News

POST TYPE

LATEST NEWS POST

SMEs လုပ်ငန်းများ လုပ်ငန်းလည်ပတ်နိုင်ရေးဆိုင်ရာ အစီအစဉ်ချမှတ်ခြင်း သင်တန်းတက်ရောက်နိုင်
21-Nov-2020
ရန်ကုန်၊ နိုဝင်ဘာ ၂၁

Business Continuity Plan for Small and Medium Enterprises (BCP for SMEs) အသေးစား အလတ်စားလုပ်ငန်းများ စဉ်ဆက်မပျက် လုပ်ငန်းလည်ပတ်နိုင်ရေးဆိုင်ရာ အစီအစဉ်ချမှတ်ခြင်း သင်တန်း တက်ရောက်နိုင်ကြောင်း ကုန်သည် စက်မှုအသင်းချုပ်ထံမှ သိရသည်။

သင်တန်း၏ရည်ရွယ်ချက်မှာ COVID-19 ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားသည့်ကာလအတွင်း အသေးစားနှင့် အလတ်စားလုပ်ငန်းများအနေဖြင့် စီးပွား ရေး စဉ်ဆက်မပျက်ရှင်သန်ရေးစီမံခန့်ခွဲမှုဆိုင်ရာ သဘောတရားများ/ချဉ်းကပ် ဆောင်ရွက်ရန် နည်းလမ်းများနားလည်စေခြင်း၊ COVID-19 ကမ္ဘာ့ကပ်ရောဂါ၏ ရိုက်ခတ်မှုများအပေါ် တုံ့ပြန်နိုင်ရန်နှင့် လုပ်ငန်းရပ်တန့်မှုမဖြစ်စေရေးအစီအစဉ် တစ်ရပ်ရေးဆွဲနိုင်ဆောင်ရွက်ရာတွင် အထောက်အကူရရှိစေရန် ရည်ရွယ်ကြောင်း သိရသည်။ 

သင်တန်းခေါင်းစဉ်များမှာ လုပ်ငန်းလည်ပတ်မှု အရှည်တည်တန့်ရေးစီမံခန့်ခွဲမှုဆိုင်ရာ အဓိကကျသော အခြေခံသဘောတရားများ၊ ချဉ်းကပ်ဆောင်ရွက်နည်းများ၊ အသေးစား အလတ်စားလုပ်ငန်းများအပေါ် ကျရောက်လာနိုင်သည့် COVID-19 ၏ ရိုက်ခတ်မှုအန္တရာယ်များရှာဖွေဖော်ထုတ်ခြင်း၊ အသေးစား အလတ်စားလုပ်ငန်းများမှ COVID-19 ရောဂါအန္တရာယ်ကြောင့် ဖြစ်ပေါ်လာနိုင်သည့် ရိုက်ခတ်မှုများအပေါ် ကြိုတင်တုံ့ပြန် စီမံလုပ်ဆောင်ရန်လိုအပ်မှုများ ဖြစ်သည်။ 

ယင်းသင်တန်းတွင် တက်ရောက်သင့်သူများမှာ SME လုပ်ငန်းများတွင် ဦးစီးလုပ်ဆောင်နေသူများနှင့် စက်ရုံ/အလုပ်ရုံ လုပ်ငန်းပိုင်ရှင်များ၊ အလုပ်ရှင်၏ ကိုယ်စား တာဝန်ယူစီမံခန့်ခွဲလုပ်ကိုင်နေသူများ/မန်နေဂျာများ၊ ဘာသာရပ်အပေါ်စိတ်ဝင်စားသူများ တက်ရောက်သင့်ပြီး နိုဝင်ဘာလ ၂၅ ရက်နေ့၌ UMFCCI Online Platform တွင် သင်တန်းပို့ချပေးမည်ဖြစ်ကာ သင်တန်းကြေးမှာ အခမဲ့ဖြစ်ကြောင်း ယင်းအသင်းချုပ်ထံမှ သိရသည်။

သင်တန်းကို Online Platform ဖြင့် သင်ကြားပေးမည်ဖြစ်သည့်အတွက် သင်တန်းတင်ရောက်မည့်သူများအနေဖြင့် နိုဝင်ဘာလ ၂၃ ရက်၊ နေ့ခင်း ၃ နာရီ မတိုင်ခင်တွင် https://docs.google.com/.../1FAIpQLSeZhxjvWMx.../viewform... ၌ ဝင်ရောက်စာရင်း ပေးသွင်းနိုင်ကြောင်းသိရသည်။

S-07