News

POST TYPE

LATEST NEWS POST

ပလက်ဝရှိ တားမြစ်နယ်မြေအတွင်း ဒေသခံတစ်ဦးမိုင်းနင်းမိ၍သေဆုံး
20-Sep-2020


ရန်ကုန်၊ စက်တင်ဘာ  ၂၀

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် အတွင်းရှိ သွားလာမှုကန့်သတ်ထားသည့် တားမြစ်နယ်မြေတွင် ဒေသခံပြည်သူ တစ်ဦး မိုင်းနင်းခဲ့မိကာ သေဆုံးသွားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့ထုတ်ပြန်ချက်အရသိရသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နေ ဒေါ်မေနုသိန်း (ဘ) ဦးကျော်ကြား၊ ဒေါ်မြသန်း (ဘ) ဦးအောင်ထွီးနှင့် ဒေါ်တင်အေး(ဘ) ဦးစိုင်းခင်မောင်ဌေးတို့ ၃ ဦးသည် ပြီးခဲ့ သည့် စက်တင်ဘာလ ၁၈ ရက် နံနက် ၈ နာရီခန့်တွင်မျှစ်ချိုးရန်အတွက် စက်လှေ ဖြင့် ပလက်ဝမြို့မှ ပလက်ဝချောင်းအတိုင်း ထွက်ခွာခဲ့ပြီး ပလက်ဝအရှေ့ဘက် မီတာ ၁၀ဝ၀ ကန့်သတ်နယ်မြေအနီး အရောက်၌ စက်လှေရပ်၍ ချောင်းတောင် ဘက်ခြမ်းဝန်းကျင်တစ်ဝိုက် မျှစ်ချိုးစဉ် ဒေါ်မေနုသိန်းသည် နင်းမိုင်း ၁ လုံးကို နင်းမိ ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် ဒေါ်တင်တင်အေးနှင့် ဒေါ် မြသန်းတို့နှစ်ဦးသည် ပလက်ဝမြို့သို့ စက်လှေဖြင့် ပြန်လည်ထွက်ခွာခဲ့ပြီး ဒေါ်မေနုသိန်း မျှစ်ချိုးစဉ် မိုင်းနင်းမိ ကြောင်း သက်ဆိုင်ရာ ရပ်ကွက်အုပ်ချုပ် ရေးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် နယ်မြေခံ တပ်တို့သို့ သတင်းပို့၍ လူနာအားသွား ရောက်ခေါ်ဆောင်ခဲ့ပြီး ပလက်ဝမြို့ ပြည်သူ့ဆေးရုံသို့ပို့ဆောင်စစ်ဆေးခဲ့ရာ မိုင်းထိမှန်မှုကြောင့် ဒေါ်မေနုသိန်းတွင် သွေးထွက်လွန်၍ သေဆုံးသွားကြောင်း သတင်းထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

အဆိုပါ မိုင်းဖြစ်စဉ်ဖြစ်ပွားသည့် နေရာသည် သွားလာမှုကန့်သတ်ထားသည့်နေရာဖြစ်သည့်အပြင် ပလက်ဝချောင်းကိုလည်း အရေးကြီးကိစ္စများမှအပ သွားလာမှုများအား ကန့်သတ်ထားကြောင်း တပ်မတော်သတင်းမှန်ပြန်ကြား ရေးအဖွဲ့က သတင်းထုတ်ပြန်ခဲ့သည်။

S-04