News

POST TYPE

LATEST NEWS POST

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လိုဂိုအမှတ်အသားပါ ကားစတစ်ကာအလှဆင်ပြိုင်ပွဲ ကျင်းပမည်
20-Sep-2020


မန္တလေး၊ စက်တင်ဘာ ၂၀

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီကို ချစ်မြတ်နိုးသည့် ကျောက်စိမ်းညီအစ်ကိုများပူးပေါင်းကာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လိုဂို အမှတ်အသားပါ ကားစတစ်ကာ အလှဆင်ပြိုင်ပွဲကို မန္တလေးမြို့တွင် ကျင်းပမည်ဖြစ်သည်။

အဆိုပါ ကားအလှဆင်ပြိုင်ပွဲကို ကျန်းမာရေးဌာနက ချမှတ်ထားသော ကိုဗစ်စည်းကမ်းများနှင့်အညီတိုင်း အစိုးရအဖွဲ့၏ ညွှန်ကြားချက်များအတိုင်း ဆောင်ရွက်မည်ဖြစ်ကြောင်း ပြိုင်ပွဲဖြစ်မြောက်ရေးဦးဆောင်သူ ကျော်ဇောမင်း ကျောက်စိမ်း၊ ကျောက်မျက်ကုမ္ပဏီပိုင်ရှင် ဦးကျော်ဇောအောင်က ပြောကြားသည်။

"တစ်နိုင်ငံလုံးမှာရှိတဲ့မြို့တွေကို ပျံ့နှံ့သွားစေချင်တယ်၊ အမေစုကို တကယ်ကို ရင်ထဲကနေချစ်ခင်တဲ့ နှစ်ပေါင်းများစွာ NLD နဲ့ အမေစုကို ချစ်ခင်ထောက်ခံတဲ့ အကြောင်းပြသတာပါ။ ဒီလိုလုပ်တဲ့သူတွေက ၂၀၁၂ ကတည်းက ဝန်းရံခဲ့သူတွေပါ" ဟု ၎င်းကပြိုင်ပွဲကျင်းပရခြင်း၏  ရည်ရွယ်ချက်ကို ရှင်းပြသည်။

ပြိုင်ပွဲဝင်ကားများအတွက် ပထမဆု သုံးသိန်း၊ ဒုတိယဆု နှစ်သိန်း၊ တတိယဆု တစ်သိန်းနှင့် အထူးဆု ၂၀ ဆု ချီးမြှင့်ပေးမည်ဟု ပြိုင်ပွဲဖြစ်မြောက်ရေးဦးဆောင်သူများက အသိပေးထားသည်။

မန္တလေးမြို့ဝင်ဂိတ်များတွင် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးအတွက် ကန့်သတ်ချက်များရှိနေသဖြင့် မန္တလေးခရိုင်အတွင်းရှိ မော်တော်ယာဉ်များအတွက် ပြိုင်ပွဲကျင်းပရခြင်းဖြစ်ပြီး NLD Logo စတစ်ကာ အလှဆင်ပြိုင်ပွဲကို အောက်တိုဘာလ ၁ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း We Love Mandalay ထံမှသိရသည်။ 

ဘုန်းမြတ်