News

POST TYPE

LATEST NEWS POST

မှော်ဘီမြို့နယ်ရဲမှူး COVID-19 ရာဂါဖြင့် သေဆုံး
30-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၃၀

ရန်ကုန်မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးမှာ စက်တင်ဘာလ ၂၉ ရက် ညပိုင်းက ကိုဗစ်-၁၉ ရောဂါဖြင့် မြောက်ဥက္ကလာပမြို့နယ်ဆေးရုံတွင် သေဆုံးခဲ့သည်။

သေဆုံးခဲ့သူ မြို့နယ်ရဲမှူး ကောင်းသိန်းထွန်းမှာ ပြီးခဲ့သည့် ငါးရက်ခန့်က ချောင်းဆိုးရာတွင် သွေးပါလာသဖြင့် မြောက်ဥက္ကလာပမြို့နယ်ဆေးရုံသို့ တက်ရောက်ဆေးကုသမှုခံယူခဲ့ပြီး ကိုဗစ်ရောဂါ ကူးစက်မှုရှိမရှိ စစ်ဆေးမှုကို ခံယူခဲ့သည်။

“သေဆုံးသွားတဲ့ ရဲမှူးမှာ ရောဂါအခံရှိတယ်။ ချောင်းဆိုးရင်သွေးပါလို့ ဆေးရုံလာတက်တယ်။ ကိုဗစ်ရောဂါ ရှိမရှိ စစ်ဆေးကြည့်တော့ စက်တင်ဘာ ၂၈ ရက်က ထွက်ရှိတဲ့ ဆေးစစ်ချက်အဖြေအရ သူ့မှာ ကိုဗစ်ပိုး ကူးစက်ခံနေရကြောင်း သိရတယ်။ ” ဟု ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

အဆိုပါ မှော်ဘီမြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူးကောင်းသိန်းထွန်းမှာ စက်တင်ဘာလ ၂၉ ရက် ညပိုင်း၌ သေဆုံးခဲ့သဖြင့် ၎င်း၏ မိသားစုဝင်များမှာလည်း လတ်တလောတွင် Quarantine ဝင်နေရပြီး လက်ရှိရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်အချို့မှာလည်း ဖျားနာခြင်း၊ အနံ့မရရှိခြင်းတို့ကြောင့် ၎င်းတို့အပါအဝင် ထိတွေ့ဆက်စပ်ခဲ့သူများကို Quarantine ဝင်ရန် စီစဉ်ပေးထားကြောင်း ရဲတပ်ဖွဲ့ထံမှ သိရသည်။

S-03