POST TYPE
LATEST NEWS POST
သက်တမ်းကုန် ယာဉ်မောင်းသက်သေခံ Smart Card များ လဲလှယ်ပေးခြင်းကို ဒီဇင်ဘာလတွင် ပြန်လည်စတင်မည်
26-Nov-2020
ရန်ကုန် နိုဝင်ဘာ ၂၆
သက်တမ်းကုန်နေသည့် ယာဉ်မောင်း သက်သေခံ Smart Card များ လဲလှယ်ပေးခြင်းကို ဒီဇင်ဘာလတွင် ပြန်လည်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း YRTA မှ မန်နေဂျင်းဒါရိုက်တာ ဦးအောင်ညီညီမော်ကပြောသည်။
ခရီးသည်များ၏ တိုင်ကြားမှုများနှင့်ပတ်သက်ပြီး လွယ်လင့်တကူ စိစစ်နိုင်ရန် YBS ယာဉ်မောင်းများ၏ စမတ်ကတ် (Smart Card) များကို ၂၀၁၉ ခုနှစ် နှစ်လယ်ပိုင်းမှ စတင်ထုတ်ပေးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် တစ်နှစ်သက်တမ်းကုန်သွားသည့် Smart Card များကို YRTA အနေဖြင့် ဇူလိုင်လမှ စတင်ကာ သက်တမ်းတိုး လဲလှယ်ဆောင်ရွက်ပေးလျက်ရှိရာ ကိုဗစ်ရောဂါအခြေအနေများကြောင့် ယင်းလုပ်ငန်းစဉ်ကို ရပ်နားထားခဲ့ရခြင်းဖြစ်ပြီး ဒီဇင်ဘာလတွင် အဆိုပါလုပ်ငန်းစဉ်ကို ပြန်လည်ဆောင်ရွက်ပေးနိုင်ရန် လုပ်ဆောင်နေပြီးဖြစ်ကြောင်း သိရသည်။
" Smart Card တွေကို တစ်နှစ်သက်တမ်းပေးထားပါတယ်။ ယာဉ်မောင်းအချက်အလက်တွေ update ဖြစ်အောင် သက်တမ်းတိုးခြင်းကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ရောဂါတွေကြောင့် ရပ်နားထားခဲ့ရတဲ့ သက်တမ်းတိုးလုပ်ငန်းစဉ်ကို ဒီဇင်ဘာလထဲမှာ ပြန်လည်ဆောင်ရွက်ပေးမယ်" ဟု ဦးအောင်ညီညီမော်က ပြောသည်။
စမတ်ကတ်များကို ယာဉ်မောင်း ၉၀၆၀ ဦးအား ထုတ်ပေးထားခြင်းဖြစ်ပြီး ယင်းကတ်များမှာ သက်တမ်းများကုန်နေပြီဖြစ်၍ လက်ရှိအချိန်အထိ သက်တမ်တိုးဆောင်ရွက်ပေးထားသည့် ယာဉ်မောင်း ၂၁၂၀ ဦးထိရှိကြောင်း သိရသည်။
S-05
-
27-Jan-2021
-
27-Jan-2021
-
27-Jan-2021
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021