News

POST TYPE

LATEST NEWS POST

Capital Connect က ငွေကြေးဝန်ဆောင်မှု Citizens စတင်
14-Aug-2020


ချောက်၊ သြဂုတ် ၁၃

Capital Connect သည် ကုန်သည်များ၊ ကိုယ်စားလှယ်များနှင့် ကွန်ရက်ဆက်သွယ်ကာ မြန်မာနိုင်ငံအနှံ့ ငွေပို့ငွေလွှဲခြင်းနှင့် ငွေပေးချေနိုင်သည့် ဒစ်ဂျစ်တယ်မိုဘိုင်းလ်ပိုက်ဆံအိတ်  အက်ပလီကေးရှင်း Citizens ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း Capital Diamond Star Group (CDSG) ထံမှ သိရသည်။

Citizens သည် ငွေသွင်းငွေထုတ် ပြုလုပ်ရန်အတွက် ဘဏ်သို့မသွားနိုင်သူများ၊ ဘဏ်စာရင်းမရှိသူများအား သင့်တင့်သည့် ငွေလွှဲခနှုန်းထားနှင့် ဝန်ဆောင်မှုပေးနိုင်ရန် လုပ်ဆောင်လျက်ရှိသည်။ 

သုံးစွဲသူများအနေနှင့် ဖုန်းငွေဖြည့်ခြင်းမှစ၍ လစဉ်ဘေလ်ပေးဆောင်ခြင်းများ၊ ဈေးဝယ်စင်တာများတွင် QR Payment ဖြင့် ငွေရှင်းခြင်းများနှင့် အွန်လိုင်းဈေးဝယ်ခြင်းအတွက် ငွေရှင်းခြင်းများထိ Citizens App ကို အသုံးပြုပြီး လုပ်ဆောင်နိုင်မည်ဖြစ်သည်။

"ဒီဝန်ဆောင်မှုတွေထဲမှာ မှတ်ပုံတင်ထားတဲ့ မိုဘိုင်းလ်ဖုန်းနံပါတ်ကိုင်ဆောင်သူ ဘယ်သူ့ကိုမဆို ငွေလွှဲပေးပို့ခြင်း၊ ဈေးဝယ်ရာမှာ ငွေပေးချေခြင်း၊ ဖုန်းငွေဖြည့်ခြင်း (သို့မဟုတ်) လစဉ် ဘီလ်ဆောင်ခြင်းတွေ ပါဝင်ပါတယ်။ဒါ့အပြင် သုံးစွဲသူတွေရဲ့ နေ့စဉ်ဘဝကို  ပိုမိုလွယ်ကူစေဖို့နဲ့ စိတ်ဝင်စားဖွယ်ရာ ဒစ်ဂျစ်တယ်ငွေကြေးဝန်ဆောင်မှု အစီအစဉ်တွေကိုလည်း လုပ်ဆောင်သွားဖို့ရှိပါတယ်" ဟု Capital Connect Limited ၏ CEO ဖြစ်သူ Mr. Wan Kup Yew က ပြောကြားသည်။

Citizens ငွေပေးချေမှုတွင် အထူးလျှော့ဈေးများ၊ ချက်ချင်းငွေသားပြန်ရမည့် အစီအစဉ်များ၊ စုဆောင်းထားနိုင်သော ဆုမဲပွိုင့်ပေးခြင်းများ၊ ဆုလက်ဆောင်ပေးအပ်ခြင်းများ၊ ပွိုင့်နှင့်ပေးချေခြင်းများ စသည့်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် ဆုလာဘ်အစီအစဉ်တို့ကို ပြုလုပ်ဆောင်ရွက်မည်ဖြစ်သည်။

မိုဘိုင်းလ်ဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်သည့်အခါ သုံးစွဲသူများသည် Citizens ၏ Features တိုင်းကို အသုံးပြုခွင့်ရရှိသည်။ မှတ်ပုံတင်မိတ္တူ၊ Selfie ဓာတ်ပုံနှင့် လက်မှတ် (Signature) ဖြင့် အကောင့်အဆင့်မြှင့်ကာ မိမိ Citizens အကောင့်နှင့် ဘဏ်အကောင့်ချိတ်ဆက်မှုကို ပြုလုပ်နိုင်ပြီး၊ အသုံးပြုနိုင်မည့် ငွေပမာဏ တိုးမြှင့်နိုင်မည်ဖြစ်သည်။

Citizens မိုဘိုင်းလ်ပိုက်ဆံအိတ် အက်ပလီကေးရှင်းကို Google Play Store တွင် ဒေါင်းလုဒ်ဆွဲပြီး သင်၏ မိုဘိုင်းလ်ဖုန်းနံပါတ်ဖြင့် မှတ်ပုံတင်နိုင်မည်ဖြစ်ပြီး  https://play.google.com/store/apps/details?id=mm.com.citizens.consumer တွင် အသေး စိတ်လေ့လာနိုင်မည်ဖြစ်သည်။       

J-03