News

POST TYPE

LATEST NEWS POST

ဘာစီလိုနာနောက်ခံလူ တိုဒီဘိုနှင့် ဘီလ်ဘာအိုတိုက်စစ်မှူးအီနာကီဝီလီယံတို့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ
14-Aug-2020


စပိန်၊ သြဂုတ် ၁၃

ကိုရိုနာဗိုင်းရပ်စ်နှင့်ပတ်သက်၍ အပြုသဘောဆောင်သည့် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ၌ ဘာစီလိုနာနောက်ခံလူ တိုဒီဘိုနှင့် ဘီလ်ဘာအိုတိုက်စစ်မှူးအီနာ ကီဝီလီယံတို့တွင် ရောဂါကူးစက်ခံထားရကြောင်း တွေ့ရှိခဲ့သည်ဟု Dailymail က ဖော်ပြခဲ့သည်။ 

ရာသီကြိုကာလအတွက် ကြိုတင်ပြင်ဆင်မှုအဖြစ် စစ်ဆေးခဲ့ခြင်းဖြစ်ပြီး တိုဒီဘိုမှာ ဘိုင်ယန်မြူးနစ်နှင့်ရင်ဆိုင်ရမည့် ဘာစီလိုနာအသင်းလူစာရင်းတွင် ပါဝင်တော့မည်မဟုတ်ပေ။ 

တွစ်တာစာမျက်နှာမှတစ်ဆင့် တိုဒီဘိုက "အားလုံးမင်္ဂလာပါ။ ကျွန်တော်ဟာကို ရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်ပြီး အပြု သဘောဆောင်တဲ့ဆေးစစ်မှုတွေပြုလုပ်ခဲ့ပြီး ကူးစက်ခံထားရပေမယ့် ကောင်းမွန်စွာရှိနေပါတယ်။ ကျွန်တော်ဟာ မှန်ကန်တဲ့ ကျန်းမာရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေအတိုင်း အိမ်မှာသာနေပါတယ်။ လေ့ကျင့်ရေးကိုပြန်သွားချင်ပေမယ့် ဗိုင်းရပ်စ် ပိုးမပျောက်ခင်အချိန်အထိ အိမ်မှာနေရမှာပါ။ အထောက်အပံ့ပေးခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ ဗိုင်းရပ်စ်ကူးစက် ခံထားရသူအားလုံးကိုလည်း အားပေးချင်ပါတယ်"ဟု ရေးသားဖော်ပြခဲ့သည်။ 

ဘီလ်ဘာအိုတိုက်စစ်မှူး အီနာကီဝီလီယံကလည်း "အပြုသဘောဆောင်တဲ့ဆေးစစ်ချက်မှာ ကူးစက်ခံထားရတာ ကိုတွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကောင်းမွန်စွာရှိနေပါတယ်။ ဗိုင်းရပ်စ်ပိုးမပျောက်ခင် အချိန်အထိ အိမ်မှာနေဖို့အချိန်တန်ပါပြီ။ ရာသီကြိုကာလအတွက် ပူးပေါင်းချင်စိတ်ပြင်းပြနေပါပြီ"ဟု ၎င်း၏တွစ်တာစာ မျက်နှာတွင်ရေးသားခဲ့သည်။

ငြိမ်းပြည့်