News

POST TYPE

LATEST NEWS POST

နေမာနှင့် အမ်ဘာပီတို့ ပီအက်စ်ဂျီကို စွန့်ခွာမည်မဟုတ်ဟု အသင်းဥက္ကဋ္ဌ အယ်လ်ခီလိုင်ဖီ အခိုင်အမာပြောကြား
14-Aug-2020


ပဲရစ်၊ သြဂုတ် ၁၃

စူပါစတား ကစားသမားနှစ်ဦးဖြစ်သော နေမာနှင့်အမ်ဘာပီတို့ ပီအက်စ်ဂျီကို ကျောခိုင်းသွားလိမ့်မည်မဟုတ်ဟု အတ္တလန္တာကို အနိုင်ရခဲ့သောပွဲအပြီးတွင် အသင်းဥက္ကဋ္ဌအယလ်ခီလိုင်ဖီက အခိုင်အမာပြောကြားလိုက်ကြောင်း Goal.com က ဖော်ပြသွားသည်။ 

ယင်းကစားသမားနှစ်ဦးသည် အတ္တလန္တာဘက်သို့ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့သော်လည်း အသင်းဖော်များအတွက် ဖန်တီးမှုကောင်းများ ပြုလုပ်ပေးနိုင်ခဲ့သည်။ 

ပီအက်စ်ဂျီအသင်းအနေနှင့် လွန်ခဲ့သည့်နှစ်များတွင် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်မှထွက်ခွာခဲ့ရသည့် ကျိန်စာဆိုးကို ချေဖျက်နိုင်ခဲ့ပြီးနောက် အယ်လ်ခီလိုင်ဖီက "လူတိုင်းက ပီအက်စ်ဂျီကို ချန်ပီယံလိဂ်အတွက်အဆင်သင့်မဖြစ်သေးဘူးလို့ ပြော နေကြပေမယ့် ကျွန်တော့်တို့ ကြီးကျယ်တဲ့ကစားသမားတွေနဲ့ ပြင်းပြတဲ့စိတ်ဓာတ်ကိုပြသခဲ့ပါတယ်။ ကျွန်တော်တို့က ရည် ရွယ်ချက်ကြီးမားကြသူတွေဖြစ်ပေမယ့် ဒီနေ့မှာ ဗိုလ်လုပွဲအကြောင်းကို မစဉ်းစားသေးပါဘူး။ ဆီမီးဖိုင်နယ်အတွက်ကိုသာ စဉ်းစားထားပါတယ်။ စိတ်ဓာတ်ကို ပြောင်းလဲနိုင်ဖို့က အရေးအကြီးဆုံးပါပဲ။ ပီအက်စ်ဂျီအသင်းကို မီဒီယာတွေနဲ့လူတိုင်းက သံသယဝင်နေကြပါတယ်။ ကျွန်တော်တို့ ဆက်သွားဖို့အတွက်အခုလို နိုင်ပွဲတွေလိုအပ်ပါတယ်။ နေမာနဲ့အမ်ဘာပီ တို့ဟာ ကမ္ဘာ့အကောင်းဆုံးတွေဖြစ်ပြီး နေမာက ဒီပွဲမှာ အတော်လေးကောင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ သူအများကြီးပြောင်းလဲလာပါတယ်။ သူတို့နှစ်ယောက်စလုံး ဘယ်တော့မှထွက်ခွာမှာမဟုတ်ပါဘူး"ဟု အခိုင်အမာဆိုခဲ့သည်။

ငြိမ်းပြည့်