News

POST TYPE

LATEST NEWS POST

Consultative Service ပြုလုပ်နိုင်မည့်ပညာရှင်များ ဖိတ်ခေါ်
12-Aug-2020
ရန်ကုန်၊ သြဂုတ် ၁၂

စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီဌာနက Consultative Service ပြုလုပ်နိုင်မည့် အသိပညာ၊ အတတ်ပညာရှင်များ ဖိတ်ခေါ်ထားကြောင်း ယင်းဌာနထံမှသိရသည်။

စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနနှင့် World Bank တို့ပူးပေါင်း၍ အစပျိုး (Start Up) နှင့် MSME များ ဖွံဖြိုးတိုးတက်စေရေးအတွက် ပညာရှင်များက အကြံဉာဏ်ပေးခြင်းအစီအစဉ်ကို မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန၊ မန္တလေးမြို့တွင် ဖွင့်လှစ်မည့် Incubation Center တွင် ပြုလုပ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။

ယင်းအစီအစဉ်တွင် ထုတ်လုပ်မှုပိုင်းဆိုင်ရာများ၊ Packaging ပိုင်းဆိုင်ရာများ၊ Financial ပိုင်းဆိုင်ရာများ၊ Marketing ပိုင်းဆိုင်ရာများ၊ Management ပိုင်းဆိုင်ရာများအတွက် အကြံဉာဏ်များပေးအပ်မည်ဖြစ်ပြီး ယင်းကဏ္ဍများအတွက် အကြံဉာဏ်ပေးနိုင်မည့်ပညာရှင်များ လိုအပ်နေခြင်းဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။

Consultative Service ပေးနိုင်မည့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ပညာရှင်များအနေနှင့် ကိုယ်ရေးအချက်အလက်များကို [email protected] သို့ ပေးပို့နိုင်ပြီး SME ဌာန 02-4039573 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

S-07