News

POST TYPE

LATEST NEWS POST

ပီအက်စ်ဂျီကို အရေးနိမ့်ခဲ့သည့်ပွဲစဉ်က နောင်တများစွာကို ပေးခဲ့သည်ဟု ဂက်စ်ပါရီနီ ဝမ်းနည်းစကားဆို
14-Aug-2020


လစ္စဘွန်း၊ သြဂုတ် ၁၃

ပီအက်စ်ဂျီအသင်း၏ နောက်ကျသွင်းဂိုးနှစ်ဂိုးက မိမိကိုနောင်တရစေခဲ့ပြီး ဂုဏ်ယူမှုများစွာနှင့်ထားရစ်ခဲ့သည်ဟု  အတ္တလန္တာနည်းပြ ဂက်စ်ပါရီနီကဝမ်းနည်း စကားဆိုခဲ့ကြောင်း Dailymail က ဖော်ပြခဲ့သည်။ 

အတ္တလန္တာအသင်းအနေနှင့်ချန်ပီယံလိဂ်ဆီမီးဖိုင်နယ် တက်ရောက်ရန် အလွန်နီးစပ်ခဲ့သော်လည်း နောက်ဆုံးမိနစ်တွင် အသည်းကွဲခဲ့ရခြင်းနှင့်ပတ်သက်၍ ဂက်စ်ပါရီနီက "နောင်တရစရာတွေရှိခဲ့ပါတယ်။ ဒါဟာကြီးမားတဲ့အောင်မြင်မှုတစ်ခုဖြစ်ပြီး ကျွန်တော်တို့ လုပ်ပြနိုင်ခဲ့ပြီလို့ထင်ပါတယ်။ ဒီနှစ် ချန်ပီယံလိဂ်ပြိုင်ပွဲက ကျွန်တော်တို့ကို မှတ်မှတ်ရရရှိစေမှာပါ။  ဥရောပထိပ်တန်းအဆင့်ကို ထိုးဖောက်ဝင်ရောက်နိုင်တဲ့အထိ ကြိုးစားခဲ့ကြတဲ့ ကျွန်တော့်ကောင်လေးတွေအတွက် ဂုဏ်ယူပါတယ်။ လုပ်နိုင်ခဲ့ပြီလို့ ထင်ခဲ့တဲ့နောက်မှာတော့ ကမ္ဘာ့အားကစားမှာ နည်းစနစ်ကောင်းပြီး အင်အားကြီးတဲ့ပြိုင်ဘက်ကို ရင်ဆိုင်ဖို့ခက်ခဲတာကို သိလိုက်ရပါတယ်။အမ်ဘာပီ လူစားဝင်လာတာက အဆုံးအဖြတ်လိုဖြစ်သွားပေမယ့် ကျွန်တော်တို့ဘက်က လုပ်နိုင်တာအားလုံးကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီထက်ပိုပြီး လုပ်ပြနိုင်ဖို့ခက်ခဲပါတယ်" ဟု ဝမ်းနည်းစကားဆိုခဲ့သည်။ 

ဆက်လက်ပြီး ဂက်စ်ပါရီနီက အတ္တလန္တာအသင်းသားများအနေဖြင့် နာကျင်စရာကောင်းလွန်းသည့် ရှုံးပွဲအပေါ် သင်ခန်းစာယူရလိမ့်မည်ဟု ပြောကြားခဲ့သည်။            

ငြိမ်းပြည့်