News

POST TYPE

LATEST NEWS POST

ကုန်ပစ္စည်းပို့ဆောင်မှုအသိပေးစာတွင် အကောက်ခွန်အရာရှိလက်မှတ်ရေးထိုးသည့် လုပ်ငန်းစဉ်ရပ်ဆိုင်းမည်
04-Aug-2020


ရန်ကုန်၊ သြဂုတ် ၃

ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက် Release Order Notification နှင့် Allowed Shipment Notification များအပေါ်တွင် အကောက်ခွန်အရာရှိများက လက်မှတ်ရေးထိုးပေးရသည့် လုပ်ငန်းစဉ်ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ ရပ်ဆိုင်း မည်ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာနထံမှ သိရသည်။

အကောက်ခွန်ဦးစီးဌာနသည် MACCS စနစ်ကို ရန်ကုန်ဧရိယာအတွင်း ၂၀၁၆ ခုနှစ်မှစတင်၍ အသုံးပြုခဲ့ရာ Manual စနစ်မှ Automation စနစ်သို့ အသွင်ကူးပြောင်းစအချိန်တွင် ကုန်ပစ္စည်းတင်သွင်းတင်ပို့ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ အခက်အခဲမရှိစေရန်အတွက် MACCS စနစ်ကထုတ်ပေးခဲ့သည့် Electronic Release Order /Allowed Shipment များ၏ Print-out/Copy ပေါ်တွင် မူရင်းအထောက်အထားဖြစ်ကြောင်း အကောက်ခွန် အရာရှိများက လက်မှတ်ရေးထိုးခြင်းကို ဆောင် ရွက်ပေးခဲ့ခြင်းဖြစ်သည်။

ကုန်သွယ်မှုနှင့်ဆက်စပ်နေသည့် သက်ဆိုင်ရာဘဏ်များ အစိုးရဌာနများအနေနှင့်လည်း အကောက်ခွန်အရာရှိ လက်မှတ်ရေးထိုးထားသည့် Release Order နှင့် Allowed Shipment များကို မူရင်းအထောက်အထားများအဖြစ် မှတ်ယူစိစစ်၍ သက်ဆိုင်ရာဌာနတွင်းလုပ်ငန်းများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်နေကြကြောင်း ယင်းဌာနထံမှ သိရသည်။

အကောက်ခွန်ဦးစီးဌာနအနေနှင့် Manual နည်းလမ်းများမှ Electronic နည်းလမ်းသို့ ကူးပြောင်းဆောင်ရွက်နေချိန်တွင် Electronic နည်းလမ်းဖြင့်ထုတ်ပေးပြီးဖြစ်သည့် Release Order/Allowed Shipment များ၏ Print-out/Copy များအပေါ်တွင် အကောက် ခွန်အရာရှိများက လက်မှတ်များ၊ တံဆိပ်တုံးများ ပြန်လည်ရိုက်နှိပ်ဆောင်ရွက်ပေးရခြင်းသည် နိုင်ငံတကာကုန်သွယ်မှု  စံချိန်စံညွှန်းများနှင့် မကိုက်ညီခြင်းကြောင့် Ease of Doing Business ၏ Trading Across Border ကဏ္ဍတွင် မကြာခဏကန့်ကွက်မှုများ ပေါ်ပေါက်နေကြောင်း သိရသည်။

သို့ဖြစ်၍ ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးကို အထောက်အကူပြုစေရန်နှင့် Ease of Doing Business ၏ သုံးသပ်ချက်ပါ အားနည်းချက်များကို လျှော့ချနိုင်ရေးအတွက် Release Order Notification နှင့် Allowed Shipment Notification များတွင် အကောက်ခွန်အရာရှိများက လက်မှတ်ရေးထိုးပေးခြင်းအား ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ရပ်ဆိုင်းမည်ဖြစ်၍ မိမိတို့ သက်ဆိုင်ရာ ဆိပ်ကမ်းကုန်လှောင်ရုံ လုပ်ငန်းစဉ်များ အဟန့်အတားမဖြစ်စေရေးအတွက် လိုအပ်သည်များ ကြိုတင်ပြင်ဆင်ထားကြရန် အကောက်ခွန်ဦးစီးဌာနက အသိပေးကြေညာထားခြင်းဖြစ်သည်။

S-07