News

POST TYPE

LATEST NEWS POST

ရန်ကုန်တိုင်းဒေသကြီး Stay At Home ကာလအတွင်း ခွင့်ပြုလုပ်ငန်းများ လည်ပတ်မည်ဆိုပါက Online မှ မှတ်ပုံတင်နိုင်
25-Sep-2020
ရန်ကုန်၊ စက်တင်ဘာ ၂၅

COVID 19 ကပ်ရောဂါကာကွယ်တားဆီး၊ ထိန်းချုပ်ရေးအတွက် Stay At Home အစီအစဉ်ကာလအတွင်း ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ကြေငြာထားသော ခွင့်ပြုလုပ်ငန်းအမျိုးအစားတွင်ပါဝင်သည့် စက်ရုံ၊ အလုပ်ရုံများ၊ လုပ်ငန်းများ၊ ကုမ္ပဏီများအနေဖြင့် လုပ်ငန်းလည်ပတ်လုပ်ကိုင်မည်ဆိုပါက Online မှတစ်ဆင့် မှတ်ပုံတင်ရန်လိုအပ်ကြောင်း UMFCCI ၏ထုတ်ပြန်ချက်အရ သိရသည်။

မှတ်ပုံတင်ထားသော လုပ်ငန်းများမှ ဝန်ထမ်းများနှင့် မော်တော်ယာဉ်များကိုသာ မြို့နယ်တစ်မြို့နယ်မှ တစ်မြို့နယ် ဖြတ်ကျော်ခွင့်ရမည်ဖြစ်ပြီး မှတ်ပုံတင်ခြင်းပြီးမြောက်ပါက ဝန်ထမ်းတဦးချင်းစီနှင့် မော်တော်ယာဉ်တစ်စီးချင်းအတွက် QR Code ပါ ID ရရှိမည်ဖြစ်သည်။

နယ်မြေဖြတ်ကျော်ခြင်းအတွက် စစ်ဆေးရာတွင် QR Code ပါ ID အား ပြသရမည်ဖြစ်ပြီး Online မှ မှတ်ပုံတင်ခြင်းကိုလက်ခံပေးလျက်ရှိပြီး http://QRpass.SawSawShar.gov.mm တွင် ဝင်ရောက်မှတ်ပုံတင်နိုင်ကြောင်း UMFCCI ထံမှ သိရသည်။

မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ် အဆင့်ဆင့်နှင့်ပတ်သက်၍ အဆင်မပြေမှုများဖြစ်ပေါ်ပါက ဖုန်းနံပါတ် ၀၉-၆၉၄၈၂၀၂၂၄, ၀၉-၄၀၂၇၉၀၇၄၄ သို့ ရုံးချိန် အတွင်း ဆက်သွယ်မေးမြန်းစုံစမ်းနိုင်မည်ဖြစ်သည်။

J-03