News

POST TYPE

LATEST NEWS POST

ကိုဗစ်ကူးခံဖူးသူ အများစု ၅ လနီးပါး ပြန်လည်မကူးစက်နိုင်ကြောင်း ရှာတွေ့
15-Jan-2021


အင်္ဂလန်၊ ဇန်နဝါရီ ၁၄

ကိုဗစ်ကူးစက်ခံရကာ ပြန်လည်ကောင်းမွန်လာသူ အများစုသည် ငါးလနီးပါး ကိုဗစ်ထပ်မံကူးစက်ခံရနိုင်ခြေမရှိကြောင်း Public Health England အေဂျင်စီ ဦးဆောင်သော သုတေသနလေ့လာမှု တစ်ရပ်အရ သိရသည်ဟု BBC သတင်းဌာနက ဖော်ပြသည်။

ကိုဗစ်ကူးစက်ခံဖူးသူများနှင့် ကိုဗစ်ကူးစက်မခံဖူးသူများ ယှဉ်ကြည့်လျှင် ကိုဗစ်ကူးစက်ခံဖူးသူများသည် ကိုဗစ် ထပ်မံကူးစက်မခံရနိုင်ခြေ ၈၃ ရာခိုင်နှုန်းရှိသည်ကို ပညာရှင်များက ထုတ်ပြန်ခဲ့ကြသည်။

သို့သော် အချို့သော ကိုဗစ်ကူးစက် ခံရဖူးသူများသည် ထပ်မံကူးစက်ခံရနိုင်ပြီး ၎င်းမှ ကိုရိုနာဗိုင်းရပ်စ်ပိုး ပြန်လည်ကူးစက်ပျံ့နှံ့နိုင်ကြောင်း ပညာရှင်များက သတိပေးထုတ်ပြနဲ်ခဲ့သည်။

ကိုဗစ်ကူးစက်ခံရဖူးသူဖြစ်စေ ကူးစက်မခံရဖူးသူဖြစ်စေ နေအိမ်တွင် သာနေထိုင်ရမည့်စည်းကမ်းများကို  လိုက်နာကြရန်အာဏာပိုင်များက တိုက် တွန်းခဲ့ကြသည်။

ခုခံအားစွမ်းရည်သည် လူအချို့ ထင်သည်ထက် ပိုမိုကြာရှည်ပြီး ရလဒ်များ အလွန်ကောင်းမွန်ကြောင်း၊ သို့ရာတွင် ကာကွယ်မှုမှာ အကြွင်းမဲ့ဟု မဆိုနိုင်ကြောင်း လေ့လာမှုဦးဆောင်သူ ပါမောက္ခဆူဇန်ဟော့ပ်ကင်းစ်က ပြောခဲ့သည်။

ပြန်လည်ကူးစက်ခံရသူ အချို့သည် ရောဂါလက္ခဏာမပြသော်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုး အားပြင်းပြီး ၎င်းတို့ထံမှ အခြားလူများကို ကူးစက်နိုင်ခြေ မြင့်မားကြသည်ကို စိုးရိမ်သည်ဟု ဆူဇန် ကပြောသည်။

"သင်ဟာ ကူးစက်ခံထားရဖူးပြီးတော့ အကာအကွယ်ဖြစ်သွားတယ်ဆိုရင် ဆိုးရွားပြင်းထန်တဲ့ ကူးစက်မှုမျိုးထပ်မဖြစ်တော့ဘူးလို့ စိတ်ချရနိုင်ခြေများတယ်ဆိုပေမဲ့လည်း ပိုးကူးစက်မှု ထပ်ဖြစ်ပြီးတော့ အခြားသူတွေဆီ ပျံ့နှံ့ကူးစက်နိုင်ပါသေးတယ်" ဟု ဆူဇန်က ရှင်းလင်းပြောကြားခဲ့သည်။

"ဘယ်လိုပဲ ဖြစ်ဖြစ်ပါ၊ အရေးကြီးတာက ကိုယ့်အိမ်ထဲမှာနေပြီး ကိုယ့်ကျန်းမာရေး ကိုယ်စောင့်ရှောက်ပြီးတော့ သူများဆီကိုလည်း ဗိုင်းရပ်စ်ပိုးမပျံ့အောင် ကူညီကြဖို့ပဲရှိပါတယ်" ဆူဇန်က ဖြည့်စွက်ပြောကြားသည်။ 

F-05