POST TYPE
LATEST NEWS POST
မဲရလဒ်ကို ဆက်ကန့်ကွက်မည်ဖြစ်သော်လည်း အာဏာလွှဲပြောင်းရေး လုပ်စရာရှိတာလုပ်ကြရန် ထရမ့် ခွင့်ပြု
24-Nov-2020

ဝါရှင်တန်၊ နိုဝင်ဘာ ၂၄
အာဏာလွှဲပြောင်းရေး ကြီးကြပ်ရသော အထွေထွေဝန်ဆောင်မှုကွပ်ကဲရေး (GSA) ဌာနအနေဖြင့် လုပ်စရာရှိတာလုပ်ကြရန် ခွင့်ပြုလိုက်သော်လည်း ရွေးကောက်ပွဲအရှုံး မဲရလဒ်ကို ဆက်လက်ကန့်ကွက်သွားမည်ဖြစ်သည်ဟု ဒေါ်နယ်ထရမ့်က သူထုံးစံအတိုင်း တွစ်တာတွင် ရေးသားခဲ့ကြောင်း BBC သတင်းဌာနက ဖော်ပြသည်။
ယင်းနောက်တွင် အဆိုပါဌာနက ဂျိုးဘိုင်ဒင်ကို ရွေးကောက်ပွဲအနိုင်ရသူဟု အသိအမှတ်ပြု ဆက်ဆံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။
မီရှီဂန်ပြည်နယ်တွင် ဘိုင်ဒင်၏ အနိုင်ရမှုတရားဝင်အတည်ပြုပြီးနောက်တွင်မှ ထရမ့်က ယခုကဲ့သို့ တစ်ဆင့်လျှော့လာခဲ့ခြင်းဖြစ်သည်။
GSA ဌာနက ဘိုင်ဒင်ကို အသိအမှတ်ပြုလိုက်ခြင်းကြောင့် နေ့စဉ်ထောက်လှမ်းရေး၊ လုံခြုံရေးဆိုင်ရာသတင်းအချက်အလက်များကို သက်ဆိုင်ရာဌာနများက ဘိုင်ဒင်ကို သမ္မတတစ်ဦးနှင့်မခြား တင်ပြရမည်ဖြစ်သည်။
ဘိုင်ဒင်ခန့်အပ်မည့်အစိုးရအဖွဲ့ဝင်များအနေဖြင့်လည်း ဇန်နဝါရီလ ၂၀ ရက် တရားဝင်အာဏာမလွှဲမီလိုအပ်သည်တို့ကို ဌာနဆိုင်ရာများနှင့် ညှိနှိုင်းပြင်ဆင်နိုင်တော့မည်ဖြစ်သည်။
ပုံမှန်အားဖြင့် ရွေးကောက်ပွဲအနိုင်အရှုံးထင်ရှားသည်နှင့် အာဏာလွှဲပြောင်းရေးအတွက် နောက်ကွယ်တွင် ကြိုတင်စီစဉ်ရပြီး အစိုးရဌာနများက နောက်တက်မည့် သမ္မတ၏အဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်ရမြဲဖြစ်သည်။
ထရမ့်ကမူ ဘိုင်ဒင်အနိုင်ရမှုကို လက်မခံသလို အစိုးရဌာနများ ဘိုင်ဒင်နှင့် ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း တားမြစ်ခဲ့ခြင်းကြောင့် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့ရသည်။
ဘိုင်ဒင်အဖွဲ့က အစိုးရဖွဲ့ရေး ပုံမှန်အတိုင်းဆက်လုပ်နေခဲ့သော်လည်း ယခုကိုဗစ်ကပ်ရောဂါကဲ့သို့ နိုင်ငံလုံးဆိုင်ရာ ပြဿနာကြီးမျိုးတွင် ကျန်းမာရေးတာဝန်ရှိသူများက နောက်ဆုံးအခြေအနေကို တင်ပြပြီး တက်လာမည့်သမ္မတသစ်က လုပ်ချင်သည့်မူဝါဒကို ချပြကြ၊ အာဏာလွှဲသည်နှင့် မူဝါဒနှင့်စီမံကိန်းသစ်များ ကြေညာနိုင်ရေး ပြင်ဆင်ခြင်းကဲ့သို့သော ဆောင်ရွက်ချက်များလုပ်ဆောင်ရန် အဆင်မပြေဖြစ်ခဲ့သည်။
F-05
-
26-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021
-
25-Jan-2021