News

POST TYPE

LATEST NEWS POST

ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်းကို အမေရိကန် ပိတ်ဆို့အရေးယူ
09-Aug-2020


ဟောင်ကောင်၊ သြဂုတ် ၈

အမေရိကန်ဘဏ္ဍာရေးဌာနက ဟောင်ကောင်အမှုဆောင် ကာရီလမ်း နှင့် အခြားဟောင်ကောင်နှင့် ပြည်မကြီး ထိပ်တန်း အရာရှိများကို စီးပွားရေးပိတ်ဆို့မှုများ ပြုလုပ်လိုက်ကြောင်း BBC သတင်းတွင် ဖော်ပြထားသည်။ 

ဟောင်ကောင်၏ လွတ်လပ်ခွင့်ကို လျော့ပါးအောင် ပြုလုပ်သူများကို ပစ်မှတ်ထားသည့် ပိတ်ဆို့အရေးယူမှုဟု အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စတီဗင်မနူချင်က ပြောကြားသည်။ 

“အမေရိကန်ပြည်ထောင်စုဟာ ဟောင်ကောင်ပြည်သူများနဲ့အတူ ရပ်တည်ပါတယ်” ဟု မစ္စတာမနူချင်က ဖြည့်စွက်ပြောကြားခဲ့သည်။ 

ဝေဖန်သူများက ဟောင်ကောင်၏ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်နေသည်ဟု ထောက်ပြထားသော အမျိုးသားလုံခြုံ ရေးဥပဒေကို ဟောင်ကောင်သို့ တရုတ်က ပြဋ္ဌာန်းလိုက်ပြီးနောက် အဆိုပါတုံ့ပြန် ချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ 

အမေရိကန်နှင့် တရုတ်၏ တင်းမာ မှုများက ဆက်လက်ဖြစ်ပွားနေဖွယ်ရှိ သည်။ ယခုသီတင်းပတ် အစောပိုင်းက ထရမ့်အစိုးရသည် ျွှနဃ့အေ နှင့် ွှငွှုသု ဆော့ဖ်ဝဲများ၏ အမေရိကန် နိုင်ငံဆိုင်ရာ ငွေအလွှဲအပြောင်းများကို ပိတ်ပင်ရန် လုပ်ဆောင်ခဲ့သည်။ 

ပိတ်ဆို့အရေးယူမှုအသစ်တွင် ဟောင်ကောင်ရဲမင်းကြီးနှင့် အခြားသော နိုင်ငံရေးဆိုင်ရာ ရာထူးဝင်များ ပါဝင် သည်။ 

မစ်စ်လမ်းသည် လွတ်လပ်ခြင်းနှင့် ဒီမိုကရေစီကို ဖိနှိပ်သော ဘေဂျင်း၏ မူဝါဒများကို အကောင်အထည်ဖော်ပေး နေသည်ဟု အမေရိကန်ဘဏ္ဍာရေးဌာန က ဟောင်ကောင်အုပ်ချုပ်ရေးမှူးကို စွပ်စွဲထားသည်။ 

၂၀၁၉ ခုနှစ်ကလည်း ပြည်မကြီးသို့ ဟောင်ကောင်က တရားခံလွှဲပြောင်းရေး သဘောတူညီချက်ကို ကာရီလမ်းက တွန်းအားပေးခဲ့ပြီး ဟောင်ကောင်တွင် အတိုက်အခံဆန္ဒပြပွဲများ ဆက်တိုက်ဖြစ် ခဲ့ကြောင်း အမေရိကန်အစိုးရ ဝန်ကြီးဌာန က ထုတ်ပြန်ထားသည်။ 

အမေရိကန်၏ ပိတ်ဆို့ခြင်းနှင့် ပတ် သက်၍ ဟောင်ကောင်အစိုးရက တုံ့ပြန် ချက်တွင် ဟောင်ကောင်ကို နယ်ရုပ်အဖြစ် သဘောထားကာ တရုတ်ပြည်တွင်းရေး ကို ဝင်စွက်ဖက်နေခြင်းဖြစ်ကြောင်း တုံ့ ပြန်ထားသည်။

ယခုပိတ်ပင်မှုကြောင့် အုပ်ချုပ်ရေး မှူး ကာရီလမ်းကို ထိခိုက်မှုမရှိဟု ပြော ခွင့်ရအရာရှိက ဆိုထားသည်။

F-02