News

POST TYPE

LATEST NEWS POST

ဒုဋ္ဌဝတီမြစ်ရေတိုက်စား၍ အင်းဝမြို့ဟောင်းတွင် ကမ်းပါးပြို
06-Aug-2020

မန္တလေး၊ သြဂုတ် ၆

ဒုဌဝတီမြစ်ရေမြင့်တိုက်စားမှုကြောင့် တံတားဦးမြို့နယ် အင်းဝမြို့ဟောင်းရှိ ဟံသာဝတီကျေးရွာတွင် ကမ်းပါးပြိုကျမှုများရှိခဲ့ကြောင်း ယင်းကျေးရွာ ဒေသခံများထံမှ သိရသည်။

“ရေတိုက်စားမှုကြောင့် ရှမ်းဈေးရပ်ကွက်မှာလည်း ပေ ၃၀ လောက်ထပ်ပြိုတယ်။ရေကာတာလည်း အနည်းငယ်ပြိုတယ်။ ထပ်မံရေတိုက်စားမှုက ကာကွယ်နိုင်ဖို့ကတော့ ပြိုသွားတဲ့ရေကာတာတွေကို ရေကျတာနဲ့အမြန်ပြန်လည်တည်ဆောက်စေပါတယ်”ဟု ဟံသာဝတီကျေးရွာဒေသခံ တစ်ဦးဖြစ်သည့် ဦးဟိန်းသန့်က ပြောကြားသည်။

ယခုပြိုကျသောနေရာသည် ကမ်းထိန်းရေကာတာကို ပြန်လည်ပြုပြင်တည်ဆောက်နေသောနေရာဖြစ်ပြီး လွန်ခဲ့သည့်တစ်လခန့်ကလည်း ရှေးဟောင်းဘုရားတစ်ဆူ မြေကျွံပြိုကျမှုဖြစ်ပေါ်ခဲ့ကြောင်း၊ မြစ်ရေတက်နေစဉ်ကာလတွင် ဆက်လက်ပြီး ရေတိုက်စားကမ်းပြိုမှုဖြစ်နိုင်သေးသည့် အတွက် ကမ်းပြိုမှုကိုကာကွယ်ထိန်းသိမ်းသင့်ကြောင်း ဒေသခံများကပြောဆိုသည်။

ဒုဋ္ဌဝတီမြစ်ကမ်းပါး ဆက်လက်တိုက်စားခံရပြီး ကမ်းပြိုပါက တိုက်သစ်ဘုန်းတော်ကြီးကျောင်းနှင့်ရပ်ကွက်အိမ်အချို့ ထိခိုက်လာနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီဖြစ်သည်။ 

S-02