလူထုကို အသိပညာပေးခြင်းနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ကြီးကြပ်ရေးအဖွဲ့ဝင်ငါးဦး ရွေးချယ်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဟု ချောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်ဆွေဝင်းက ပြောဆိုသည်။
ချောက်မြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး အစည်းအဝေးခန်းမ၌ ဇန်နဝါရီလ ၁၈ ရက်နေ့က ကြီးကြပ်ရေးတာဝန်ယူ ဆောင်ရွက်ရမည့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဝန်ထမ်းများကို ရပ်/ကျေး အုပ်ချုပ်ရေးဆိုင်ရာ ဥပဒေများ၊ ဒုတိယအကြိမ်ပြင်ဆင်သည့် နည်းဥပဒေများကို အသိပေးရှင်းလင်းခြင်းနှင့် ကူညီဆောင်ရွက်ရန် တာဝန်ပေးအပ်ခြင်းအခမ်းအနား၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။
"ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အသစ်ပြန်လည်ရွေးချယ်ခြင်းကို မတ်လကုန်မှာ အပြီးဆောင်ရွက်သွားဖို့အတွက် အသိပေး ရှင်းလင်းခြင်းဖြစ်တယ်" ဟု ၎င်းက ပြောဆိုသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ဦး ရွေးချယ်ခြင်း လုပ်ငန်းများကို ဇန်နဝါရီလ ၂၅ ရက်နေ့ မှစတင်ကာ လကုန်အတွင်း အပြီးရွေးချယ်နိုင်ရန် လျာထားကြောင်း၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ရွေးချယ်ထားသည့် ကြီးကြပ်ရေးအဖွဲ့များကို ဖေဖော်ဝါရီလဆန်းတွင် သင်တန်းပေးခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဟုလည်း ဦးကျော်ဆွေဝင်းက ရှင်းပြသည်။
"ဆက်လက်ပြီးတော့ ဆယ်အိမ်မှူး ရွေးချယ်ခြင်း၊ ရာအိမ်မှူးရွေးချယ်ခြင်း၊ ကျေးရွာခွဲ တာဝန်ခံရွေးချယ်ခြင်းနှင့် အုပ်ချုပ်ရေးမှူး ရွေးချယ်ခြင်း စတဲ့ လုပ်ငန်းအဆင့်ဆင့်ကိုတော့ ပြဋ္ဌာန်းထားတဲ့၊ ပြင်ဆင်ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့အညီ မတ်လကုန်မှာ အပြီးရွေးချယ်မှာ ဖြစ်ပါ တယ်" ဟု ၎င်းက ထပ်မံပြောဆိုသည်။
လာမည့် ဧပြီလ ၁ ရက်နေ့မှ စတင်ကာ အသစ်ပြန်လည်ရွေးချယ်ထားသော ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများကို တာဝန်ပေးနိုင်ရန်အတွက် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။
R-11
-
01-Mar-2021
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
01-Mar-2021