News

POST TYPE

LATEST NEWS POST

လိပ်ကျွန်းလူသတ်မှု သေဒဏ်မှ တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့လျှော့ချ
15-Aug-2020

တောင်ငူ၊ ဩဂုတ် ၁၅

ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသည့် မြန်မာရွေ့ပြောင်းလုပ်သား ဝင်းဇော်ထွန်းနှင့်ကိုဇော်လင်းတို့ကို ထိုင်းဘုရင်နှင့်မိခင်တို့၏မွေးနေ့အထိမ်းမှတ်အဖြစ် တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ လျှော့ချပေးခဲ့သည်ဟု မြန်မာရွေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူများထံမှ သိရသည်။

"ထိုင်းဘုရင်မွေးနေ့ကပြီးခဲ့ပါပြီ။ဒါပေမဲ့ တော်ဝင်မိသားစုမွေးနေ့ကြောင့် ဝင်းနဲ့ဇော် သေဒဏ်ကလွတ်သွားတာ။ ထိုင်းဥပဒေအရ သေဒဏ်ကလွတ်တယ်ဆိုပေမယ့် မသေမချင်းထောင်ထဲနေရမှာ"ဟုMWRN အဖွဲ့မှဒါရိုက်တာ ဦးစိန်ဌေး က ပြောကြားသည်။



၂၀၁၄ ခုနှစ်ဝန်းကျင်က ဗြိတိန်နိုင်ငံသားကမ်ဘာလှည့်ခရီးသွားစုံတွဲ အသတ်ခံရမှုကိစ္စနှင့်ပတ်သက်၍ ပြစ်မှုကျုးလွန်သည် ဟုဆိုကာ ထိုင်းနိုင်ငံ ကောစမွေကျွန်း(လိပ်ကျွန်း) ဟိုတယ်တစ်ခုတွင် အလုပ်လုပ်ကိုင်နေကြသည့် ဝင်းနှင့်ဇော်တို့ ဖမ်းဆီးတရားစွဲဆိုခံခဲ့ရပြီး ၁ နှစ်ကျော်အကြာတွင် သေဒဏ်ချမှတ်ခံခဲ့ရသည်။ ထို့ကြောင့်အယူခံအဆင့်ဆင့် တက်ခဲ့သော်လည်းရှုံးနိမ့်ခဲ့သည်ဟု ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူ ဦးရင်လေးက ပြောဆိုသည်။



မနေ့(ဩဂုတ်၁၄)က ပြစ်ဒဏ်လျော့တာ ဝင်းနဲ့ဇော်တို့အတွက်တင်သီးသန့်မဟုတ်ဘူး။ တစ်နိုင်ငံလုံးမှာရှိတဲ့ ထောင်အသီးသီးက အကျဉ်းသားတွေကို ပြစ်ဒဏ်လျှော့တာ။ သေဒဏ်ကနေ တစ်သက်တစ်ကျွန်းအပါအဝင် ပြစ်ဒဏ်တွေအလိုက် နှစ်တွေလည်းလျှော့တယ်ဟု ၎က ဆက်လက်ပြောကြားသည်။
ဗြိတိန်နိုင်ငံသား ကမ်ဘာလှည့်ခရီးသွားစုံတွဲ အသတ်ခံရမှုနှင့်ပတ်သက်၍ မြန်မာရွေ့ပြောင်းလုပ်သား ဝင်းနှင့်ဇော်ကို ၂၀၁၅ ခုနှစ်တွင် ကော့စမွေခရိုင်တရားရုံးက သေဒဏ်ချမှတ်ခဲ့၍ အထက်တရားရုံးအဆင့်ဆင့်သို့ အယူခံတက်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့သည့်အတွက် ယမန်နှစ် ဩဂုတ်၂၄ ရက်နေ့က ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ခဲ့မှုသည်လည်း ပယ္ခ်
ခံခဲ့ရသည်။

ထိုင်းနိုင်ငံဥပဒေအရ ဝင်းဇော်ထွန်းနှင့်ဇော်လင်းသည် သေဒဏ်မှ တစ်သက်တစ်ကျွန်းပြစ်ဒဏ်သို့ ပြောင်းလဲသွားရာမှ ယခုကဲ့သို့သောအထိမ်းအမှတ်နေ့ရက်များနှင့်ထပ်မံကြုံပါက တစ်သက်တစ်ကျွန်းမှ နှစ်ကန့်သတ်ချက်များသို့ တစ်ဖြေးဖြေးလျော့နည်းသွားနိုင်သည်ဟု ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေသူများက ခန့်မှန်းထားသည်။

R-02