News

POST TYPE

LATEST NEWS POST

ဆိပ်ဖြူစည်ပင်မှ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၈၆ မျိုးအတွက် ကျပ်သန်းတစ်ထောင်ကျော်သုံးစွဲ
15-Aug-2020
(ဓါတ်ပုံ- စည်ပင်)မကွေးတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင် လုပ်ငန်းပြီးစီးမှုအခြေအနေများကို စစ်ဆေးနေစဉ်။

ချောက်၊ ဩဂုတ် ၁၅

မကွေးတိုင်း ‌ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့က၂၀၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂ဝ၂၀ ဘဏ္ဍာနှစ်အထိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၈၆ မျိုးအတွက် ကျပ်သန်းတစ်ထောင်ကျော်(၁၀၉၅ သန်း) သုံးစွဲခဲ့သည်ဟု ဆိပ်ဖြူမြို့စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။

ဆိပ်ဖြူမြို့စည်ပင်သာယာရေးအဖွဲ့အနေနှင့် မကွေးတိုင်းအစိုးရအဖွဲ့၏ငွေလုံးငွေရင်းရန်ပုံငွေမှ ခြောက်ရာခိုင်နှုန်း၊ ကျေးလက်ဖွံ့ဖြိုးရေးဘဏ်မှအတိုးရငွေ၊ကုန်သွယ်လုပ်ငန်းခွန်၊တင်ဒါပိုလျှံငွေတို့မှ ခွင့်ပြုရရှိငွေတို့ဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်ဟု ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးစည်သူက ပြောဆိုသည်။

(ဓါတ်ပုံ- စည်ပင်)မကွေးတိုင်း စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးထင်အောင် လုပ်ငန်းပြီးစီးမှုအခြေအနေများကို စစ်ဆေးနေစဉ်။

ဆိပ်ဖြူမြို့ စည်ပင်သာယာရေးအဖွဲ့အနေနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ၂၀၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်မှ ၂၀၁၉-၂ဝ၂၀ ဘဏ္ဍာနှစ်အထိ ကျပ် ၁၀၉၅ ဒသမ ၂၆၇၈ သန်းစွဲခဲ့ရာ၌ ကတ္တရာလမ်း ၁၆ လမ်း-လမ်းအရှည် ၁၅၁၅၂ ပေ၊ ကျောက်ချောလမ်း ၁၄ လမ်း-လမ်းအရှည် ၁၂၈၁၅ ပေ၊ကွန်ကရစ်လမ်း၂၅ လမ်း-လမ်းအရှည် ၁၉၇၀၅ ပေ၊ မြေနီလမ်းနှစ်လမ်း-လမ်းအရှည် ၂၆၀၀ ပေ၊ ရေမြောင်းလေးခုတည်ဆောက်ခြင်း၊ တံတားငယ်ငါးစင်းတည်ဆောက်ခြင်းနှင့် အခြားလုပ်ငန်းအမျိုး ၂၀ ခု ဆောင်ရွက်ခဲ့သည်ဟု ဆိပ်ဖြူမြို့နယ် စည်ပင်သာယာရေးအဖွဲ့ စာရင်းများအရ သိရသည်။

ယခု၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ် ရွှေမင်းဝန်ဘုရား အနောက်ဘက်မုခ်၊ ပညာရေးမှူးရုံးလမ်း၊ တာဝတိံသာလမ်း၊ ရတနာလမ်းသွယ်တစ်တို့ကို ကွန်ကရစ်လမ်းခင်းခြင်း၊ လမ်းချဲ့ခြင်း၊ ကျားကိုက်ချောင်း ကျောက်စီရေမြောင်းပြုလုပ်ခြင်း၊ ပတ္တမြားဈေးတွင် ‌စက်ရေတွင်းတူးဖော်ခြင်းနှင့် ရေတင်ပန့်တပ်ဆင်ခြင်း၊ ရေစက်ရုံ၊ အုတ်ကန်၊ ခြောက်ခန်းတွဲဈေးအိမ်သာ တည်ဆောက်ခြင်းတို့ ရာနှုန်းပြည့်ပြီးစီးခဲ့သည်ဟု ဆိပ်ဖြူမြို့ စည်ပင်သာယာရေးအဖွဲ့ထံမှ ထပ်မံသိရသည်။

R-11