News

POST TYPE

LATEST NEWS POST

တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ပြုလုပ်
06-Aug-2020

ရန်ကုန်၊ သြဂုတ် ၆

တရုတ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်နှင့် တရုတ်နိုင်ငံ၊ ရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်မှုဖလှယ်ရန်ရည်ရွယ်၍ ရင်းနှီးမြှုပ်နှံမှုနှင့် ပူးပေါင်းဆောင်ရွက်မှုဖိုရမ်ကို သြဂုတ်လ ၅ ရက်နေ့က ပြုလုပ်ခဲ့ကြောင်း ကုန်သည်စက်မှုအသင်းချုပ်ထံမှ သိရသည်။

ယင်းဖိုရမ်သည် အာဆီယံနိုင်ငံများအကြား စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် ဆန်းသစ်သည့်ဆောင်ရွက်မှုတစ်ခုဖြစ်ကြောင်း၊ ရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြားတွင် ကြီးမားသည့်ပူးပေါင်းဆောင်ရွက်မှု အလားအလာရှိပြီး ဖိုရမ်ကို ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းတစ်ခုအဖြစ် အသုံးချနိုင်မည်ဟု မျှော်လင့်ကြောင်း ရှန်စီပြည်နယ်၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး Mr.Wang Hongwei က ပြောကြားသည်။

ဖိုရမ်ကို ရှန်စီပြည်နယ်အစိုးရနှင့် China-ASEAN Business Council တို့က ပူးပေါင်းကျင်းပခဲ့ပြီး တရုတ်နှင့်အာဆီယံနိုင်ငံများအကြား Covid-19 ကြောင့် စီးပွားရေးထိခိုက်မှုများလျှော့ချရန်နှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုတွင် ပိုမိုအားကောင်းလာစေရန် ဆောင်ရွက်လျက်ရှိကြောင်း ယင်းဖိုရမ်မှသိရသည်။

အဆိုပါဖိုရမ်တွင် တရုတ်နိုင်ငံ၊ ရှန်စီပြည်နယ်နှင့် အာဆီယံနိုင်ငံများအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ကုန်သွယ်မှု၊ ခရီးသွားကဏ္ဍ၊ ပညာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ စိုက်ပျိုးရေး၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုး တိုးတက်စေရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

ဖိုရမ်ကို Video Conferencing စနစ်ဖြင့် ပြုလုပ်ခဲ့ပြီး တရုတ်နိုင်ငံ၊ ရှန်စီပြည်နယ်မှ တာဝန်ရှိသူများနှင့် ကုန်သည်စက်မှုအသင်းချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

S-07