POST TYPE
LATEST NEWS POST
တောင်ကြီးမြို့တွင် ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးနိုင်တော့မည်
14-Jan-2021

တောင်ကြီး၊ ဇန်နဝါရီ ၁၃
တောင်ကြီးမြို့မှာ လူတစ်ဦးကို ငွေကျပ် ၁၅၀ဝ၀နှုန်းနဲ့ ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ စစ်ဆေးနိုင်တော့မှာဖြစ်တယ်လို့ တောင်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ သိရပါတယ်။
“အခု လက်ရှိအစိုးရအဖွဲ့က လမ်းညွှန်ပြီးတော့ ကျွန်တော်တို့ အကြမ်းဖျင်းစီစဉ်ဆောင်ရွက်နေတဲ့ အခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့က လူအများစစ်မယ့်နေရာကိုတော့ အစိုးရ အဖွဲ့ရုံးအဟောင်း၊ ယခင်တုန်းကတော့ ခရိုင်ကော်မရှင်ရုံးအဖြစ် အသုံးပြုခဲ့တဲ့နေရာပေါ့၊ အဲ့ဒီနေရာကို စစ်ဆေးရေးဌာနအဖြစ်သတ်မှတ်ပြီး ပြင်ဆင်မှုတွေ လုပ်မယ်ဆိုပြီးတော့ ရည်ရွယ်ထားပါတယ်”လို့ တောင်ကြီးမြို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးဖြိုးမင်းထိုက် ကပြောပါတယ်။
ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးပေးတဲ့ အစီအစဉ်ကို ဇန်နဝါရီလ ၁၈ ရက်နေ့ကစပြီး လုပ်ဆောင်နိုင်အောင် ပြင်ဆင်နေတာဖြစ်ပြီး တစ်ဦးကို ၁၅၀ဝ၀ ကျပ်ကျသင့်မှာ ဖြစ်ပါတယ်။
စစ်ဆေးပေးဖို့နေရာကိုတော့ အစိုးရအဖွဲ့ရုံးအဟောင်းမှာ လုပ်ဆောင်ဖို့ လျာထားပြီး တစ်ရက်မှာ အများဆုံး လူဦးရေ အယောက် ၁၅၀ စစ်ပေးမှာ ဖြစ်သလို အယောက် ၁၅၀ ပြည့်ရင် တံခါးပိတ်ထားလိုက်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအတိုင်း လုပ်ဆောင်သွားနိုင်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
တောင်ကြီးမြို့ကို ဦးစားပေးပြီး စတင်စစ်ပေးမှာ ဖြစ်ပေမယ့် ဟိုပုံး၊ ညောင်ရွှေ၊ ကလော စတဲ့ ပတ်ဝန်းကျင်ဒေသက ပြည်သူတွေလည်း လာရောက် စစ်ဆေးခံနိုင်မယ်လို့ သိရပါတယ်။
အခုလို ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးပြီးရင်တော့ ပြည်ထောင်စုက သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ ခရီးသွားလာနိုင်တော့မှာဖြစ်တယ်လို့ သိရပြီး ကိုဗစ်ပိုး ရှိ၊ မရှိကိုတော့ RDT Test Kit တွေနဲ့ စစ်ဆေးပေးမယ်လို့လည်း သိရပါတယ်။
လက်ရှိ တောင်ကြီးမြို့ပေါ်မှာ ကိုဗစ်ပိုးတွေ့လူနာ ၂၀၄ ဦးရှိပြီး အယောက် ၁၆၀ ကျော်ကတော့ ပြန်လည်သက်သာသွားပြီဖြစ်တယ်လို့ သိရပါတယ်။
နေနန်းနွယ် (VOM)
-
27-Jan-2021
-
27-Jan-2021
-
27-Jan-2021
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021