POST TYPE
LATEST NEWS POST
အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ဖြင့် မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ ဖြိုးရေးချေးငွေစီမံကိန်း ဆောင်ရွက်မည်
18-Jan-2021
ရန်ကုန်၊ ဇန်နဝါရီ ၁၇
ကမ္ဘာ့ဘဏ်အဖွဲ့အစည်း၏ ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၂၀ဝ ဖြင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ ၂၀၂၅ -၂၀၂၆ အထိ ၅ နှစ်ခွဲကာလအတွင်း မြန်မာ့ စားနပ်ရိက္ခာနှင့် စိုက်ပျိုးမွေးမြူရေးစနစ် ဖွံ့ ဖြိုးရေးချေးငွေစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနထံမှ သိရသည်။
မြန်မာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုး မွေးမြူရေးစနစ်ဖွံ့ဖြိုးရေးစီမံကိန်း၏ Covid-19 တုံ့ပြန်ရေးနှင့် သက်ဆိုင် သော လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇန်နဝါရီလ ၁၅ ရက်နေ့က Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းစီမံကိန်းကို စိုက်ပျိုးထုတ် လုပ်မှုများ တိုးတက်လာစေရန်၊ သီးနှံ အမယ်စုံ တိုးချဲ့စိုက်ပျိုးလာနိုင်စေရန်နှင့် ရွေးချယ်ထားသော တန်ဖိုးမြှင့်ကွင်းဆက် တစ်လျှောက်မှ စိုက်ပျိုးထုတ်ကုန်များ၏ အရည်အသွေး ပိုမိုကောင်းမွန်မှုနှင့် ဈေးကွက် ယှဉ်ပြိုင်မှုများ တိုးမြှင့်လာစေရေးတို့ အတွက် မျှော်မှန်းဆောင်ရွက်လျက်ရှိ ကြောင်း၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ သဘောထားမှတ်ချက်များအရ NFASP စီမံကိန်း ပထမနှစ် ဖြစ်သည့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွင်း လုပ်ငန်းများဆောင်ရွက်ရန် လျာထားရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၅၈၉ သန်းခန့်နှင့်ညီမျှသော မြန်မာကျပ်ငွေဖြင့် Covid-19 တုံ့ပြန် ရေးရန်ပုံငွေရရှိရေးဆောင်ရွက်ပြီး ဦးစီး ဌာနများ၏ လုပ်ငန်းစီမံကိန်းလိုက် အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလှကျော် နှင့် သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ တက်ရောက်ခဲ့ကြသည်။
S-07
- VIA
- Htun Myat Thu
- SOURCES
- The Voice
-
13-Feb-2021
-
13-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
09-Feb-2021
-
03-Feb-2021