News

POST TYPE

LATEST NEWS POST

တရုတ်စီးပွါးရေးက ခန့်မှန်းထားသည်ထက် ပိုမိုကောင်းမွန်စွာ ပြန်တက်လာခဲ့သည်ဟု ကမ်ဘာ့ဘဏ် ဆို
05-Aug-2020


ဘေဂျင်း၊ သြဂုတ် ၅

ဒုတိယလေးလပတ်ကာလတွင် တရုတ်၏ စီးပွားရေးသည် Covid-19 ကပ်ဘေးကာလအတွင်းပင် ခန့်မှန်းထားသည်ထက် ပိုတက်လာခဲ့ကြောင်း 
ကမ်ဘာ့ဘဏ်၏ တရုတ်နိုင်ငံဆိုင်ရာ အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

"ကျွန်တော်တို့ ကမ်ဘာလုံးဆိုင်ရာ စီးပွါးရေးအစီရင်ခံစာ ထုတ်ပြန်ခဲ့တဲ့ ဇြန္လက ခန့်မှန်းခဲ့တာထက် ပိုမိုမြင့်မားခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ ခန့်မှန်းချက်တွေကို ပြန်လည်ဖြည့်စွက်ခဲ့ပါတယ်" ဟု တရုတ်နိုင်ငံဆိုင်ရာ ကမ်ဘာ့ဘဏ်အရာရှိ မာတင်ရိုက်ဆာ က ပြောကြားသည်။

ပထမလေးလပတ်တွင် တရုတ်စီးပွါးရေးက ၆ ဒသမ ၈ ရာခိုင်နူန်း ကျုံ့ဝင်သွားခဲ့သော်လည်း ဒုတိယလေးလပတ်ကာလတွင် တရုတ်၏ စီးပွါးရေးသည် ၃ ဒသမ၂ ရာခိုင်နူန်း မြင့်တက်သွားခဲ့သည်ဟု အမျိုးသား စာရင်းဇယားဗြူရိုက ဖော်ပြထားသည်။

စက်ရုံများ၏ ထုတ်လုပ်မှုနူန်း မြှင့်တင်လာခြင်း ကြောင့် တန်ဘိုးထပ်ပေါင်း စက်မှုထွက်ကုန်သည် ဒုတိယလေးလပတ်အတွင်း ၄ဒသမ၄ ရာခိုင်နူန်းအထိ ပြန်တက်လာခဲ့သည် ဟု တရုတ်စာရင်းဇယားဗြူရိုက ဖော်ပြထားသည်။

ဘဏ္႑ာရေး အမြတ်ရရှိမှု၊ နိုင်ငံခြား ကုန်သွယ်ရေး၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စသည့် အချက်အလက်များက ဇွန်လတွင် ပြန်လည်နားလံထူခဲ့ကြောင်း ညွှန်းဆိုနေသည်။

ဘဏ္႑ာရေးနှင့် ရန်ပုံငွေဆိုင်ရာ ကပ်ဘေးတုန့်ပြန်မှုများတွင် ချထားခဲ့သော မူဝါဒ များကြောင့် တရုတ္က အကျိုးကျေးဇူးရရှိခဲ့ခြင်း ဖြစ်သည်။